ကောင်းကင်ပြာရဲ့ယဉ်ကျေးမှု

ကောင်းကင်ပြာရဲ့ယဉ်ကျေးမှု ငါတို့၏ နွေဦးတော်လှန်ရေးအောင်မြင်မှုသည်ကား ရှောင်လွှဲ၍ မရနိုင်တော့လေပြီ။

အရေးတော်ပုံအောင်ရမည်။ Be thinks with reading

05/28/2026

Days 1943Free Our Leader
05/28/2026

Days 1943
Free Our Leader

၈၁ အတွက် ၈၁အသက် ၈၁ နှစ်ရှိပြီဖြစ်သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦး။ယနေ့ထိ သူ့ကိုဖွက်ထားဆဲ။ယနေ့ထိ သူ့သတင်းတွေကို တိတ်ဆိ...
05/25/2026

၈၁ အတွက် ၈၁
အသက် ၈၁ နှစ်ရှိပြီဖြစ်သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦး။
ယနေ့ထိ သူ့ကိုဖွက်ထားဆဲ။
ယနေ့ထိ သူ့သတင်းတွေကို တိတ်ဆိတ်ထားဆဲ။
ယနေ့ထိ ယုံကြည်စိတ်ချရသော အသက်ရှင်နေကြောင်း သက်သေမရှိ။
ဒီဇွန်လမှာ ကမ္ဘာတစ်ဝှမ်းက လူတွေ သူ့အတွက်အတူတကွ လမ်းလျှောက်မယ်။ ပြေးမယ်။ စက်ဘီးစီးမယ်။
မကြာမီ လာမည်။

ကင်အဲရစ်




81 for 81.
An 81 year old Nobel Peace Prize Laureate.
Still hidden.
Still silenced.
Still no credible proof of life.
This June, the world walks, runs, and rides together.
Coming soon.


𝑯𝒆𝒍𝒍𝒐....𝒀𝒂𝒏𝒈𝒐𝒏...𝐀𝐫𝐞 𝐘𝐨𝐮 𝐑𝐞𝐚𝐝𝐲...💥💥လွမ်းနေကြပြီလား....😘Birthday Gift for Our Leader🎂🎊🎂🎉 (13.May,2026) (YA)
05/13/2026

𝑯𝒆𝒍𝒍𝒐....𝒀𝒂𝒏𝒈𝒐𝒏...

𝐀𝐫𝐞 𝐘𝐨𝐮 𝐑𝐞𝐚𝐝𝐲...💥💥

လွမ်းနေကြပြီလား....😘

Birthday Gift for Our Leader

🎂🎊🎂🎉 (13.May,2026)

(YA)

တိုက်ပွဲသတင်းထုတ်ပြန်ချက်ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်းကို အမှတ် (၂) စစ်ဆင်ရေ...
05/11/2026

တိုက်ပွဲသတင်းထုတ်ပြန်ချက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်းကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များက မေလ (၁၀)ရက်၊ နံနက်ပိုင်းအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ပြီး (၆)ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာတွင် အကြမ်းဖက်စစ်တပ် ကင်းပုန်းတပ်ဖွဲ့များ နှင့် ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၃၈၀၁) တပ်ရင်း၊ တပ်ခွဲ(၅) တို့ မေလ (၅)ရက်၊ နေ့လည်ပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင် (၄)ဦး သေဆုံးခဲ့သည်။

အလားတူ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်ဂိတ်စခန်းကိုပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များ နှင့် သာယာဝတီခရိုင်၊ ပကဖတပ်ဖွဲ့ (၁ ၊ ၂) တို့က ပြီးခဲ့သည့် မေလ (၉)ရက်တွင်လည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

၎င်းတိုက်ခိုက်မှုများအတွင်း မိမိတို့ တပ်ဖွဲ့များကအထိအခိုက်မရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေးဖော်ဆောင်နိုင်ခဲ့သည်။

#ပြန်ကြားရေး
#အမှတ်(၂) စစ်ဆင်ရေးနယ်မြေ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၁၃၈၈ ခု၊ ကဆုန်လဆုတ် ၇ ရက်(၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်)အမိန့်အမှတ် (၄/၂၀၂၆)တာဝန်မှထုတ်ပယ်ခ...
05/07/2026

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ

၁၃၈၈ ခု၊ ကဆုန်လဆုတ် ၇ ရက်

(၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်)

အမိန့်အမှတ် (၄/၂၀၂၆)

တာဝန်မှထုတ်ပယ်ခြင်း

●──๑۩۩๑──●

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မန္တလေးဒေသကြားကာလ နိုင်ငံ ရေးအစီအမံ ပုဒ်မ (၈၈)၊ (၈၉) အရ မန္တလေးဒေသလွှတ်တော်၏ သဘောတူဆုံးဖြတ်ချက်ဖြင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင် အဖြစ်မှလည်းကောင်း လူငယ်၊ အမျိုးသမီးနှင့် ကလေးသူငယ် ရေးရာဌာနကြီး၏ ဌာနကြီးမှူးအဖြစ်မှ လည်းကောင်း ဦးပြည့်စုံအောင် (ခ) မောင်သုညအား ထုတ်ပယ်လိုက်သည်။


မြင့်အောင်မိုး

ဥက္ကဋ္ဌ

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ

အာဆီယံ ခေါင်းဆောင်များ ဖိလစ်ပိုင် ဆီးဘူးမြို့တွင် ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပနေချိန်တွင် အာဆီယံ ပါလီမ...
05/06/2026

အာဆီယံ ခေါင်းဆောင်များ ဖိလစ်ပိုင် ဆီးဘူးမြို့တွင် ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပနေချိန်တွင် အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေး အဖွဲ့ (APHR) က ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း မည်သည့်အခြေအနေမှ မချဲ့ဘဲ လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး အာဆီယံ အဖွဲ့အနေဖြင့် ကမ္ဘာတစ်ဝန်း တိုးများလာနေသော တောင်းဆိုသံများနှင့်အတူ ပူးပေါင်း အသံထည့်ပြောဆိုရန် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ကြေညာချက် ၊ ၂၀၂၆ ခုနှစ်၊ မေလ (၆) ရက်နေ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အက...
05/06/2026

မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ကြေညာချက် ၊ ၂၀၂၆ ခုနှစ်၊ မေလ (၆) ရက်နေ့

ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခြင်းနှင့် သူမ၏ပြစ်ဒဏ်ကို တစ်စိတ်တစ်ပိုင်းလျှော့ချခြင်းဆိုင်ရာသတင်းများကို ဆွစ်ဇာလန်သံရုံးမှ ကြားသိရပါသည်။ သူမအပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် သံရုံး၏တောင်းဆိုမှုကို ထပ်မံအတည်ပြုပါသည်။

နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းချက်ဆီသို့ ရှေးရှုနိုင်ရန်အတွက် နောက်ထပ်လိုအပ်သော အစီအမံများကိုလုပ်ဆောင်ရန် သံရုံးမှ ထပ်လောင်းတိုက်တွန်းအပ်ပါသည်။ အထူးသဖြင့် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများကိုရပ်တန့်ရန်နှင့် လိုအပ်နေသူများအားလုံးထံသို့ အပြည့်အဝ၊ ဘေးကင်းပြီး အတားအဆီးမရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းများကို ခွင့်ပြုရန် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်သာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းပြီး ဒီမိုကရေစီကျသောအနာဂတ်အတွက် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးရေး အခင်းအကျင်းတစ်ရပ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ကြေညာချက်ကို ပထမဆုံးခြေလှမ်းတစ်ခုအဖြစ် ကျွန်မတို့ ကြ...
05/06/2026

“ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ကြေညာချက်ကို ပထမဆုံးခြေလှမ်းတစ်ခုအဖြစ် ကျွန်မတို့ ကြိုဆိုပါတယ်။ သို့သော် ဒါဟာ သူမအား ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဦးတည်တဲ့လမ်းကြောင်းပေါ်က ခြေလှမ်းတစ်ခု ဖြစ်ရပါမယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အဖက်ဖက်သော အခြေအနေများအပေါ် ကျွန်မတို့ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး ထိုအခြေအနေများအတွက် အမြန်ဆုံး အတည်ပြုချက်ရရှိဖို့ စောင့်မျှော်လျက်ရှိပါတယ်။ ဒါ့အပြင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုပါတယ်။”

Seema Malhotra, ယူကေနိုင်ငံ၊ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး
“The announcement of Aung San Suu Kyi’s move to house arrest is a welcome first step, but must be a step on a path to her unconditional release.

‘‘We remain concerned and await urgent confirmation of her health and well-being, and call for all those unjustly detained to be released.”

Seema Malhotra, UK Minister for the Indo-Pacific

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့သည့်သတင်းများကို ကြားသိရပါသည်။ သူမအား မိသားစုနှင့်ဆက်သွယ်ခွင့်ပြု...
05/06/2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့သည့်သတင်းများကို ကြားသိရပါသည်။ သူမအား မိသားစုနှင့်ဆက်သွယ်ခွင့်ပြုရန်၊ သူမ၏ရှေ့နေများနှင့်တွေ့ဆုံခွင့်ပြုရန်နှင့် သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုတို့ရရှိစေရန် မိမိတို့မျှော်လင့်ပါသည်။ သူမကို ချွင်းချက်မရှိလွှတ်ပေးရန်နှင့် မတရားသဖြင့်ထိန်းသိမ်းထားသူအားလုံးကိုလွှတ်ပေးရန် မိမိတို့ဆက်လက်တောင်းဆိုသည်။ အကြမ်းဖက်မှုများရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီများဆီ လုံခြုံစွာအဟန့်အတားမရှိလက်လှမ်းမီစေရန်နှင့် သက်ဆိုင်သူများအကြား အားလုံးပါဝင်သောဆွေးနွေးမှုလုပ်ဆောင်ရန် မိမိတို့ထပ်လောင်းတောင်းဆိုသည်။

Address

Maryland City, MD

Alerts

Be the first to know and let us send you an email when ကောင်းကင်ပြာရဲ့ယဉ်ကျေးမှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to ကောင်းကင်ပြာရဲ့ယဉ်ကျေးမှု:

Share