25/02/2026
ကြည်ပြာရောင် ပန်းကလေးတစ်ပွင့်
တစ်ခါတုန်းက ကောင်းကင်က ကြွေကျလာတဲ့
ကြယ်လေးတစ်လုံးကနေ ပန်းလေးတစ်ပွင့်
ပွင့်လာခဲ့တယ်။
ပန်းကလေးက ကမ္ဘာမြေပေါ်က ပန်းတွေထက်
ပိုပြီးထူးခြားပြီးတော့ ရနံ့ဟာလည်း ပိုသင်းတယ်။
ပန်းကလေးရဲ့ ပွင့်ဖပ်လေးတွေက
ကောင်းကင်အရောင်လို ကြည်လင်တဲ့
အပြာရောင်လေး၊သူ့ရဲ့ဝတ်ဆံက အဖြူရောင်...။
ပန်းကလေးက လိပ်ပြာလေးကို မေးတယ်
"ဘာလို့ တခြားပန်းတွေနဲ့ အဆင်းရော အချင်းပါ
မတူညီရတာလဲ''
လိပ်ပြာလေးက ပြန်မေးတယ်။
"မင်းက မေတ္တာရနံတွေ ဖြန့်ဝေဖို့ ကောင်းကင်က
နေ ကြွေကျလာတဲ့ ပန်းကလေးတစ်ပွင့် ဖြစ်လို့ပါ'' တဲ့။
art gallery