22/01/2026
စိတ်အဆင်မပြေဖြစ်တဲ့အခါ ခံစားချက်ကိုပဲ ရှေ့တန်းတင်မိရင် ကျွန်တော်တို့ ဦးနှောက်ရဲ့ ဆင်ခြင်တုံတရားနဲ့ အမှားအမှန် ခွဲခြားနိုင်စွမ်းတွေဟာ ခဏတာ အလုပ်မလုပ်တော့ဘဲ လမ်းပိတ်နေတတ်ပါတယ်။
ဒါကြောင့် စိတ်မသက်မသာဖြစ်လာရင်...
၁။ အရင်ဆုံး စိတ်အေးအေးထားပါ
ယိမ်းယိုင်နေတဲ့ အတွေးတွေကို ထိန်းချုပ်ဖို့ တရားထိုင်တာဖြစ်ဖြစ်၊ အသက်ရှူလေ့ကျင့်ခန်းဖြစ်ဖြစ် လုပ်ပြီး ခံစားချက်ကို ခဏလောက် ဘေးဖယ်ထားလိုက်ပါ။
၂။ အရှိကို အရှိအတိုင်း သုံးသပ်ပါ
စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့ ပြဿနာတွေကို စာရွက်ပေါ်မှာ ချရေးကြည့်ပါ။ ပြီးရင် အဆိုးမြင်စိတ်တွေနေရာမှာ အပြုသဘောဆောင်တဲ့ အမြင်သစ်တွေနဲ့ အစားထိုးကြည့်ပါ။
၃။ နာကျင်ရင် လွှတ်ချလိုက်ပါ
မီးကိုကိုင်ရင် ပူမှန်းသိသလိုပဲ၊ သင့်ကို နာကျင်စေတဲ့အရာမှန်း သိရင် ဆုပ်ကိုင်မထားဘဲ လွှတ်ချလိုက်ဖို့ လိုပါတယ်။ မကောင်းတာကို ရှောင်ပြီး ကောင်းတာကို ဆောင်ဖို့ အဖြေကို သိနေပြီဆိုရင်တော့ လက်တွေ့လုပ်ဆောင်ဖို့ပဲ လိုပါတော့တယ်။
ဗုဒ္ဓရဲ့ လမ်းညွှန်ချက်နဲ့ ပြောရရင် -
ဘဝကို ပေါ့ပါးစွာ ဖြတ်သန်းချင်ရင် ကိုယ့်ကို လေးလံစေတဲ့ အရာတွေကို "လွှတ်ချရဲတဲ့ သတ္တိ" ရှိရပါမယ်။
ဘဝမှာ နာကျင်မှု (Pain) ကို ရှောင်လွှဲလို့မရပေမဲ့ အဲဒီနာကျင်မှုကြောင့် ဆင်းရဲဒုက္ခရောက်မှာကိုတော့ (Suffering) မဖြစ်အောင် ရွေးချယ်လို့ရပါတယ်။
ဒုက္ခအားလုံးရဲ့ ရေသောက်မြစ်ဟာ "တွယ်တာခြင်း (သံယောဇဉ်)" သာ ဖြစ်တယ်။
ကျွန်တော်တို့ ရွေးချယ်မှုတိုင်းမှာ နောက်ဆက်တွဲ ရလဒ်တွေ အမြဲပါလာတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုလမ်းကို ရွေးမလဲဆိုတာ သင်ကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။
Zam Scribble