Gallery Ohmar

Gallery Ohmar No (20), Damayone Street, Hlaing Township, Yangon. Close dates: Every Monday and Tuesday

ပြပွဲအသစ်ကိုစောင့်မျှော်နေကြသူတွေအတွက် Gallery Ohmar မှာ ပြုလုပ်မယ့် 📸Traveling Exhibition "Tokyo Before/After" ဂျပန်ဓာတ...
10/05/2026

ပြပွဲအသစ်ကိုစောင့်မျှော်နေကြသူတွေအတွက် Gallery Ohmar မှာ ပြုလုပ်မယ့်
📸Traveling Exhibition "Tokyo Before/After" ဂျပန်ဓာတ်ပုံပြပွဲမှ ဖိတ်ခေါ်ပါတယ်🗼

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)ရဲ့ စီစဉ်မှုနဲ့ ဂျပန်ဓာတ်ပုံအနုပညာပြပွဲ "Tokyo Before/After" ကို ရန်ကုန်မြို့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

ဒီပြပွဲကို ၂၀၂၀ တိုကျိုအိုလံပစ်ကာလအတွင်း ဖန်တီးခဲ့တာဖြစ်ပြီး ၁၉၃၀ နဲ့ ၁၉၄၀ ခုနှစ်တွေမှာ ရိုက်ကူးထားခဲ့တဲ့ တိုကျိုမြို့က ပုံရိပ်တွေကို ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ထပ်မံရိုက်ကူးထားတဲ့ ပုံတွေနဲ့ ရောနှော နေရာချထားပါတယ်။

တိုကျိုမြို့တော်ဟာ ကွဲပြားတဲ့ မျက်နှာများစွာနဲ့ မြို့ပြကြီးတစ်ခု ဖြစ်တယ်ဆိုတာကို ဂျပန်ဓာတ်ပုံဆရာများက သူတို့ရဲ့ စိတ်ကူးစိတ်သန်းများမှတဆင့် ဖော်ပြထားကြတာကို ဒီပြပွဲကနေ မြင်တွေ့ခံစားရမယ်လို့ မျှော်လင့်ပါတယ်။

ဒီပြပွဲကို အများပြည်သူကြည့်ရှုနိုင်ဖို့ မေလ ၁၇ ရက် (တနင်္ဂနွေနေ့) မှ စတင်ကာ မေလ ၃၀ (တနင်္ဂနွေနေ့) ရက်နေ့ထိ ဖွင့်လှစ်ပြသသွားမှာပါ။

ပြပွဲကို လာရောက်ကြည့်ရှုလိုတဲ့ ဂျပန်စာသင်ကျောင်းများနှင့် အခြားအဖွဲ့အစည်းများအနေနဲ့ အခမဲ့ ကြည့်ရှုနိုင်ရန် JFYGကို ကြိုတင်မေးမြန်းစုံစမ်းနိုင်ပါတယ်။ လာ‌ရောက်ကြည့်ရှုရန်အတွက် ကြိုတင်စာရင်းပေးစရာ မလိုပါ။

Tokyo Before/After
ပြပွဲဖွင့်ရက် - ၂၀၂၆ခုနှစ် မေလ ၁၇ မှ ၃၀ ထိ (အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့များပိတ်သည်)
ဖွင့်ချိန် - မနက် ၁၀ နာရီမှ ၅ နာရီထိ
ပြပွဲဝင်ကြေး - ၅,၀၀၀ ကျပ်
စီစဉ်သူ - ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ။
ပူးတွဲစီစဉ်သူနှင့် ပွဲကျင်းပသည့်နေရာ - Gallery Ohmar ၊ အမှတ် (၂၀)၊ ဓမ္မာရုံလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။
ဆက်သွယ်ရန် - Arts and Culture team, The Japan Foundation, Yangon
📞 09 893787506, 01 430920, 01 430921
[email protected]

★☆★☆★☆★☆★☆★☆★

📸 Announcement of Traveling Exhibition in Yangon “Tokyo Before/After” – Japanese Photo Exhibition🗼

The Japan Foundation, Yangon (JFYG) is pleased to present “Tokyo Before/After”, a photography exhibition in Yangon.
This exhibition, created on the occasion of the 2020 Tokyo Olympic Games, features a selection of approximately 80 works, in which works by photographers who had captured images of Tokyo in the 1930s-1940s are presented in juxtaposition with those taken after 2010.
We hope that the works of the Japanese photographers in this exhibition, through their specific imagery, will serve to encourage a deeper understanding of Tokyo as a vast city of many different faces.
The exhibition will be held at Gallery Ohmar from May 17 to 30 (closed on Mondays and Tuesdays). We will share another announcement soon for the opening event, so please stay tuned!
Japanese language schools and organizations wishing to visit this exhibition organized by The Japan Foundation, Yangon in collaboration with Gallery Ohmar are kindly requested to contact The Japan Foundation, Yangon in advance to arrange a complimentary group visit. No pre-registration form is required.

Exhibition Details
Title: Tokyo Before/After
Duration: May 17–30, 2026 (Closed Mondays & Tuesdays)
Opening Time: 10:00 AM to 05:00 PM
Entrance fee: 5000 kyats
Venue: Gallery Ohmar (No. 20, Dhammar Yone Street, Hlaing Township, Yangon)
Organizer: The Japan Foundation, Yangon (JFYG)
Co-organizer: Gallery Ohmar

Contact: Arts and Culture team, The Japan Foundation, Yangon
📞 09 893787506, 01 430920, 01 430921
[email protected]

★☆★☆★☆★☆★☆★☆★

📸海外巡回展「東京ビフォー/アフター」 ヤンゴンでの開催のお知らせ🗼

国際交流基金ヤンゴン日本文化センター(JFYG)では、海外巡回展「東京ビフォー/アフター」を5月17日(日)~5月30日(土)にヤンゴンにあるGallery Ohmarと共催で開催することになりました。
東京オリンピック2020を契機に制作された本展では約80点の作品を取り上げ、1930〜40年代の東京を撮影した写真家たちの作品を、2010年代以降のそれと対比する形で展示します。二つの時代の日本の写真家たちの作品を通じて、多面的な顔を持つ巨大都市・東京の姿を、その具体的なイメージを通して深く理解してもらうことができれば幸いです。
日本語学校やその他の団体については事前に当センターに事前にご連絡いただければ無料でご招待可能です。観覧を希望される団体は、下記の連絡先にお問い合わせください。

<イベント詳細>
名称:海外巡回展「東京ビフォー/アフター」
期間:2026年5月17日(日)~30日(土) ※毎週月・火曜日は休館
開館時間:10:00am~5:00pm
入場料:5,000チャット
主催:国際交流基金ヤンゴン日本文化センター(JFYG)
共催・会場:Gallery Ohmar (No. 20, Dhammar Yone Street, Hlaing Township, Yangon)

<お問い合わせ>
国際交流基金ヤンゴン日本文化センター(JFYG) 文化芸術交流チーム
電話:09 893787506, 01 430920, 01 430921
Email:[email protected]

09/05/2026

ပန်းချီစီးချင်း (2) ရဲ့စတုတ္ထဆုရှင် Artist Mg Loon ရဲ့ ရင်တွင်းခံစားချက်များကို နားထောင်ကြည့်လိုက်ကြရအောင်ပါ

"Next by Kyu Kyu" in Mandalay
09/05/2026

"Next by Kyu Kyu" in Mandalay

08/05/2026

ပန်းချီစီးချင်း (2) ရဲ့ တတိယဆုရှင် Artist Alin ရဲ့ ပြိုင်ပွဲအပြီး ရင်ခုန်သံတွေကို အားလုံးတူတူ နားထောင်ကြရအောင်ပါ

07/05/2026

ပန်းချီစီးချင်း (2) ရဲ့ ဒုတိယဆုရှင် Artist Mary ရဲ့ ရင်တွင်းခံစားချက်များကိုလည်း နားထောင်ကြည့်လိုက်ကြရအောင်ပါ

06/05/2026

ပြီးခဲ့တဲ့ ပန်းချီစီးချင်း (2) ပထမဆုရှင် Artist Nga Ba ရဲ့ ခံစားချက်ရင်ခုန်သံများကို နားထောင်ကြည့်လိုက်ကြရအောင်ပါ

03/05/2026

Yangon Children’s Book Fair (Day-3)

02/05/2026

Yangon Children’s Book Fair

⭐️ကလေးစာအုပ်တွေအပြင် ဘာတွေ ထူးခြားသေးလဲ⭐️Yangon Children’s Bookfair ရဲ့အဓိက အနှစ်သာရကကလေးတွေကို စာအုပ်တွေနဲ့နီးစပ်စေချင်...
28/04/2026

⭐️ကလေးစာအုပ်တွေအပြင် ဘာတွေ ထူးခြားသေးလဲ⭐️

Yangon Children’s Bookfair ရဲ့
အဓိက အနှစ်သာရက
ကလေးတွေကို စာအုပ်တွေနဲ့
နီးစပ်စေချင်တာ ဖြစ်ပါတယ်။

ဒါ့အပြင်
သရုပ်ဖော်ပန်းချီရေးဆွဲနေတဲ့ လူငယ်တွေ
ရုပ်ပြ ကာတွန်းရေးဆွဲနေတဲ့ ဝါသနာရှင်တွေ
အားလုံးအတွက်လည်း
အခွင့်အလမ်းတစ်ခု
ဖြစ်စေလိုတာပါပဲ။

အဲ့ဒီအတွက်
စာအုပ်ပွဲတော်မှာ
Illustrator’s Wall (သို့မဟုတ်)
အခွင့်အလမ်း နံရံဆိုတာ ရှိပါတယ်။

အဆိုပါ နံရံကို
တစ်စုံတစ်ဦးက
ပိုင်ဆိုင်မှာ မဟုတ်ဘဲ
အားလုံးနဲ့ သက်ဆိုင်တဲ့ ဆိုင်တဲ့ နံရံကြီးပါ။

ပထမဆုံးအနေနဲ့
မိမိဖန်တီးထားတဲ့ လက်ရာတစ်ခုကို
ပရင့် ထုတ်ခဲ့ပါ။

ဒီဂျစ်တယ်မဟုတ်ဘဲ
စက္ကူပေါ်မှာရေးဆွဲဖန်တီးထားတာဆိုရင်လည်း
မူရင်းကို မိတ္တူကောင်းကောင်းကူးပြီး
ယူခဲ့ပါ။ (မူရင်းကိုတော့ မကပ်စေလို)

A4 သို့မဟုတ် A3 size တွေယူလာပြီး
အဆိုပါ နံရံပေါ်မှာ ကပ်လို့ရပါတယ်။

ကပ်တဲ့အခါ မိမိဖန်တီးထားတဲ့
လက်ရာနဲ့အတူ
ဖုန်းနံပါတ် ဒါမှမဟုတ် Email ဒါမှမဟုတ်
ဆက်သွယ်လို့ရမယ့်
အချက်အလက်တစ်ခုခုကိုပါ
အတူတကွ ချိတ်ထားပေးပါ။

အဓိကရည်ရွယ်ချက်ကတော့
Yangon Children’s Bookfair မှာ
စာအုပ်ထုတ်ဝေသူတွေ အများကြီး
ပါဝင်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ ကျောင်းတွေ
NGO အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။
သူတို့အားလုံးမှာ
လူငယ်မျိုးဆက်သစ်
ရုပ်ပြရေးဆွဲသူတွေ
သရုပ်ဖော်ရေးဆွဲသူတွေ
လိုအပ်နေပါတယ်။
မီးခဲပြာဖုံးတွေကို ရှာဖွေနေပါတယ်။

ဒါကြောင့်
အကောင်းဆုံး လက်ရာတွေကို
ယူခဲ့ပါ။ ပြီးရင် အခမဲ့ ချိတ်ဆွဲပြသပါ။

အခွင့်အလမ်းတွေ ရှာဖွေပါ…

ဒါ သင့်ရဲ့ပွဲပါပဲ….

Yangon Children’s Bookfair
📅 မေလ (၁၊ ၂၊ ၃) ရက်
📍 Gallery Ohmar
အမှတ် ၂၀ D , ဓမ္မာရုံလမ်း၊
လှိုင်မြို့နယ်။

ဖုန်း 09443055782 ကို
သိလိုတာမှန်သမျှ ဆက်သွယ်မေးမြန်းပါနော်။

23/04/2026

ပန်းချီစီးချင်း (2) မှာ Title Sponsor အဖြစ် ပါဝင်အားဖြည့်ပေးခဲ့တဲ့ Tiger Beer နဲ့အတူ တက်ကြွတဲ့ Moment တွေကို ဒီ video ကနေတစ်ဆင့် ပြန်လည်ခံစားကြည့်လိုက်ကြရအောင်ပါ

(English Below)👇 ဒီတစ်ခေါက်ကတော့ စာအုပ်ပွဲ….Gallery Ohmar မှာထူးခြားဆန်းသစ်တဲ့ အနုပညာပွဲတော်များစွာကိုပုံစံပေါင်းစုံနဲ့ ...
22/04/2026

(English Below)👇

ဒီတစ်ခေါက်ကတော့ စာအုပ်ပွဲ….

Gallery Ohmar မှာ
ထူးခြားဆန်းသစ်တဲ့ အနုပညာပွဲတော်များစွာကို
ပုံစံပေါင်းစုံနဲ့ ကျင်းပခဲ့ပါတယ်။
အခုတစ်ခေါက်ကျင်းပမယ့်
ပွဲကတော့ ထူးထူးခြားခြား
ကလေးစာအုပ်ပွဲတော်ပါပဲ။
Yangon Children’s Bookfair ဖြစ်ပြီး
စာအုပ်ထုတ်ဝေသူများစွာတို့ကနေ
ကလေးစာအုပ်များကို
အထူးလျှော့ဈေးတွေနဲ့ တိုက်ရိုက်ရောင်းချသွားမှာဖြစ်သလို
ထူးထူးခြားခြားအနေနဲ့
• Special Needs ကလေးများရဲ့ ပန်းချီပြပွဲ
• ကာတွန်း ရုပ်ပြ ရေးဆွဲဖို့ စိတ်ဝင်စားသူများအတွက် 3 Days Comic Challenge
• မည်သူမဆို မိမိရဲ့ လက်ရာတွေကို ချိတ်ဆွဲပြသနိုင်မယ့် Illustrator’s wall
• နေ့စဉ်မတူညီတဲ့ အစီအစဉ်များစွာတို့နဲ့အတူ ကျင်းပမယ့် Workshop များ
• ကျောင်းအသီးသီးက ဦးဆောင် စီစဉ်မယ့် ထူးထူးခြားခြား အစီအစဉ်များ
• လာရောက်လည်ပတ်တဲ့ သားသားမီးမီးတိုင်း ပါဝင်ဆင်နွှဲနိုင်မယ့် ဆေးရောင်ခြယ်နဲ့ ပုံတူဆွဲအစီအစဉ်များအပြင်
လာရောက်လည်ပတ်သူတိုင်း ကံစမ်းခွင့်ရမယ့် ကံစမ်းမဲအစီအစဉ်တွေလည်း ပါဝင်တာကြောင့်
ဆုံကြ ပျော်ကြပါစို့…
Yangon Children’s Bookfair ကို...
📅 မေလ (၁၊ ၂၊ ၃) ရက်
📍 Gallery Ohmar
❗️ဝင်ကြေး အခမဲ့

This time, it’s all about books!
Gallery Ohmar has hosted a wide variety of unique and innovative art festivals in many different forms. This time, however, we are hosting something truly special: a festival dedicated entirely to children's books.
The Yangon Children’s Bookfair will feature numerous publishers selling children’s books directly at special discounted prices. The event will also include unique highlights such as:
• Art Exhibition: Featuring works by children with special needs.
• 3-Day Comic Challenge: For those interested in creating cartoons and comics.
• Illustrator’s Wall: An open space where anyone can display their own artwork.
• Daily Workshops: Featuring a variety of different programs every day.
• Special Activities: Unique segments led and organized by various schools.
• Creative Fun: Coloring and portrait drawing activities for every child who visits.
• Lucky Draws: Exciting prizes for all visitors to win!
Come join us, connect, and have fun!
Event Details
• 📅 Dates: May 1st, 2nd, and 3rd
• 📍 Location: Gallery Ohmar
• ❗️ Entry: Free of charge

Address

No(20), Damayone Street, Hlaing Township
Yangon
11051

Opening Hours

Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Alerts

Be the first to know and let us send you an email when Gallery Ohmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Gallery Ohmar:

Share

Category