05/06/2026
🌌 Design Hackathon 02: Final Results & Highlights!
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ညကတော့ Shy's Space Organization ရဲ့ ဒုတိယမြောက် Design Hackathon ဖြစ်တဲ့ "Mapping the Dreamscape" ရဲ့ Final Demo Day ပွဲကြီးကို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။
ပြိုင်ပွဲဝင် (၆) ဖွဲ့လုံးရဲ့ အိပ်မက်ဆန်ဆန် တီထွင်ဆန်းသစ်ထားတဲ့ UX/UI Designs တွေနဲ့ တင်ပြမှုတွေဟာ တကယ့်ကို တစ်ဖွဲ့နဲ့တစ်ဖွဲ့ မမျှော်မှန်းနိုင်လောက်အောင် ကောင်းမွန်ခဲ့ကြပါတယ်။
🏆 Congratulations to the Winners!
Judges များရဲ့ တိကျသေချာတဲ့ စုစုပေါင်း ပေးမှတ်များအရ ပန်းဝင်သွားကြတဲ့ အဖွဲ့များမှာ —
🥇 1st Winner: Group 2 (Orion)
🥈 Joint 2nd Winners (ပူးတွဲ ဒုတိယဆုများ):
Group 1 (Dream Chasers) 🎉
Group 3 (Nexspace) 🎉
Group 6 (Space Cookies) 🎉
💫 Honorable Mention to Our Dedicated Teams
ဆုနဲ့ လွဲချော်ခဲ့ရပေမဲ့ တစ်လတာလုံး စိတ်အားထက်သန်စွာနဲ့ ပရောဂျက်ကို အပြီးသတ် ဖန်တီးချပြသွားနိုင်ခဲ့ကြတဲ့ ကျန်ရှိတဲ့အဖွဲ့တွေကိုလည်း ချီးကျူးဂုဏ်ပြုလိုပါတယ်။
Group 4 (Stellar Sleeper) ✨
Group 5 (Aura Astro) ✨
ပြိုင်ပွဲတစ်ခုမှာ အမှတ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာ ဖြစ်ပြီး၊ တကယ့်တန်ဖိုးက ဒီတစ်လအတွင်း ရလိုက်တဲ့ အတွေ့အကြုံတွေပဲ ဖြစ်တာမို့ စိတ်ဓာတ်မကျဘဲ ဆက်လက် လေ့လာသွားကြဖို့ တိုက်တွန်းချင်ပါတယ်။
🙏 Special Thanks to Judges & Mentors
ဒီပွဲကြီး အကောင်အထည်ပေါ်လာဖို့ နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့ကြတဲ့ Designers များကိုလည်း အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။
👑 Our Respected Judges:
အဖွဲ့တစ်ခုချင်းစီရဲ့ ပရောဂျက်တွေအပေါ် သေချာစွာ အကဲဖြတ်အမှတ်ပေးရုံသာမက တန်ဖိုးရှိလှတဲ့ Feedback တွေကိုပါ ဝေမျှပေးသွားခဲ့ကြတဲ့ Ko Moses, Ma Carrie, နှင့် Ko San Shay တို့ကို အထူးပင် ကျေးဇူးတင်ရှိအပ်ပါတယ်။
🔮 Our Visionary Mentors:
ပြိုင်ပွဲစတင်ကတည်းက ၁ လလုံး ပြိုင်ပွဲဝင်တွေ လမ်းမပျောက်ရအောင် စနစ်တကျ လမ်းညွှန်ပြသ၊ အကြံဉာဏ်ပေးခဲ့ကြတဲ့ Mentor (၆) ယောက်လုံး ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ Mentor တို့ရဲ့ ပံ့ပိုးမှုတွေက ပြိုင်ပွဲဝင်တွေအတွက် ခွန်အားဖြစ်ခဲ့ရပါတယ်။
Shy's Space Organization ကနေလည်း Spacers တို့ရဲ့ အိပ်မက်တွေကို အမြဲတမ်း ပံ့ပိုးပြီး အတူတူ လျှောက်လှမ်းသွားပါဦးမယ်။ နောက်ထပ် ကျင်းပမယ့် ပွဲစဉ်တွေမှာ ပြန်ဆုံကြမယ်နော်! 🚀