Bagan Maung Maung's Photo Gallery

Bagan Maung Maung's Photo Gallery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bagan Maung Maung's Photo Gallery, Photography Museum, near Arnandar Temple, Bagan.

ဒီပုံလေးကတော့ စွမ်းအင်ဝန်ကြီးဌာနမှပြန်လည်ပြုပြင်ထားသောဘုရားဖြစ်သောကြောင့် ရေနံဘုရားလို့အလွယ်တကူ ဒေသခံတွေခေါ်တဲ့ဘုရားမှာရ...
04/05/2023

ဒီပုံလေးကတော့ စွမ်းအင်ဝန်ကြီးဌာနမှပြန်လည်ပြုပြင်ထားသောဘုရားဖြစ်သောကြောင့် ရေနံဘုရားလို့အလွယ်တကူ ဒေသခံတွေခေါ်တဲ့ဘုရားမှာရိုက်ကူးထားတာဖြစ်ပါတယ်(ဘုရားမှာဘုရားအမှတ်ရှိသော်လည်း ဘုရားအမှတ်ကိုမသိသောကြောင့် တောင်းပင်ပါတယ်ခင်ဗျာ)
ဘုရားရဲ့အလင်းဝင်ပေါက်တွေကိုကြည့်ပြီးရှေးလူတွေရဲ့ဘုရားအပေါ်ကြည့်ညိုစွာအလင်းဖြင့်ပူဇော်ခြင်း ဗိသုကာကောင်းမွန်ခြင်းနှင့်လေဝင်လေထွက်စနစ်စနစ်ကျပုံတို့ကိုတွေ့ရမှာဖြစ်ပါတယ်
ပုံလေးကဆင်ရိုက်ထားတာဖြစ်ပါတယ်

ဒီပုံလေးကတော့ မြေဘုံသာဘုရားလှမှာရိုက်ကူးထားတာဖြစ်ပါတယ်မြတ်စွာဘုရားရဲ့ ဖွားတော်မူပုံ ဘုရားပွင့်တော်မှုပုံ ဓမ္မာစကြာတရားဟေ...
02/05/2023

ဒီပုံလေးကတော့ မြေဘုံသာဘုရားလှမှာရိုက်ကူးထားတာဖြစ်ပါတယ်
မြတ်စွာဘုရားရဲ့ ဖွားတော်မူပုံ ဘုရားပွင့်တော်မှုပုံ ဓမ္မာစကြာတရားဟောကြားပုံ ပရိနိဗ္ဗာန်စံပုံ ဟူသော ဖွားပွင့်ဟောစံ ကိုဖူးမြင်ရနိုင်မှာမလို့ဘုရားဖူးဧည့်သည်များအနေနဲ့ လည်ပတ်သင့်တဲ့ဘုရားတစ်ဆုလည်းဖြစ်ပါတယ်

ဒီပုံလေးကတော့ ပုဂံရဲ့နေဝင်အလှကိုကြည့်ရှုရတဲ့sunsetကုန်းတွေထဲကတစ်ခုဖြစ်တဲ့ စူဌာမဏီဘုရားနားကကုန်းမှာရိုက်ကူးထားတာဖြစ်ပါတယါ...
25/04/2023

ဒီပုံလေးကတော့ ပုဂံရဲ့နေဝင်အလှကိုကြည့်ရှုရတဲ့sunsetကုန်းတွေထဲကတစ်ခုဖြစ်တဲ့ စူဌာမဏီဘုရားနားကကုန်းမှာရိုက်ကူးထားတာဖြစ်ပါတယါ
ပုဂံရဲ့sunsetမှနေရဲ့အလှတွေဟာတစ်ရာသီနဲ့တစ်ရာသီလှပပုံခြင်းမတူပါဘူး
ယခုပုံလေးကတော့3လပိုင်းနွေရာသီအတွင်းမှာရိုက်ကူးထားတာဖြစ်ပြီးပုံလေးရဲ့ light and shadowကတော့အရမ်းပြောင်မြောက်လှပါတယ်

ဒီပုံလေးကတော့ အင်းလေးကန်တည်ရှိရှာ ညောင်ရွှေမြို့မရောက်မှီ ရွှေညောင်မြို့မှာရှိတဲ့ ရွှေရံပြေဘုရားအတွင်းမှာ ဆီမီးပူဇော်ရင်...
20/04/2023

ဒီပုံလေးကတော့ အင်းလေးကန်တည်ရှိရှာ ညောင်ရွှေမြို့မရောက်မှီ ရွှေညောင်မြို့မှာရှိတဲ့ ရွှေရံပြေဘုရားအတွင်းမှာ ဆီမီးပူဇော်ရင်းရိုက်ကူးထားတာဖြစ်ပါတယ်ခင်ဗျာ

ယခုပုံလေးကတော့ ရွှေဂူကြီးဘုရားမှလှမ်းမြင်နေရတဲ့ကန်တော့ပုလ္လင်ဘုရားရှုခင်းလေးဖြစ်ပါတယ် နေလုံးကိုတိမ်းဖုံးနေသော်လည်း နေရဲ့...
18/04/2023

ယခုပုံလေးကတော့ ရွှေဂူကြီးဘုရားမှလှမ်းမြင်နေရတဲ့ကန်တော့ပုလ္လင်ဘုရားရှုခင်းလေးဖြစ်ပါတယ်
နေလုံးကိုတိမ်းဖုံးနေသော်လည်း နေရဲ့အလင်းရောင်တောက်ပမှုကြောင့်တိမ်မှာအဝါရောင်သမ်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်
ရွှေဂူကြီးဘုရားရဲ့လှေကားထစ်လေးတွေအပေါ်အလင်းကျရောက်မှုမှာလည်းပြေပြစ်လှပလှပါသည်
ယခုအခါမှာ ဘုရားတွေရဲ့တက်ခွင့်ပိတ်ထားသလို့ အခုမြင်နေရသောအပေါက်မှာလည်း သစ်ပင်ကြီးကွယ်သွားပြီဖြစ်၍ ပြန်လည်မြင်နိုင်ခွင့်မရသည်မှာစိတ်မကောင်းစရာဖြစ်သော်လည်း
ယခုလိုအလှကိုမှတ်တမ်းတင်ထားနိုင်သောဓာတ်ပုံကလေးတစ်ပုံကျန်နေခဲ့ခြင်းလေးကိုပင် ကံကောင်းတယ်ဟု မှတ်ယူရမှာဖြစ်ပါတယ်ခင်ဗျာ

အရင်တစ်ခါက တောင်ကြီးမြို့မှာပုံလေးအကြောင်းပြီးတော့ ယခုတစ်ဆက်ထဲခရီးဖြစ်အင်း​ေလးကန်ရှိတဲ့ ညောင်ရွှေမြို့နယ်ထဲက ရွှေရန်ပြေဘ...
13/04/2023

အရင်တစ်ခါက တောင်ကြီးမြို့မှာပုံလေးအကြောင်းပြီးတော့
ယခုတစ်ဆက်ထဲခရီးဖြစ်အင်း​ေလးကန်ရှိတဲ့ ညောင်ရွှေမြို့နယ်ထဲက ရွှေရန်ပြေဘုန်းကြီးကျောင်းနဲ့မိတ်ဆက်ပေးပါမယ်
ရွှေရန်ပြေဘုန်းကြီးကျောင်းဟာ ရှေးဗိသုကာလက်ရာများနဲ့ပြည့်စုံနေတဲ့ဘုန်းကြီးကျောင်းဖြစ်ပါတယ်
ဘဲဥပုံစံ ပြတင်းပေါက်လေးများကဲသို့ ဆန်းကြယ်သော ဗိသုကာလက်ရာတွေမှာအများအပြားရှိပါတယ်ခင်ဗျာ

ဒီနေ့မှာတော​့ပြဒါးလင်းဂူပုံလေးနဲ့တင်ဆက်ပါရစေ ပြဒါးလင်းဂူဟာ ကင်းတာဆည်အနီးမှာတည်ရှိတာဖြစ်ပါတယ်ပြဒါးလင်းဂူရဲ့ ထူးခြားချက်ဟာ...
11/04/2023

ဒီနေ့မှာတော​့ပြဒါးလင်းဂူပုံလေးနဲ့တင်ဆက်ပါရစေ
ပြဒါးလင်းဂူဟာ ကင်းတာဆည်အနီးမှာတည်ရှိတာဖြစ်ပါတယ်
ပြဒါးလင်းဂူရဲ့ ထူးခြားချက်ဟာ ဂူအတွင်းပိုင်းမှာ ကျောက်ခေတ်နေလူသားများရဲ့အသုံးအဆောင်များတွေ့ရှိရခြင်းဖြစ်ပါတယ်
ယခုကဲသို့တွေရှိချက်ပေါင်းများစွာကြောင့် မြန်မာအစပြဒါးလင်းဂူ ကလိုတစ်ချို့စာတွေမှာတွေ့ရတာဖြစ်ပါတယ်
ယခုပုံလေးဟာ canon ဓာတ်ပုံပြိုင်ပွဲတစ်ခုမှာ bronze prize(ကြေးဆု)ရရှိထားတဲ့ပုံလေးဖြစ်ပါတယါ
ယခုခေတ်လို့ smoke gunတွေမထွန်းကားချိန်အခါမှာရိုက်ကူးထားတာဖြစ်လို့ မီးဖိုဖိုပြီး မီးခိုးငွေ့နဲ့ နေရဲ့အလင်းတန်းကို ပုံဖော်ရခြင်းဖြစ်ပါတယ်
ဂူအတွင်းဝင်လာသောနေအလင်းတန်းရဲ့ဖြာကျမှုဟာ ဂူအတွင်းရှိ လူရဲ့အပေါ်ကျ​ေရာက်တဲ့အချိန်မှာ အလင်းရဲ့ကျရောက်ခြင်းကြောင့်
အရောင်အနည်းငယ်မျှရင့်သွားခြင်းကိုမြငါရမှာဖြစ်ပါတယ်
ဂူရဲ့ ကျောက်ခက်ပန်းဆွဲများမှာလည်း လှပသောသဘာဝရဲ့ထုဆစ်ချက်များဖြစ်ပါတယ် ခင်ဗျာ
ဘယ်နေရာမှကြည့်ကြည့် ယခုပုံလေးရဲ့ထင်းခနဲ့လင်းနေမှုဟာ ဒီပုံလေးရဲ့အနှစ်သာရဖြစ်ပါတယ် ခင်ဗျာ

ဒီတစ်ခါတော့ ရှမ်းပြည်ဖက်ကအလှနေရာတစ်နေရရဲ့ရိုက်ကွင်းပုံလေးကို ပြသပေးမှာဖြစ်ပါတယ်ခင်ဗျာ ၁၉၉၆ခုနှစ် ရှမ်းပြည်တောင်ပိုင်းတော...
06/04/2023

ဒီတစ်ခါတော့ ရှမ်းပြည်ဖက်ကအလှနေရာတစ်နေရရဲ့ရိုက်ကွင်းပုံလေးကို ပြသပေးမှာဖြစ်ပါတယ်ခင်ဗျာ ၁၉၉၆ခုနှစ် ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမှာ ရှိတဲ့ ကက္ကူစေတီမှာရိုက်ကူးထားတာဖြစ်ပါတယ်
ယခုခေတ်အခါမှာတော့ ထုံးဖြူသုတ် ကတ္တရာလမ်းတွေခင်းနဲ့ဖြစ်နေပေမဲ့ ယခင်ကယခုမြင်တွေ့ရသလို မြေနီလမ်းလေးနဲ့ ဆွဲလဲ ညိုညို ဘုရားအိုလေးတွေနဲ့ပါ
ဘုရားတစ်ဆုချင်းစီရဲ့အကြားမှာ မြေအေးဓာတ်လေးနဲ့ပေါက်နေတဲ့သဘာဝအရိုင်းပင်လေးတွေ ဘုရားတွေကနေကျနေတဲ့ အရိပ်ကလေးတွေရယ် အလယ်တည့်တည့်မှာမြင်တွေရသေ တောင်တန်းကြီးရဲ့လှပနေမှု ရှုမျှော်မဆုံးသော ဘုရားတန်းကြီးတွေနဲ့ အလွန်လှပသောပုံလေးတစ်ပုံဖြစ်သည်မှာအမှန်ပင်ဖြစ်ပါတယ်ခင်ဗျာ

ဒီတစ်ခေါက်တော့ ပုဂံကမဟုတ်တဲ့ တစ်ခြားနေရာတစ်ခုကအကြောင်းလေးပြောအုန်းမယ်ပဲခူးမြို့ကိုဝင်တာနဲ့လည်ပတ်ဖူးမြှော်ရမဲ့အထဲတစ်ခုအပါ...
04/04/2023

ဒီတစ်ခေါက်တော့ ပုဂံကမဟုတ်တဲ့ တစ်ခြားနေရာတစ်ခုကအကြောင်းလေးပြောအုန်းမယ်
ပဲခူးမြို့ကိုဝင်တာနဲ့လည်ပတ်ဖူးမြှော်ရမဲ့အထဲတစ်ခုအပါအဝင်ဖြစ်တဲ့ ပဲခူး မြသာလျောင်းဘုရားစတင်တည်​ဆောက်တဲ့အချိန်ကရိုက်ထားတာလေးဖြစ်ပါတယ်
ငြမ်းတွေနဲ့ ဆေးရောင်တွေစတင်သုတ်လိမ့်မဲ့အချိန်အခါကပေါ့
ဘုရားရဲ့ နားရွက်တော်နဲ့လူပုံနဲ့ကိုနှိုင်းယှဉ်ကြည့်ယုံနဲ့ ဘုရားရဲ့အရွယ်အစားကိုသိရှိနိုင်ပါတယ်
ဘုရားရဲ့ဆံတော်ကလေးများနဲ့ အပြုံးတော်မှာ ရုပ်လုံးတော်ကြွမှုမှာ ရှေးလက်ရာကိုပြသထားပါတယ်
ယခုအခါမှာ ဆေးသုတ်လိမ်းခြယ်မှုန်းထားခြင်းမရှိသော ဘုရားဆင်တုတော်ကြီးမြင်ရဖို့မှာရှားပါးလှပါပြီ

ဒီနေ့တင်ပြချင်တဲ့ပုံလေးကတော့ ပုဂံရွှေဆံတော်နားမှာရှိတဲ့ ရှင်ပင်သာလျောင်း ဘုရားမှာရိုက်ကူးထားတာဖြစ်ပါတယ်ခင်ဗျာဘုရားရဲ့ခြေ...
30/03/2023

ဒီနေ့တင်ပြချင်တဲ့ပုံလေးကတော့
ပုဂံရွှေဆံတော်နားမှာရှိတဲ့ ရှင်ပင်သာလျောင်း ဘုရားမှာရိုက်ကူးထားတာဖြစ်ပါတယ်ခင်ဗျာ
ဘုရားရဲ့ခြေတော်ရာမှာ ဘုရားလောင်းကျင်လည်ခဲ့သော ဘဝဇာတ်တော်တွေမြင်တွေ့ရသည်မှာ ဗုဒ္ဓဘာသာဝင်တိုင်းသိပြီးသားဖြစ်၍အထူးတလည်မပြောတော့ပေမဲ့
ရွှေဆံတော်ရောက်တိုင်းလမ်းကြုံလေးဝင်သင့်ပါတယ်
ဂူဘုရားအားလျော်စွာ ဌာပနာထားသည့် ဘုရားဖြစ်၍ အတွင်းမှာ မှောင်နေခြင်းကိုသတိထားသင့်ပါတယ်
ယခုလိုအမှောင်ကိုအားပြု၍ lightingနဲ့ ဓာတ်ပုံကောင်းများစွာကိုရိုက်ပါတယ်
ဓာတ်ပုံဆရာပေါင်းများစွာလည်းအတွေးအခေါ်အမျိုးမျိုးအမြင်အမျိုးမျိုးနှင့်ပုံပေါင်းများစွာ ရိုက်ကူးနေသောနေရာလေးဖြစ်ပါတယ်ခင်ဗျာ

ယခုပုံလေးကတော့ မိုးတွင်းအခါမှာရိုက်ကူးထားတာဖြစ်ပါတယ်ထူးခြားမှုကတော့ အလယ်ကဘုရားများနေရာမှာနေကွက်ပူနေခြင်းဖြစ်ပါတယ်နေပူမို...
28/03/2023

ယခုပုံလေးကတော့ မိုးတွင်းအခါမှာရိုက်ကူးထားတာဖြစ်ပါတယ်
ထူးခြားမှုကတော့ အလယ်ကဘုရားများနေရာမှာနေကွက်ပူနေခြင်းဖြစ်ပါတယ်
နေပူမိုးရွာခြင်းဟာ ပုဂံမှာအထူးအဆန်းမဟုတ်ပေမဲ့
ယခုလိုသဘာဝတရားနေအလင်းရောင်ရဲ့ ဘုရားများကို ဦးခိုက်ခြင်းဟာတော့ ကွက်တိကျရန်ရှားပါလှပါသည်
ရှေးအခါကပုံဖြစ်သည့်အားလျော်စွာ
ဓာတ်တိုင်များဓာတ်ကြိုးများမပါသလို အာနန္ဒာဘုရားကြီးမှာလည်း
စိမ်းရင့်ရောင် ရေညှိတွေနဲ့ သဲကျောက်တို့ရဲ့အရောင်နဲ့ရောယှက်နေပါတယ်
မိုးရွာခြင်းကြောင့်ကောင်းကင်ရဲ့အပြာရင့်ရောင်ဟာလည်းနေရဲ့အလင်းရောင်ကိုပိုမိုသိသာစေပါတယ်
တိမ်ညို တိမ်မည်းများရဲ့အရိပ်ဟာ ဘုရားများအပေါ်ကျရောက်နေတဲ့ အရိပ်ကျမှုဟာသေသတ်လှပလှပါတယ်
ပန်းချီဆရာတွေရဲ့စိတ်ကူးနဲ့ပင်ပုံမဖော်နိုင်တဲ့အလှတရားသဘာဝတရားကြီးကချပြခြင်းကိုသက်သေထားခြင်းဖြစ်၍
ဘယ်ပန်းချီရေးဖွဲ့မမှီဟု တင်စားမှီပါတယ်ခင်ဗျာ

အာနန္ဒာအုတ်ကျောင်းမှာရှိတယ်နံရံဆေးရေးပန်းချီလေးဖြစ်ပါတယ် ခေတ်ကာလအရ ကုန်းဘောင်ခေတ်မှာဖြစ်ပြီး လူတွေအမှတ်မှားနေတာကိုထောက်ပ...
23/03/2023

အာနန္ဒာအုတ်ကျောင်းမှာရှိတယ်နံရံဆေးရေးပန်းချီလေးဖြစ်ပါတယ်
ခေတ်ကာလအရ ကုန်းဘောင်ခေတ်မှာဖြစ်ပြီး လူတွေအမှတ်မှားနေတာကိုထောက်ပြချင်ပါတယ်
ဘုရားဟာပုဂံခေတ်ကဖြစ်ပေမဲ့ နာမည်တူတာကြောင့်အုတ်ကျောင်းကို ပုဂံခေတ်ကဟုတ်အလွယ်မှတ်ကျတယ်
ယခုပုံမှာ အေဒီ၁၇ရာစုဝန်းကျင် ကုန်းဘောင်ခေတ်အစမှာရေးဆွဲထားတာဖြစ်ပြီး အုတ်ကျောင်းဟာလည်း ကုန်ဘောင်ခေတ်မှာတည်ထားတာဖြစ်ပါတယါ
ပုံရဲ့ပြသချက်ကတော့ ညောင်ရမ်းခေတ်ရဲ့ မြန်မာစစ်အင်အားကိုပြသချင်းဖြစ်တဲ့ စစ်ခင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာ

Address

Near Arnandar Temple
Bagan
22290

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959794854155

Website

Alerts

Be the first to know and let us send you an email when Bagan Maung Maung's Photo Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Bagan Maung Maung's Photo Gallery:

Share