11/10/2026
Artist Nyi Pu ရဲ့ “26 Frames” လို့ အမည်ရတဲ့ ပထမဆုံးတကိုယ်တော်ပြပွဲလေးရဲ့ ပထမဆုံးနေ့ အမှတ်တရ ပုံရိပ်များဖြစ်ပါတယ်ရှင်။
"26 Frames” ဟာ ကြည့်ရှုသူကို အဓိပ္ပာယ်တစ်ခုတည်းနဲ့ အဖြေပေးဖို့ ကြိုးစားတဲ့ ပြပွဲတစ်ခု မဟုတ်ဘဲ အရောင်နဲ့ လိုင်းတို့ရဲ့ အသံ၊ ရပ်တန့်မှုနဲ့ လှုပ်ရှားမှု၊ ပေါ်လာခြင်းနဲ့ ပျောက်ကွယ်ခြင်းတို့ကြားမှာ မိမိရဲ့ ကိုယ်ပိုင်အတွေ့အကြုံ၊ ခံစားမှုတို့နဲ့အတူ လက်ရာတွေကို လွတ်လပ်စွာ ခံစားကြည့်ရှုနိုင်ဖို့ ဖန်တီးတင်ဆက်ထားတာဖြစ်ပါတယ်။
"26 Frames" ကို အောက်တိုဘာ (၁၁) ရက်နေ့ကနေ (၁၃) ရက်နေ့အထိ တင်ဆက်ပြသသွားမှာဖြစ်လို့ Artist Nyi Pu ရဲ့ အနုပညာကို ကိုယ့်အမြင်၊ ကိုယ့်ခံစားမှုနဲ့အတူ လွတ်လပ်စွာ ခံစားကြည့်ရှုနိုင်ဖို့ “26 Frames” ပြပွဲလေးဆီ လာရောက်လေ့လာကြည့်ရှုဖို့ အနုပညာချစ်သူ မိတ်ဆွေများကို ချစ်ခင်ရင်းနှီးစွာဖိတ်ခေါ်လိုက်ပါတယ်ရှင်။
📍🗓 11 ~ 13 October 2026
🕘 10:00 AM ~ 5:00 PM
📍Venue: Attributive Gallery – A Contemporary Art Space
[အမှတ် ၇ / ၈ ၊ SKCC အဆောက်အဦ၊ ၅ လွှာ၊ မြန်မာသီရိလင်္ကာရာမကျောင်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်]
#နာမဝိသေသနပြခန်း #အခရိုင်းလစ် #တစ်ကိုယ်တော်ပြပွဲ