Hera Chal Gallery

Hera Chal Gallery Be faithful to that which exists within yourself

Hera ရဲ့ page လေးကို ပြန်ပြီး activate လုပ်လိုက်ပါပြီနော် ✨အလုပ်တွေရှုပ်နေတာရယ် ၊ မထင်မှတ်ထားတဲ့ life challenges တွေကြော...
12/04/2025

Hera ရဲ့ page လေးကို ပြန်ပြီး activate လုပ်လိုက်ပါပြီနော် ✨

အလုပ်တွေရှုပ်နေတာရယ် ၊ မထင်မှတ်ထားတဲ့ life challenges တွေကြောင့်
မသုံးဖြစ်ပဲ တနှစ်လောက် ပစ်ထားခဲ့မိတယ်🤍

ဒီတစ်ခေါက် လဝက်လောက်ရတဲ့ Company designated holidays လေးတွေ ရှိတာမို့
Christmas festive season ✨ to New Year season 🎄မှာ အိမ်မှာ
အေးအေးဆေးဆေးနေမယ့် opportunity လေးရလို့
Canada lifestyle နဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ …
မေးချင်တာရှိရင် Messenger မှာ “Hi” လိုက်ပါနော် 💌

Agent မဟုတ်လို့
School application အကြောင်း၊ Visa application အကြောင်းတွေကို
ဝန်ဆောင်မှု personally မပေးနိုင်ပေမယ့်—
ယုံကြည်လောက်တဲ့ reliable agent services တွေဆီ
Direction ပေးနိုင်ပါတယ်

အားလုံးကို Hera Chal Gallery မှ နွေးထွေးစွာ ပြန်လည်ကြိုဆိုပါတယ် 🤍✨

Hera diary in Maple Land 🍁
Keep on going and Keep smiling 😊

12/18/2024

“Day well spent at Elora Village 🎄✨ Strolling through the charming Christmas market, soaking in the festive lights, and embracing the holiday spirit! 🎅❄️ ”

Celpip ဖြေဖို့ ပြင်ဆင်နေသူများအတွက် Hera celpip general testဖြေခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေချင်လို့ပါရှင့် ဖြေပြ...
11/12/2024

Celpip ဖြေဖို့ ပြင်ဆင်နေသူများအတွက်

Hera celpip general testဖြေခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်လည်မျှဝေချင်လို့ပါရှင့်
ဖြေပြီးထဲက share ပေးဖို့ လာမေးမြန်းကြပေမယ့် အလုပ်များနေတာရယ် assignments တွေ များနေတာရယ်ကြောင့် သေချာလေးရေးပြီးမှ share ပေးဖြစ်တာပါရှင့်
Celpip - Canadian English Language Proficiency Index Program မှာ general test နဲ့ Academic test ဆိုပြီး နှစ်မျိုးရှိပါတယ်။ 2024 November ကနေစပြီး ကျောင်းပြီးလို့ PGWP - Post graduate Work Permit လျှောက်မယ့်လူတွေအတွက် Language Proficiency Test က essential requirement အနေနဲ့ ပါလာတာဖြစ်တဲ့အတွက် IELTS, PTE, CELPIP အစရှိတဲ့ test program တွေကို ဖြေဖို့ ဖြစ်လာကြပါတယ်။

Hera က ကျောင်းပြီးခါနီး ဖြစ်တဲ့ အတွက် PGWP လျှောက်ဖို့ Language proficiency Test လိုလာပါတယ်။ ကျောင်းလျှောက်ခဲ့ စဉ်အခါတည်း က language proficiency ကို working in foreign speaking countries နဲ့ waive ခဲ့တဲ့အတွက် မဖြစ်မနေဖြေရမှာရယ် တခါမှ သင်တန်းလည်း မတက်ဖြစ် လေ့လာမှုလည်း မလုပ်ခဲ့ သင်တန်းတက်ဖို့အချိန်လည်းမရခဲ့ တခါမှ ဖြေဖူးတဲ့ experience လည်း မရှိတဲ့ အတွက် IELTS , PTE တို့ထက် လွယ်မယ်ထင်တဲ့ CELPIP ကိုရွေးခဲ့ပါတယ်။

ခုစပြောမယ့် sharing က Hera လုပ်ခဲ့တဲ့ study schedule, process နဲ့ result ကို based on personal experience နဲ့ share ပေးမှာဖြစ်တဲ့အတွက် not resonating for all ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ individual language background ရယ် previous testing experiences ရှိပြီးသားရယ် မူတည်ပြီး test ဖြေဖို့ ပြင်ဆင်ချိန်ကွာသွားပါလိမ့်မယ်နော်။

1. Create account and booking for test schedule.
အရင်ဆုံး Passport နဲ့ account create လုပ်ပါမယ်။ ဖြေဖို့ test Center ကိုသွားရင်လည်း booking တင်ခဲ့တဲ့ passport နဲ့ စစ်ပြီးမှ ဖြေလို့ရမှာဖြစ်တဲ့အတွက်မမေ့မလျော့ ယူသွားရပါမယ်။ Test booking လုပ်တဲ့ အခါမှာ မိမိ တွက်လုံလောက်မယ့် study schedule ပေါ်မူတည်ပြီးtest booking ကို ယူပါ။ Hera တုန်းကတော့ one month ခွါပြီး booking ယူခဲ့ပေမယ့် assignment တွေ အလုပ်ရယ်ကြား အနားနီး တပတ်အလိုမှ Test format တွေကို စလေ့လာဖြစ်ခဲ့တာပါ။

2. Study Test Format
Booking တင်လိုက်တာနဲ့ Accelerator Starter ( Reading and Writing) ရယ် AcceleratorStarter (Listening and speaking) ရယ် ဆိုပြီး Test format လေ့လာဖို့ free package နှစ်ခုရပါတယ်။ အဲ့အပြင် Free general LS Practice Test (Starter Test) နှစ်ခုပါပါတယ်။ CELPIP is all about studying test format and self Practice ပါ။ more practice လုပ်နိုင်လေ အမှတ်ကောင်းလေပါ။
Hera recommend ပေးချင်တာကတော့ Hera ဝယ်ပြီး လေ့လာခဲ့တဲ့ အောက်က ပုံထဲပြထားတဲ့ CELPIP listening and speaking accelerator package နဲ့ Reading and writing package ကို ဝယ်ပြီး လေ့လာစေချင်ပါတယ်။
Free package တွေက Test Format အစုံမပါလို့ စျေးလည်းတန်တဲ့ ($25 for each package) ကို ဝယ်ပြီး လေ့လာဖို့ အကြံပေးချင်ပါတယ်။ full test format တွေကို 6 months accessible and downloadable ဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ share သုံးရင် အရမ်းတန်ပြီး အဆင်ပြေပါတယ်။

3. Practice Sample Tests

All about is self practice ပါ။ Different for all other people ဆိုပေမယ့် Hera ကတော့ YouTube တို့ other learning platforms တွေကို မသုံးခဲ့ဘဲ တပတ်အတွင်းမှာ Test format တွေကို လုံးဝ familiar ဖြစ်အောင် လေ့လာတယ်။ free test တွေ ဖြေကြည့်တယ်။ Speaking part အတွက် timer ပေးပြီး လေ့ကျင့်တယ် ။ writing အတွက် Timer ပေးပြီး Keyboard နဲ့ typing လုပ်တယ်။
အချိန်ရရင် Celpip official website ထဲက Test package တွေကို ဝယ်လေ့လာနိူင်လေ ပိုကောင်းလေပါပဲ။

4. Calm and Be confident
အရေးကြီးဆုံးကတော့ ဘာမေးမယ်မှန်း မသိတဲ့အတွက်တွေးပူပြီး Nervous ဖြစ်နေမယ့်အစား စိတ်အေးအေးထားပြီး တခုချင်းဆီကို ပေးတဲ့ အချိန်နဲ့ ဝင်အောင် အကောင်းဆုံးဖြေပါ။

5. One jackpot unlike other proficiency Test
Result က within three working days from test date ဆိုသိရပါပြီ
Result ကိုလည်း official account ထဲကနေ download လုပ်လို့ရပါတယ်။ သူကလည်း တခြား LPT တွေလိုပဲ 4 skills ကို Avergae ပြန်ထုတ်ပေးပါတယ်။
အောက်ကပုံကပြထားသလိုပဲ Result ရလာပြီးလို့ ကိုယ့် result ကို satisfied မဖြစ်ရင် score reevaluate လုပ်လို့ရပါသေးတယ်။ တခုသိထားရမှာက Writing နဲ့ speaking ကိုပဲ re evaluation လုပ်တာပါ။ score max 2 marks လောက်ထိ တိုးပေးတန်လို့ ဒါက လုံးဝ မိုက်တယ်လေနော်
Hera တုန်းကတော့ first Attempt က result ကို ကျေနပ်လို့ Re evaluate မလုပ်တော့ဘဲ မုန့်ပဲ ဝယ်စားလိုက်ပါတယ်။

ဒီထက် details သိချင်ရင် share ပေးဖို့ အဆင်သင့်ပါ။

အားလုံး လိုရာပန်းတိုင် အဆင်ပြေပြေနဲ့ အမြန်ဆုံး လျှောက်နိုင်ကြပါစေ။

Celpip account and Booking - https://www.celpip.ca/

Hera diary in Maple Land 🍁
Keep on going and Keep smiling 😊

Address

London
East London, ON

Alerts

Be the first to know and let us send you an email when Hera Chal Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Hera Chal Gallery:

Share

Category