01/08/2026
Edit : ပန်းချီဆရာခေါ်တာပိတ်လိုက်ပါပြီ🙏
မနက်ဖြန်မှာပွဲကပုံတွေတင်ပါမယ်
၈/၂ ရက်နေ့မှာဂျပန်ပြည် ဟချိအိုးဂျီပွဲမှာပါဝင်ပါမယ်
မြန်မာလူငယ်ပန်းချီဆရာတွေရဲ့ပန်းချီတွေကိုပြသဖို့ရှိပါတယ်
စိတ်ဝင်စားရင်ဒီနေ့မြန်မာအချိန်ညနေ၆:၀၀မတိုင်မှီမေ့ဆေ့ချ်ပေို့ပေးပါ🙏
🔹ပန်းချီကို ပို့စကတ်ဆိုဒ် သို့ A4ဆိုဒ်ထုတ်ပြီး ပြသပါမယ်
🔹ပန်းချီဆရာရဲ့မိတ်ဆက်စာထားပါမယ် ※ဂျပန်လိုဘာသာပြန်ရေးပေးပါမယ်။ အင်စတာအကောင့်တို့လည်းတင်ပေးပါမယ်
🔹ထုတ်ချိန်အချိန်မရှိလို့ပို့စကတ်မရောင်းနိုင်ပေမယ့် ပန်းချီဝယ်ချင်သူရှိရင် ညှိပေးပါမယ် *ပြည်တွင်းကဆိုလမ်းကြောင်းမသိေပေမယ့် ဂျပန်မှာပရင့်ပြန်ထုတ်ပြီးရောင်းလို့အိုခေမယ်ဆိုလုပ်ပေးပါမယ်
🔹အခကြေးမယူပါ Gallery Anzuဆိုပြီးလူငယ်ပန်းချီဆရာတွေအတွက်တက်နိုင်တာလုပ်ပေးတာပါ
※ပန်းချီရောင်းရမယ်ဆိုရင်တော့စစ်ဘေးရှောင်အတွက် အနည်းငယ်အလှူငွေထည့်စေချင်ပါတယ်