ALNI handmade

ALNI handmade 🍂 Unique Design Handmade 🍂 ကိုယ်ပိုင်ဒီဇိုင်းလေးတွေနဲ့ဖန်တီးမှုအသစ်လေးတွေ ခံစားကြည့်ရအောင်ပါ
(1)

26/05/2026

USကိုရောက်ရှိ🤎မမနဲ့သိတာ ၄နှစ်ကျော်ကြာခဲ့ပြီပထမဆုံးသူငယ်ချင်းအသိတွေထဲကမဟုတ်တဲ့ customerလို့ပြောလို့ရတယ်သူမ ကိုင်နေကျဂျပန်...
26/05/2026

USကိုရောက်ရှိ🤎
မမနဲ့သိတာ ၄နှစ်ကျော်ကြာခဲ့ပြီ
ပထမဆုံးသူငယ်ချင်းအသိတွေထဲကမဟုတ်တဲ့ customerလို့ပြောလို့ရတယ်
သူမ ကိုင်နေကျဂျပန်ဆရာမကြီးတွေရဲ့အိတ်တွေထုတ်ပြပြီးလာအပ်တာမို့ ဖိအားတွေတအားများပြီးလက်ခံခဲ့ရတာလေး
ချုပ်ပေးခဲ့တဲ့အိတ်တွေလည်းမနည်းတော့ပါဘူး
အခုတော့ဂျပန်ဆရာမကြီးအိတ်တွေထက်ညီမလေးအိတ်ကလေးတွေကိုမှချစ်သွားတဲ့မမပါ
(ဟန်းမိတ်ဆိုတာက ဖန်တီးသူနဲ့ လက်ခံသူနှလုံးသား၂ခုတိုက်ဆိုင်မှ တန်ဖိုးတခုထွက်လာတာပါ! တော်ခြင်းမတော်ခြင်းတွေ ဈေးကြီးတာနည်းတာတွေနဲ့သတ်မှတ်တာမဟုတ်ပါဘူး
တန်ဖိုးထားခံရရင် ပျော်ရတဲ့ ချစ်ခြင်းမေတ္တာတမျိုးပါပဲ)

25/05/2026
25/05/2026

AI ရေးပေးတဲ့ ALNI ရဲ့profileလေး😘

🤎Founder Profile: အယ်နီ (ALNI)
🤎အမည်: မအိအိဆွေ (အယ်နီ)
🤎အသက်မွေးဝမ်းကျောင်း:
Engineerဘဝဖြင့် ၁၅နှစ်ကျော်ရှင်သန်ခဲ့ပြီး
2021ခုနှစ်မှစလို့ Quilt Artist | Designer | Founder of ALNI handmade
🤎ဖန်တီးမှု၏ အနှစ်သာရ
"ALNI handmade" သည် ရိုးရိုးလက်မှုလုပ်ငန်းတစ်ခုထက်ပိုပြီး၊ အထည်စများကို အသက်သွင်းကာ ပုံပြင်များ ပြောပြတတ်သည့် "Storytelling Art" တစ်ခုဖြစ်သည်။ Founder အယ်နီသည် သူမ၏ဖန်တီးမှုများကို "Art Therapy" အဖြစ် ခံယူထားပြီး၊ အပ်ချုပ်ခြင်း၏ တိတ်ဆိတ်ငြိမ်းချမ်းမှုမှတစ်ဆင့် စိတ်ကူးသစ်များကို ဖန်တီးလေ့ရှိသည်။
ဘာကြောင့် အယ်နီနဲ့ ALNI handmade က ထူးခြားရသလဲ
🤎Customized Storytelling: အမှာရှင်တို့၏ ဘဝပုံရိပ်၊ ခံစားချက် သို့မဟုတ် ကိုယ်ပိုင်ပုံပြင်လေးများကို အိတ်ဒီဇိုင်းတစ်ခုချင်းစီတွင် ထည့်သွင်း ဖန်တီးပေးသည်။ ရိုးရှင်းသော အိတ်တစ်လုံးထက်၊ ပိုင်ရှင်၏ အမှတ်တရများကို ထိန်းသိမ်းပေးထားသည့် အနုပညာလက်ရာတစ်ခု ဖြစ်လာစေသည်။
🤎Unique Commitment: လေးနှစ်ကျော်ကာလအတွင်း လက်ရာမြောက်သည့် မှာယူမှုအော်ဒါပေါင်း ၄၀၀ နီးပါးကို အောင်မြင်စွာ ဖန်တီးပေးနိုင်ခဲ့သည်။
🤎ဤကဲ့သို့ ကိုယ်ပိုင် 𝙎𝒕𝙤𝒓𝙮 များဖြင့် ပေါင်းစပ်ထားသော ဒီဇိုင်းများကို တိကျသေချာစွာ၊ တစ်မူထူးခြားစွာ ဖန်တီးနိုင်သူမှာ ကမ္ဘာပေါ်တွင် သူမတစ်ယောက်တည်းသာ ရှိသည်။
🤎Professional Techniques: ဂျပန်နိုင်ငံထုတ် အဆင့်မြင့် Yarn-dyed အထည်များ၊ Patchwork နှင့် Appliqué နည်းပညာများကို အသုံးပြု၍ ခေတ်ဆန်ပြီး အရည်အသွေးမြင့်မားသော အိတ်များကို ဖန်တီးထားသည်။
🤎ရည်မှန်းချက်
မိမိ၏ အနုပညာနှင့် လက်မှုလုပ်ငန်းဖြစ်သည့် ALNI handmade ကို ကမ္ဘာ့အဆင့်မီ လက်မှုအမှတ်တံဆိပ်တစ်ခုဖြစ်လာစေရန် ရည်မှန်းထားပြီး၊ ယခုအခါတွင် ကျွမ်းကျင်သော အဖွဲ့သားများဖြင့် နိုင်ငံတကာဈေးကွက်သို့ တိုးချဲ့ဝင်ရောက်ရန် ခြေလှမ်းသစ်များ စတင်နေပြီဖြစ်သည်။

🤎Now and Everကားလေးထဲက Unitl I dieကိုအပြန်အလှန်ငြင်းနေကြတုန်းကromanceဆန်တယ်လဲမခံစားခဲ့ရပေမဲ့ချစ်ရသူတယောက်ဆုံရှုံးရတဲ့အခါ...
24/05/2026

🤎Now and Everကားလေးထဲက Unitl I dieကိုအပြန်အလှန်ငြင်းနေကြတုန်းကromanceဆန်တယ်လဲမခံစားခဲ့ရပေမဲ့
ချစ်ရသူတယောက်ဆုံရှုံးရတဲ့အခါမှသာ
Unitil I dieလားUntil you dieလားဆိုတာကိုယ်တိုင်ရွေးချယ်မိတော့တယ်။

ချစ်ရသူမရှိတော့တဲ့ကမ္ဘာမြေကြီးဟာ ကိုယ်နဲ့မသက်ဆိုင်သောနေရာတခုလိုပါပဲ။
အသက်ရှင်လျက်ကျန်ရစ်ခဲ့ရပေမဲ့ စိတ်အသေတွေနဲ့ဖြတ်သန်းနေရတဲ့နေ့ရက်တွေပါပဲ။မုန့်ညှင်းစေ့အိမ်တိုင်းမှာလိုက်ရှာခဲ့တဲ့ ဇတ်တော်ကိုလည်း ပုံပြင်တခုထက်မက နာကြင်တတ်သွားပါပြီ။ပစ္စုပ္ပန်တည့်တည့်နေနေပေမဲ့လို့ နောက်ဘဝဆိုတာဘယ်လိုနေရာလဲဆိုတဲ့စိတ်တခုနဲ့ အနာဂတ်ကိုဖြတ်သန်းနေမိပါတယ်။

သေချာတာကတော့ ဘယ်ဘဝမှာပဲဖြစ်ဖြစ်ချစ်ရတဲ့သူထက် ကိုယ်ဘယ်တော့မှအရင်မသေချင်တော့တာပါပဲ။ကျန်ရစ်ခြင်းခံခဲ့ရတဲ့နာကြင်ကြွေးတွေလဲ သံသရာရှည်သရွေ့ကိုယ်ကပဲခံစားကျန်ရစ်ချင်ပါတယ် ။ I want to be with you until your last breathပါ ဘဝအဆက်ဆက်Until you dieပါပဲ
(၉လကျော်ဆိုတဲ့အချိန်ကာလကအရာရာဖြတ်သန်းနေနိုင်ပြီထင်ကြသလိုမျိုးဖြစ်ခဲ့ရင်တော့အရမ်းကောင်းတာပေါ့နော)

🤎Interview မေးခွန်း တခုမှာမေးခဲ့တဲ့မေးခွန်းလေး- အင်ဂျင်နီယာအလုပ်နဲ့ Handmade အလုပ်က ရတဲ့ဝင်ငွေ ဘယ်လောက်ကွာခြားသလဲ?ဝင်ငွေ...
23/05/2026

🤎Interview မေးခွန်း တခုမှာမေးခဲ့တဲ့မေးခွန်းလေး- အင်ဂျင်နီယာအလုပ်နဲ့ Handmade အလုပ်က ရတဲ့ဝင်ငွေ ဘယ်လောက်ကွာခြားသလဲ?
ဝင်ငွေကတော့ ကိုယ်ပိုင်လုပ်ငန်းတခုမို့ ကိုယ်ကြိုးစားနိုင်သလောက်အထိတော့ ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ ဝင်ငွေထက်ပိုပြီး ကွာခြားသွားတာကတော့ ဝါသနာပါတဲ့ Creative အလုပ်တွေကို လုပ်ရတဲ့ ပျော်ရွှင်မှုပါပဲ။ အဲဒီပျော်ရွှင်မှုကတော့ အဆပေါင်းသောင်းချီမက ကွာခြားပါတယ် ✨🎨။
🤎Monday တွေ၊ Deadline တွေ၊ Pressure တွေ... ဒီစကားလုံးတွေကို ကိုယ်ဘယ်တော့မှ ပြန်မကြားရတော့တာကလည်း အသက် ၄၀ ကျော်လာတဲ့အချိန်မှာ ကိုယ်တကယ်လိုချင်တဲ့ ဘဝတခုကို ရှာတွေ့လိုက်ရသလိုပဲမို့ အရမ်းကျေနပ်မိပါတယ်။ 😊🕊️
👷‍♀️ အင်ဂျင်နီယာဘဝကိုလည်း ချစ်သလို၊
🪡 Handmade Artist ဘဝကိုလည်း ချစ်ပါတယ်။
🪡 Handmade Artist ဘဝကတော့ အလုပ်နဲ့ ဝါသနာ တထပ်တည်းကျပြီး ဘဝနဲ့ထပ်တူ ခံစားသက်ဝင်ရတဲ့ အလုပ်လေးမို့...
ဘဝနေဝင်ချိန်လေးရဲ့ အကောင်းဆုံးအဖော်မွန်လေး ပါပဲ။ 🧵💖🌸

ဒီနေ့အတွက်ကdesignဆွဲစရာမလိုတော့ဘူး😄ALNI handmadeရဲ့အသက်အငယ်ဆုံး customerလေးကကိုယ်တိုင်ပုံဆွဲပြီးအပ်ထားတာ😘Sizeရော designရ...
23/05/2026

ဒီနေ့အတွက်ကdesignဆွဲစရာမလိုတော့ဘူး😄
ALNI handmadeရဲ့အသက်အငယ်ဆုံး customerလေးကကိုယ်တိုင်ပုံဆွဲပြီးအပ်ထားတာ😘
Sizeရော designရောdetailပြောအပ်ထားလို့ ပိုဂရုစိုက်ချုပ်ရမဲ့အိတ်ကလေး
၉နှစ်သမီးလေးရဲ့cb bag setလေးစချုပ်ပါပြီလို့😘😘😘

Order no.385/386ပထမဆုံးorder၃လုံးလက်ထဲရတာနဲ့ ထပ်ပြီးorderတင်လိုက်တဲ့ မမတယောက်ရဲ့အိတ်ကလေးတွေAccountant မမ ရေမွှေးcrazyမမအ...
23/05/2026

Order no.385/386

ပထမဆုံးorder၃လုံးလက်ထဲရတာနဲ့ ထပ်ပြီးorderတင်လိုက်တဲ့ မမတယောက်ရဲ့အိတ်ကလေးတွေ

Accountant မမ ရေမွှေးcrazyမမအတွက် အိတ်ကလေးတွေ
long wallet
💸 295,000mmk
💼 12x20cm

Pounch bag
💸 240,000mmk
💼 14x12x5cm

🤎orderမှာယူလိုပါက စရံတဝက်ကြိုလွှဲရပါမယ်ရှင်
⏰orderအစဉ်အတိုင်းပေါ်မူတည်ပြီး စရံငွေလွှဲချိန်မှစ၍၁လမှ၃လအထိ စောင့်ဆိုင်းရပါမယ်နော်

🤎ALNI handmadeလေးတွေကို japan yarn dyne (ဂျပန်ယက်ကန်းပိတ်I) တွေႆအသုံးပြုပြီး
Patchwork (ပိတ်ဆက်နည်း)
Appliquate (ပိတ်ကပ်နည်း)
quilting ( ပိတ်ဖောင်းကြွစေသောနည်း) စသောနည်းပညာများဖြင့်ပေါင်းစပ်ဖန်တီးထားပါတယ်။
🤎ALNI handmade ရဲ့ signatureတခုက အိတ်ပိုင်ရှင်လေးတွေရဲ့စိတ်ကူး အိပ်မက် တစ်ခုစီတိုင်းအတွက် Unique designတစ်မျိုးစီ သီးသန့်ချုပ်လုပ်ပေးခြင်းရယ်ပါ။
🤎၉၀%လက်ချုပ်ချုပ်ရတဲ့အိတ်ကလေးတွေမို့ ချုပ်လုပ်သူရဲ့ နွေးထွေးမှုကို၁၀၀%ရရှိမှာပါနော်။
🤎လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်
ကိုယ်တိုင်အသုံးပြုဖို့ပဲဖြစ်ဖြစ်
ALNI handmadeရဲ့ Unique designလေးတွေနဲ့ တသီးတသန့်ဆန်ကြည့်လိုက်ပါ။
ALNI handmade လေးတွေကို ခံစားစီးမျောကြည့်တဲ့အခါ နူးညံ့မှု၊ ချစ်ခြင်းတရား၊ မတူကွဲပြားမှုတစ်ခုခု တွေ့ရှိမယ်လို့ သေချာပေါက်အာမခံပါတယ်

🎀 𝑀𝒶𝒹𝑒 𝓌𝒾𝓉𝒽 𝓁🍬𝓋𝑒 🎀

အယ်နီ

အခုနောက်ပိုင်းမှာ ဒီလို Handmade လေးတွေ ဖန်တီးသူတွေ များလာတာကို တွေ့ရတာ စိတ်အကြည်ဓာတ်တစ်မျိုး တိုးလာတယ်။ ✨ အရင်က ကိုယ်ချ...
22/05/2026

အခုနောက်ပိုင်းမှာ ဒီလို Handmade လေးတွေ ဖန်တီးသူတွေ များလာတာကို တွေ့ရတာ စိတ်အကြည်ဓာတ်တစ်မျိုး တိုးလာတယ်။ ✨ အရင်က ကိုယ်ချုပ်တဲ့ အိတ်ကလေးတွေကိုပဲ သူများတွေ စောင့်ကြည့်နေတာ ခံရတာကို ပီတိဖြစ်ရသလို၊ သူများချုပ်ထားတဲ့ အိတ်ကလေးတွေကို ကြည့်ရတာကလည်း
စိတ်အကြည်ဓာတ်တွေ ကူးစက်ရပါတယ်! 😍

မအယ်နီအနေနဲ့ အိတ်တွေချုပ်နေရတဲ့ ခံစားရတဲ့ အဆင့် (၅) ဆင့်ရှိတယ် -
① ဖန်တီးလိုက်တဲ့ အနုပညာတစ်ခုအပေါ် ပျော်ရွှင်မှုကို ခံစားရမယ် 🎨
② အဲ့ဒီပျော်ရွှင်မှုက စိတ်ဖိစီးမှုတွေကနေ တစ်ဒင်္ဂ လွတ်မြောက်သွားစေတယ် 🧘‍♀️
③ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်လက်ရာတစ်ခုအတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုတိုးလာတယ် 💪
④ ဖန်တီးပေးမှုကို အသိအမှတ်ပြုခံရတဲ့အခါ ကျေနပ်လက်ခံပေးတဲ့အပေါ်မှာ ကြည်နူးမှုတစ်ခုကို ပိုင်ဆိုင်ရတယ် 🥰
⑤ ကိုယ်ပိုင်အလုပ်လေးမို့ အထီးကျန်စိတ်ဖြစ်တတ်တဲ့ Emotion ကို ဖန်တီးလိုက်တဲ့ လက်ရာလေးတွေက နွေးထွေးတဲ့ ခံစားချက်အဖြစ် ပြောင်းလဲပေးတယ် 🧵💖

Handmade လေးတွေ ဖန်တီးနေတဲ့ ညီမတွေ၊ အစ်မတွေရော၊ အန်တီတွေရော... အိတ်ချုပ်နေရတဲ့ ခံစားချက်တွေကို ပြောပြခဲ့ပါဦးနော်
👇
အိတ်တွေ ကြိုးစားချုပ်နေကြတဲ့ ညီအစ်မတွေ၊ အန်တီတွေကို တကယ်ကျေးဇူးတင်ပါတယ်။ အိတ်ဖန်တီးတာကပဲ ပျော်ရွှင်စရာမဟုတ်ဘူး၊ ဖန်တီးထားတဲ့ အိတ်ကလေးတွေကို ငေးမောခွင့်ရတာကလည်း ပျော်ရွှင်စရာဆိုတာ သိခွင့်ရလာခဲ့လို့။ 😘✨

👼Story of ALNIသားသား ၄နှစ်အကျော်မှာAutism Mildဆိုတာကို စပြီးသိလာခဲ့ချိန် ALNI ကpageမစခင်မှာပဲ orderတွေတန်းစီ ရခဲ့ပါတယ်။အ...
22/05/2026

👼Story of ALNI

သားသား ၄နှစ်အကျော်မှာAutism Mildဆိုတာကို စပြီးသိလာခဲ့ချိန်
ALNI ကpageမစခင်မှာပဲ orderတွေတန်းစီ ရခဲ့ပါတယ်။
အစပိုင်းမှာတော့ခင်မင်ရသူတွေအပ်တဲ့orderတွေမို့ အချိန်တခုကျရင် ဒါလေးကရပ်သွားမှာလို့ တွေးခဲ့ပါတယ်။
ဒါပေမဲ့ Pageလေးလုပ်တော့လည်းလူပိုသိလေ orderများလေလေပါပဲ ။
တနှစ်ကျော်လောက်အထိ ဒါလေးတွေရိုးသွားတဲ့အခါ လူတွေလဲသွေးအေးပြီး ဟန်းမိတ်ကလေးတွေ ကorderရပ်သွားမှာပဲလို့တွေးနေဆဲပါပဲ။အလုပ်တွေသာလုပ်နေရတယ်သားအတွက်လုပ်လက်စအရာအားလုံးရပ်ဆိုင်းပစ်ရမလား တွေးမိပေမဲ့ အဲ့အချိန်ကာလတခုမှာ သားအတွက် ဘယ်ကနေစလို့ဘာလုပ်ရမလဲနားမလည်စွာနဲ့ ဒီဟန်းမိတ်တွေကိုပဲ တစိုက်မတ်မတ်လုပ်ဖြစ်ခဲ့တာပါ။ အဲ့ဒိအတွက် ကိုယ့်ကိုကိုယ်အပစ်ရှိသလို တော့တခါတရံခံစားမိပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့၄နှစ်ကျော်မှာ သားကိုလက်ခံဖို့အင်အားတွေက ALNI ကပေးတဲ့ခွန်အားတွေကြောင့်လို့ထင်ပါတယ်။ Special needsကလေးလေးမေမေတယောက်အနေနဲ့ ကိုယ်တိုင်ပျော်ရွှင်မှုကိုအရင်ရှာခဲ့တာလဲ မမှားခဲ့ပါဘူး။ ကိုယ်တိုင်သန်မာပြီးပျော်ရွှင်မှသာ ကလေးနဲ့အတူဖြတ်သန်းရမဲ့နေ့ရက်တွေကို ယုံကြည်မှုရှိရှိရှေ့ဆက်နိုင်မှာမို့လေ။ ကျန်ခဲ့တဲ့တချို့ နေ့ရက်တွေက အဓိပ္ပာယ်မရှိ အမှောင်အတိကျနေပေမဲ့ အခုအချိန်ပြန်လှည့်ကြည့်မိတော့လည်း ပျော်ရွှင်မှုရဲ့အရင်းအနှီးတွေလို့ခံစားရပါတယ်။

Address

U Ba Han Street
Thingangyun

Telephone

+959420713715

Website

Alerts

Be the first to know and let us send you an email when ALNI handmade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to ALNI handmade:

Share