06/10/2026
Bunny on the Moon : the Exhibition - concept statement
ပထမဦးစွာ Bunny on the Moon ပြပွဲဟာ ချစ်ခြင်းမေတ္တာကိုအခြေခံတဲ့ပြပွဲဖြစ်တယ်လို့ပြောပါရစေ။ ငွေကြေးတွေ အောင်မြင်ကျော်ကြားမှုတွေဘာတခုမှ ရယူလိုခြင်းမရှိပဲ bunny ရဲ့ပရိတ်သတ်တွေနဲ့ အနုပညာခံစားသူဧည့်သည်များအပေါ်တန်ဖိုးထားချစ်ခင်ရခြင်းကြောင့် တင်ဆက်ပြသတဲ့ပွဲဖြစ်ပါတယ်။
ဒီပြပွဲမှာ Bunny on the Moon concert ရဲ့ LED board ပေါ်မှာပြသခဲ့တဲ့ ပန်းချီကားတွေကိုမူရင်းပြသတာဖြစ်ပါတယ်။ ပြပွဲပြသတဲ့အခါ ချိတ်ဆွဲတာထက်ပိုတဲ့ တင်ဆက်မှုကိုဖန်တီးချင်ခဲ့ပါတယ်။ Bunny ရဲ့ show ကိုinspired ယူပြီး လကမ္ဘာကိုဖန်တီးခဲ့ပါတယ်။ လကမ္ဘာကိုဖန်တီးတဲ့အခါ မျက်နှာကျက်ကနေ ဆိုင်းယူရတာဖြစ်ပြီး အလေးချိန်နဲ့အရွယ်အစားအတွက် အများကြီးစဉ်းစားခဲ့ရတယ်။ စက္ကူနဲ့သီးသန့်ဖန်တီးခဲ့ပါတယ်။
ဆရာကြီးဦးဝင်းဖေရဲ့ပန်းချီကားကို အဓိကယူထားပြီး လကမ္ဘာရဲ့အရိပ်ဟာ ဆရာကြီးရဲ့ပန်းချီကားအောက်မယ် ကွက်တိကျနိုင်ဖို့ ကြိုးစားတွက်ချက်ခဲ့ရပါတယ်။ Bunny on the Moon ဆိုတဲ့အဓိကconceptက ဆရာကြီးဦးဝင်းဖေရဲ့ပန်းချီကားရဲ့အောက်က လကမ္ဘာရဲ့အရိပ်ဖြစ်ပါတယ်။ လကမ္ဘာပေါ်က ယုန်ကလေးဆိုတာမြင်တွေရမှာပါ။
နောက်အင်္ကျီတွေလေပေါ်ပျံတဲ့ကိစ္စပါ။ ထင်တာမြင်တာမြင်တာထက်ပိုခက်တဲ့ကိစ္စပါပဲ။ bunnyရဲ့ အင်္ကျီတွေဖြစ်လို့ မပျက်စီးအောင်လုပ်ရသလို ခန္ဓာကိုယ်တခုလိုဖောင်းနေအောင်အတွက်လည်းဖန်တီးခဲ့ရပါတယ်။ လေပေါ်ပျံနေတဲ့အင်္ကျီတွေချိတ်တဲ့သံပန်းဒီဇိုင်းဟာ galaxy way ကို ဒီဇိုင်းယူထားတာဖြစ်ပါတယ်။
နောက်တခုက ဒီပြပွဲဟာဝင်ကြေးအခမဲ့ဖြစ်ပြီး Bunny Phyoe Presents အဖြစ်တင်ဆက်ပြသခဲ့တာဖြစ်ပါတယ်။ သူသီချင်းဆိုတဲ့ မိုက်ကိုပါ ထည့်သွင်းပြသထားပါတယ်။ သူ့ရဲ့ပရိတ်သတ်များအပေါ်ထားရှိတဲ့ချစ်ခြင်းကိုသေချာထည့်သွင်းထားပြသထားပါတယ်။ ကျနော်တို့ရဲ့ ပြသလိုသောအနုပညာများနဲ့ချစ်ခြင်းမေတ္တာကို ဖမ်းယူခံစားကြဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။
*လကမ္ဘာဒီဇိုင်းဟာ Artistကေလာဖန်တီးပေးပြီး၊ အင်္ကျီများလေပေါ်ပျံတဲ့ဒီဇိုင်းဟာ Artistမင်းခန့်ဖန်တီးပေးတာဖြစ်ပါတယ်။
Bunny on the MOON : the Exhibition
4~10. Oct . 2026
ပရိတ္တဝါအနုပညာပြခန်း
33, 69 x 70, Mandalay
09963620517
095128549
#ပရိတ္တဝါဂယ်လာရီ