Neutral Art Gallery

Neutral Art Gallery Art Gallery

နောင်မင်းတို့ ပန်းချီဆရာဖြစ်တဲ့အချိန်မှာဆိုရင် ပန်းချီရေးတတ်ရုံနဲ့မရတော့ဘူး    စက်ရုပ်တွေ ကွန်ပြူတာတွေနဲ့ ပန်းချီရေးနေပြ...
31/03/2026

နောင်မင်းတို့ ပန်းချီဆရာဖြစ်တဲ့အချိန်မှာဆိုရင် ပန်းချီရေးတတ်ရုံနဲ့မရတော့ဘူး

စက်ရုပ်တွေ ကွန်ပြူတာတွေနဲ့ ပန်းချီရေးနေပြီ-
ART-ပန်းချီ+SCIENCE သိပ္ပံ+TECHNOLOGYစက်မှုအတတ်၃မျိုးနဲ့ပေါင်းစပ်ပြီး ပန်းချီရေးနေကြပြီ-

ဒါကြောင့်အဘက-မင်းတို့ပညာတတ်အောင်-ကျောင်းထားပြီး စာမေးပွဲအောင်အောင်ကျိုးစားပြီး ပညာကိုအရင်သင်ပါလို့- တာ- သိရဲ့လား?
နောက်ကိုလူတိုင်းလိုလို ပန်းချီရေးတတ်ကြတော့မှာ-

ဒါဘဲဘဘ

ဗဂျီအောင်စိုး (1924-1990)

သိပ္ပံနဲ့ ဝိဇ္ဇာ ဟာ မတူပါဘူး....🖌စိတ်ပညာအဆိုက- လူမှာ MIND (မနော) ဆိုတာရယ် လို့ ရှိတယ်။ အဲ MIND မှာ အမျိုးစား ရှိတယ်လို့ ...
28/03/2026

သိပ္ပံနဲ့ ဝိဇ္ဇာ ဟာ မတူပါဘူး....🖌

စိတ်ပညာအဆိုက- လူမှာ
MIND (မနော) ဆိုတာရယ် လို့ ရှိတယ်။
အဲ MIND မှာ အမျိုးစား ရှိတယ်လို့ ဆိုထားပါတယ်။

SUBCONS MIND (ဗဟိဒ္ဓ) အပြင်စိတ်နဲ့
အတွင်း SUB CON CONSIOUS MIND
( SIOUS B မိတ် အဇ္ဈတ္တ စိတ်ပါမူ စိပါ

အဲဒါဂန္တရီပုဂ္ဂိုလ်များက.....
မနောနဲ့ အန္တယာနယ်လို ခေါ် သမကျင့်စဉ်များ
ထဲမှါပါ မနောပါတယ်။
အဲ သတိအားကောင်း လာ ပါရင်ဖြစ်စေ၊
မေ့ဆေးအစွယ်: ထက်ရင်ဖြစ်။
" ယူရစ်ထုံထိုင်းစေတတ်သေား - ဘိန်း၊ အရက်
စတာတွေ မှီဝဲရင်.....
( အန္တ မနော နယ်ထဲကိုရောက်သွား နယ်ကို ရောက် နယ်ထဲကို ​ရောက်သွားတတ်ပါတယ်...

အဲဒီအခါမှာတော့ - ကုသိုလ်ယှဉ်တဲ့ (အဖြူ)
အကုသိုလ် (အမဲ) ကို ထိတွေတတ်ကြပါတယ် ။

တခုက အထက်လမ်း ဆိုကြပါစို့.....။
နောက်တစ်ခုက အောက်လမ်း ဖြစ်ပါတယ်။

အဲဒီမျိုးတွေဟာ.....
နတ်ဝင်သည် တွေ မှာ တွေရှိတယ် ။
နတ်ပူးနေတဲ့အခါ သူတို့ ဘာတွေပြောမှန်းမသိ
ဘာတွေလုပ်နေမှန်း မသိ....
ဆိုလေ့.... ပြောလေ့ ရှိကြပါတယ်။

ကျနော်ကတော့ သမထ အစွမ်းနဲ့ ကျနော့်....
အနန္တ နယ်ပယ် ကို ဝင်ရောက်ခဲ့ ပါတယ်..

ကျနော် ဘာတွေရေးမှန်း ကျနော်လဲ မသိတော့ဘူး

ဘာတွေလဲဆိုတာ ကျနော် ပြောမပြတတ်ပါ။
ကြည့်သာ ကြည့်ကြပေါ့။
မယုံရင်လဲ.... ပုံပြင်သာ မှတ်လိုက်ပါ။

ဒါပါဘဲ.....
#ဗဂျီအောင်စိုး

ကျွန်တော်ကိုယ်တိုင် ပန်းချီရေးတဲ့အခါရော၊ ဝတ္ထုတိုတွေရေးတဲ့အခါမှာပါ ဆရာပေါ် ပြောဖူးတဲ့ပုံပြင်တစ်ပုဒ်ကို ပြန်ကြားယောင်တတ်တ...
14/12/2025

ကျွန်တော်ကိုယ်တိုင် ပန်းချီရေးတဲ့အခါရော၊ ဝတ္ထုတိုတွေရေးတဲ့အခါမှာပါ ဆရာပေါ် ပြောဖူးတဲ့ပုံပြင်တစ်ပုဒ်ကို ပြန်ကြားယောင်တတ်တယ်။

ဆရာပေါ်က ပန်းချီရေးကောင်းသလို
ကာတွန်းလည်းအရေးကောင်း၊
စာလည်းအရေးကောင်းသလို
စကားပြောလည်းကောင်းတယ်။

ဒီပုံပြင်ပြောတုန်းက ဆရာပေါ်က .....
လည်ကတုံး ရှပ်အင်္ကျီအဖြူလက်ရှည်နဲ့
ပုဆိုးအဖြူမှာ အပြာနုကွက်လေး ဝတ်လို့၊
ဖိနပ်ကတော့ ပျံလွှားတံဆိပ် ရော်ဘာဖိနပ် စီးထားတယ်။ ရှပ်အင်္ကျီရဲ့ ဘယ်ဘက်ရင်အုံ ဆရာပေါ်နှလုံးနဲ့နီးနီးမှာ ရှရီလို့အဓိပ္ပာယ်ရတဲ့ ဟင်ဒီအမှတ်သားလေး ချည်အနက်နဲ့ သေးသေး ထိုးထားတယ်။

“ဘိုညို ပန်းချီဆရာဖြစ်ချင်တဲ့သူတွေ
လေ့ကျင့်ကြပုံ ပြောပြမယ်။
ဒီတိုင်းပြည်မှာတော့ မဟုတ်ဘူး။

ဟိုတုန်းက ဂျပန်နိုင်ငံမှာပေါ့။
အလွန်ကျော်ကြားတဲ့ ပန်းချီဆရာကြီးတစ်ယောက်ရှိတယ်။ wate အောင်မြင်ကျော်ကြားလွန်းလို့
ဂျပန်နိုင်ငံကျွန်းအသီးသီးက တနယ်တကျေး
အများကြီးလာပြီး ပန်းချီသင်ကြတယ်။
ဆရာကြီးရဲ့ အိမ်ကြီးမှာ ကျောင်း ကျောင်းစားနေကြတာပေါ့။ ဆရာကြီးက သူ့တပည့်တွေကို အခြေခံခဲ့ ကစပြီး စနစ်တကျသင်ပေးတာပါပဲ။ တော်တော်တတ်မြောက်ကြတော့မှ us ကိုင်ခွင့်ပေးတယ်။

စုတ်တံနဲ့ ပန်းချီရေးကြတဲ့အခါ ဆရာက
အရုပ်တစ်ရုပ်၊ အရာဝတ္ထုတစ် ဆိုရင် အကြိမ်ပေါင်းများစွာ ရေးခိုင်းတယ်။
ဥပမာ - ဝါးပင်ဆိုရင် အပင် ၆ဝဝ - ၇၀၀၊
ရွှေငါးဆိုရင် အကောင် ၆၀၀ – ၇ဝဝ၊
မြင်း ရေးရင်လည်း ပန်းချီရေးရာမှာ မြင်းတွေအများကြီး အထပ်ထပ်၊ ရှုထောင့်မျိုးစုံက ရေးကြတယ်။ ပြီးတော့ သမာဓိအားကောင်းအောင်
သမထလည်း ထိုင်ကြရတယ်။
တပည့်တော်တော်များများက ဒီလိုရေးရတာကို ပျင်းလာတယ်။ တချို့ဆိုရင် သမထလုပ်ငန်းကို
ပိုပျင်းကြတယ်။

စုတ်တံချ လက်မြှောက်အရှုံးပေးပြီး ရွာပြန်ပြေးကြတယ်။ ရွာပြန်မပြေးတဲ့သူက ကျောင်းပြေးတော့တာပေါ့။ မပြေးကြတဲ့ကျောင်းသားတွေကလည်း
မကြားတကြား တစ်မျိုး၊ ကိုယ်ဟန်အမူအရာနဲ့
တစ်မျိုး၊ ဆရာကြီးရဲ့ သင်ရိုးကို ကဲ့ရဲ့ဝေဖန်ကြ
ခနဲ့ကြ ပြောင်ကြတယ်။ ပန်းချီဆရာကြီးက
သူ့တပည့်တွေကို စောင့်ကြည့်တာပါပဲ။
တပည့်တွေက စိတ်ဓာတ်တွေကျလှပြီ။

တစ်နေ့ကျတော့ ဆရာကြီးက ဘာမပြောညာမပြောနဲ့ ကျောင်းကို ပေါ်မလာဘူး။ သူ့အခန်းတံခါးကို
မဖွင့်တော့ဘူး။”

ဆရာပေါ်က ပြောရင်း လက်ဟန်ကိုယ်ဟန်တွေ ပါလာတယ်။ အဖြတ်အတောက် မျက်လုံးအကြည့်တွေက သူ့ပုံပြင်မှာ အာရုံစိုက်ထားမှု အပြည့်ပဲ။

“နဂိုကမှ ခပ်ပျင်းပျင်းကျောင်းသားတွေက
အံ့သြရုံကလွဲလို့ သိပ်မခံစား ကြပါဘူး။
ဆရာကြီးမလာတော့ ပျော်တဲ့ကျောင်းသားက
ခပ်များများ၊ ပန်းချီပညာကို တကယ်လိုချင်တဲ့ ကျောင်းသားတွေက ဆရာကြီး ဘာများဖြစ်ပါလိမ့်လို့ စိတ်ပူပြီး လွမ်းဆွတ်သတိရနေကြ။
ဘာဖြစ်နေလဲလို့ကို မသိရဘူး။

နံဘေးမှာလည်း ဧရာမစဉ့်အင်တုံကြီးတစ်လုံးနဲ့
ရှေ့မှာတော့ သွားပြီးချောင်းကြည့်တော့
ဆရာကြီးက မြက်ဖျာကြီးပေါ်မှာ ပုဆစ်တုပ်ပြီး သမထအလုပ် အားထုတ်နေတယ်။
ဘယ်အချိန်ကစပြီး ဒီတရားကို အားထုတ် ပတ်လည်လောက်ရှိတဲ့ ပိတ်ဖြူစကြီးကြီးတစ်စ
ဖြန့်လို့။

နေ့လယ်သွားကြည့်ပြန်တော့လည်း ဆရာကြီးက ထိုင်လျက်ပဲ။ ဆရာကြီးကို ချစ်ခင်လေးစားတဲ့ တပည့်တွေက ခဏခဏသွားပြီး ကြည့်နေကြတာကိုး။

ထမင်းမစား ဟင်းမစားဘဲ ဒီလိုသမထထိုင်နေတဲ့ သူတို့ရဲ့ဆရာကြီးကို ကျောင်းသားတွေ ပြောကြလွန်းလို့ သင်ရိုးပဲ ပြင်ဖို့စဉ်းစားနေသလိုလို၊
စိတ်ပဲ ဖောက်ပြန်သွားသလိုလို။ ကျောင်းပဲ နားပြီး ပိတ်တော့မယ်ထင်တယ်ဆိုတာမျိုး တွေပေါ့။

ညနေစောင်းတော့ ဆရာကြီးရဲ့ရှေ့မှာခင်းထားတဲ့လိမ္မော်ရောင်ရှိတဲ့ နေခြည်မျှင်တွေက ကျနေပြီ။ ဆရာကြီးက မှိတ်ထားတဲ့ မျက်စိတွေကို ဖွင့်လိုက်တယ်။
(ဆရာပေါ်က ပြောရင်း မျက်လုံးမှိတ်ထားရာက
ဖွင့်လိုက်တယ်) ပြီးတော့ သူ့ရှေ့မှာခင်းထားတဲ့ ပိတ်စကြီးကို တစ်ချက်ကြည့်လိုက် တယ်။"

(ဆရာပေါ်က သူ့ခေါင်းကလေး မသိမသာငဲ့ရင်း ဆက်ပြောတယ်)

ပါးစပ်က ပြုံးခြင်း ရယ်ခြင်း မရှိသလို
တည်ကြည်ခံ့ညားလိုက်သမှ တစ်ခါမှ ဒီလို မျက်နှာထားမျိုးကို သမနိရှည်တဲ့ တပည့်ကြီးတွေ
မမြင်ဖူးကြဘူး။
တပည့်တွေက အချင်းချင်း သတင်းပေး၊
ဆရာကြီးသတင်း တပည့်ချင်းဆောင်လိုက်ကြလို့ အခန်းအပြင်ကနေ ခြေသံမကြားအောင်
အသာလာပြီး ချောင်းကြည့်ကြတယ်။

ထို အခါ ဆရာကြီးက ခါးဝတ်ခါးစားတွေ
တစ်ခုချင်း တဖြည်းဖြည်းချွတ်ပြီး နံဘေးမှာ
အသာပုံထားလိုက်တယ်။
နောက်ဆုံး မရိုသေ့စကား ဘောင်းဘီပါ ချွတ်လိုက်တော့ တပည့်တွေအကုန် မျက်လုံးပြူးကုန်ကြတာပေါ့။ ဆရာကြီးရဲ့ခန္ဓာမှာ ဘာအဝတ် အစားမှ မရှိတော့ဘူး။ ပြီးတော့မှ အနားမှာရှိတဲ့ စဉ်အင်တုံကြီးထဲ ဖြည်းဖြည်းသက်သာ ဆင်းထိုင်ပြီး စဉ့်အင်တုံထဲက ဖျော်စပ်ထားတဲ့ အနက်ရောင်ဆေးတွေနဲ့
သူ့တစ်ကိုယ်လုံးခြေဖျားကနေ ခေါင်း၊ ခေါင်းကနေ ခြေဖျား၊ လက်ခုပ်နဲ့ နှံ့နေအောင် pri ပစ်လိုက်တယ်။

ဆံပင်တွေလည်း ရွှဲလို့၊ တစ်ကိုယ်လုံး ရွှဲရွှဲစိုပြီး
စိတ်တိုင် ဆိုတော့မှ စဉ့်အင်တုံထဲက အသာထလိုက်တယ်။ ဆေးရည်တွေက တပေါက် အင်တုံကြီးထဲ ပြန်ကျကုန်တော့တာပေါ့။ ဖြူဝင်းတဲ့ဆရာကြီးရဲ့ ကိုယ်မှာ ani မင်နက်တွေ ပေကျံနေတယ်။
ဒါလည်း တစ်မျိုးကြည့်လို့ကောင်းတာပဲ။

ဆရာကြီးက မမှိတ်တဲ့မျက်လုံးအစုံနဲ့ ပိတ်စကြီးကို စိုက်ကြည့်ရင်း သူရာ ကိုယ်ပေါ်က ဆေးတွေ
စစ်သွားလိုက်တာ သူလိုချင်တဲ့ပမာဏလည်း ရောhop ပိတ်ဖြူကြီးပေါ် ဆင်းတဲ့ပြီး မပြောမဆိုနဲ့ ရှေ့ကျွမ်းရော၊ နောက်ကျွမ်းသော ဘေးတိုက်ရော၊ တစောင်းရော ကျွမ်းတွေလှိမ့်ထိုးရင်း ချွတ်ထားတဲ့ဝတ်စုံနားလည်း ရောက်ရော ထတဲ့ပြီး ဝတ်စုံကို အေးအေးဆေးဆေး သပ်သပ်ရပ်ရပ် ပြန်ဝတ်လိုက် တယ်။

ခုနက မည်းတူးနေတဲ့ ဆရာကြီးရဲ့ ခန္ဓာက
စဥ့်အင်တုံကြီးထဲ မဆင်းခင်က အတိုင်းပဲ။
ဝတ်စုံ ဝတ်တော့ ပေခြင်း စွန်းခြင်း မဖြစ်ဘူး။
ခပ်အအကျောင်းသားတွေ ကတော့ ဆရာကြီးကိုပဲ ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေကြတယ်။ တပည့်ရင်း၊ ပန်းချီအရေးတော်တဲ့ ကျောင်းသားတွေကလည်း ပါးစပ်အဟောင်းသားနဲ့ပဲ။ တော်တဲ့ ကျောင်းသားတွေ ပါးစပ်အဟောင်းသားဖြစ်နေရတာက ခုနက ဆရာကြီးရှေ့က ပိတ်ဖြူစကြီးမှာ ကမ္ဘာပေါ်မှာ ဘယ်ပန်းချီဆရာမှ လိုက်တုပရေးလို့
မမီနိုင်တဲ့ အင်မတန်အသက်ဝင်တဲ့ ဂျပန်နဂါးတစ်ကောင်ရဲ့ပုံ ထင်ကျန်နေရစ်ခဲ့လို့ပါပဲ။”

ဆရာပေါ်က ကျွန်တော့်ကို
အသက်ရှူရပ်သွားအောင်
ကြက်သီးတဖျင်းဖျင်း ထအောင် လုပ်သွားခဲ့ပြီ။

ကျွန်တော်က ဒီပုံပြင်ကို စွဲနေအောင် မှတ်မိပြီလေ။ နောက်နှစ်လလောက် ကြာတော့ ဆရာပေါ်က ရယ်စရာတစ်ခွန်းပြောတယ်။

“ဘိုညို၊ အဲဒီနဂါးကြီးရဲ့ အကြေးခွံတွေကို ပန်းချီဆရာကြီးက ဘာနဲ့ ရေးတယ်ထင်သလဲ”

ကျွန်တော် မတွေးတတ်ဘူး၊ မသိဘူး ဆရာပေါ်”

“ကပ်ပယ်အိတ်နဲ့ ဖိရေးသွားတာ” တဲ့။
ဆရာပေါ်က ရယ်စရာလည်း ပြောတတ်တယ်။

(၁၃-၄ - ၁၉၉၃ နေ့က ကွယ်လွန်သူ
ပန်းချီဆရာ ပေါ်ဦးသက်သို့ လွမ်းအမှတ်တရ)

အနုပညာစံ......(ခင်မောင်ရင်)လောက၌ အသက်စတေးခံသူများရှိသည်။များသောအားဖြင့် အနုပညာရှင်များ ဘဝဆုံးခံခဲ့၏။ အနုပညာရှင်များကိုသာ...
08/12/2025

အနုပညာစံ......(ခင်မောင်ရင်)

လောက၌ အသက်စတေးခံသူများရှိသည်။
များသောအားဖြင့် အနုပညာရှင်များ ဘဝဆုံးခံခဲ့၏။
အနုပညာရှင်များကိုသာ ပြောချင်၏။

Mahlar (မာလာ) သည် အသက်စွန့်ခဲ့၏။
Kafka (ကပ်ဖကာ) သည် အသက်စွန့်ခဲ့၏။
Camus (ကမြူး) သည် အသက်စွန့်ခဲ့၏။
Van Gogh (ဗန်ဂိုး) သည် အသက်စွန့်ခဲ့သည်။
Gauguin (ဂိုဂဲန်) သည် အသက်စွန့်ခဲ့၏။
Rothko (ရော့သ်ကိုး) သည် ကိုယ့်ကို ကိုယ်အဆုံးစီရင်ခဲ့၏။
စောညိန်းသည်လည်း အသက်စွန့်ခဲ့၏။
မြို့မငြိမ်းသည်ပင်လျှင် ဤစိတ်ရှိခဲ့သည်။

ဆိုလိုသည်မှာ တကယ့်အနုပညာရှင် စိတ်ဓါတ်သည် ပြင်းထန်၏။ သေရမှာ မကြောက်။ စိတ်သည်သာလျှင် ပဓါန၊ စိတ်သည်သာလျှင် အဓိက၊
စိတ်နှင့်ပတ်သတ်လာလျှင် အသေခံရဲ၏။
သူ့စိတ်ကို လာ၍ ထိပါးလာလျှင် အသေခံရဲ၏။
သူ့စိတ်ကို လာ၍ထိပါးလာပါက အသက်နှင့်လဲ၍ ကာကွယ်လေ့ရှိ၏။ ဤသူများက ရှား၏။
ဤသူများက တကယ့်အနုပညာရှင်...။

အနုပညာကို ပြုစုပျိုးထောင်လျှင် ရ၏ဟု
ဆိုသူများရှိ၏။ သို့သော် ကျွန်တော်ကတော့
ဗီဇ ရှိမှ ရ၏ဟုဆိုချင်သည်။ ဗီဇ၏ အဓိပ္ပါယ်ကိုကား ကျွန်တော်ကိုယ်တိုင်လည်းမဆုံးဖြတ်နိုင်။
မွေးကတည်းကဟုများ အဓိပ္ပါယ်ပြန်လျှင် ရမည်လားမသိ။ ထို့ကြောင့်မွေးကတည်းက အနုပညာစိတ်ရှိမှသာ ဤသူသည် အနုပညာရှင်ဖြစ်နိုင်စွမ်းရှိ၏ဟု ဆိုချင်သည်။

စိတ်ရှိပြီး မလုပ်ခဲ့လျှင်လည်း အနုပညာရှင်မဖြစ်။ သို့ပေမဲ့ စိတ်သည် အဓိက။ လုပ်ချင်မှ ဖြစ်၏။
လုပ်ချင်တိုင်လည်း မဖြစ်။
သို့သော်... ဗီဇရှိလျှင်တော့၊ အရာရာအားလုံးကို
စွန့်လွှတ်နိုင်သည့် အနုပညာဗီဇစိတ်သည်
မိမိလုပ်ချင်သည့် အနုပညာလုပ်ရပ်ကို မရမနေ ကြိုးစားဆောင်ရွက် ပြုလုပ်မည်မှာ အမှန်ပင်။

လောက၌ အနုပညာကိုမနှစ်သက်သူများ ရှိ၏။
ထိုသူတို့အတွက် ဤစာများသည် အဓိပ္ပါယ်မရှိနိုင်။ အနုပညာကို လိုလားသူများသာလျှင် ဤစာကို ဆက်လက်၍ ဖတ်သင့်သည်။

အနုပညာကို တန်ဖိုးမထားတတ်သူများသည်
လူပင် မဖြစ်ထိုက်ပေဟု ကျွန်တော်ဆိုခဲ့လျှင် ကျွန်တော်လွန်ရာကျမည်။
အနုပညာသည် လူကို နူးညံစေ၏။ ပြေပြစ်စေ၏။ စိတ်ချမ်းသာစေ၏ စသည့် စသည့် အရည်အချင်းများရှိ၏။
ထို့ကြောင့်အနုပညာကို တန်ဖိုးထားသင့်၏။ အနုပညာတန်ဖိုး၊ အနုပညာ၏ လူသားတို့အပေါ် ကောင်းကျိုးပြုမှုတို့ကို လူအများတို့သည်
သတိမမူကြပေ။.... များသောအားဖြင့်
စိတ်မဝင်စားကြ။
Michael Jackson ဆိုလျှင်တော့ လူတွေက
သိပ်စိတ်ဝင်စားကြ၏။ Michael Jackson ကိုပုတ်ခတ်လို၍မဟုတ်။ Michael Jackson ကို အနုပညာရှင်မဟုတ်ဟုမဆို။ လူတွေ၏ နားမလည်ဘဲ ရမ်းတုတ်(ယုပ်တမ်း) အပေါ်ယံရှိ အလွှာပြင် ပြောင်လက်မှုကို အထင်ကြီး အဟုတ်မှတ်၍
နေကြ၏။ ဒါတွေဟာမကောင်း။
အနုပညာ(တစ်နည်း) မြန်မာ့အနုပညာသည် မြန်မာနိုင်ငံရှိ လူသားတို့၏ စိတ်အား မိမိကိုယ်ကို၊ မိမိလူမျိုးကို တန်ဖိုးထားစေခဲ့၏။
မြန်မာ့ယဥ်ကျေးမှုသမိုင်းကို ပြန်လည်၍ ကြည့်လျှင် အောက်တန်းကျသော အနုပညာယဥ်ကျေးမှု မဟုတ်သည်ကို ကမ္ဘာအသိပင်ဖြစ်၏။

မြန်မာတို့သည် ကိုယ့်ယဥ်ကျေးမှု၊ ကိုယ့်အနုပညာကို အလွန်မြတ်နိုးခဲ့သည်မှာ အမှန်တကယ်ပင်။
ခုမှ (နှစ်ပေါင်းသုံးလေးဆယ်အတွင်း)
မိမိယဥ်ကျေးမှုကို မိမိအနုပညာဟု တန်ဖိုးမထားတတ်ဘဲ မချစ်မြတ်နိုးဘဲ ဖြစ်လာရ၏။
အကြောင်းကား ပြင်ပလွှမ်းမိုးက အင်အားကြီးများလာသည်ကတစ်ကြောင်း၊ မိမိတို့စိတ်က ပျော့ညံ့သည်က တစ်ကြောင်း ဖြစ်ချေမည်ဟု ကျွန်တော်ထင်သည်။ ပြင်ပလွှမ်းမိုးမှုသည် မကောင်းဟု ကျွန်တော်မဆိုပါ။ သို့သော် မိမိတို့ကိုယ်ပိုင် အနုပညာအရိပ်အာဝါသအောက်မှ လွတ်ထွက်သွားပြီး ပြင်ပလွှမ်းမိုးမှု၏ အောက်သို့ ရောက်သွားခြင်းသည် မကောင်း။ ထိုကဲ့သို့ (မကောင်း) ဖြစ်နေရခြင်းမှာ အနုပညာရှင်များအပေါ်၌ တာဝန်ရှိ၏။

အနုပညာရှင်များစိတ်ဓါတ်ပျော့ညံ့မှုကြောင့်
သူတို့ကိုယ်၌ပင်လျှင် ပြင်ပလွှမ်းမိုးမှု၏ဒဏ်ကို
ခံခဲ့ရ၏။ (ဆိုလိုသည်မှာ မြဝတီမင်းကြီး၏ တေးသီချင်းများအတိုင်း၊ ဆရာချုံ၏ ပန်းချီပုံစံများအတိုင်း သီကုံးရေးဆွဲရန် ဆိုလိုသည်မဟုတ်ပေ)။ ထိုသူနှစ်ဦးတို့သည်ပင်လျှင် ပြင်ပလွှမ်းမိုးမှု၏ ဒဏ်ကိုခံခဲ့ရ၏။

သို့သော် သူတို့သည် ထိုလွှမ်းမိုးမှုဒဏ်ကို ဖောက်ထွင်းကျော်လွှားပြီး မိမိတို့၏ ကိုယ်ပိုင်အနုပညာ စွမ်းအင်တို့ကို ဖော်ထုတ်နိုင်ခဲ့၏။
မြန်မာတို့သည် ပြင်ပလွှမ်းမိုးမှုဖြင့် ကိုယ်ပိုင်အနုပညာရပ်များကို ဖော်ထုတ်နိုင်စွမ်းရှိခဲ့သည်မှာ သမိုင်းအထောက်အထားပြခဲ့၏။

အာနန္ဒာစေတီ၏ ပြင်ပလွှမ်းမိုးမှုများကို ပညာရှင်များသိကြ၏။ သို့သော် အာနန္ဒာစေတီကားထူးချွန်ပြောင်မြောက်သော မြန်မာ့ အနုပညာလက်ရာတစ်ခုဖြစ်သည်မှာ မည်သူမျှ မငြင်းနိုင်ပေ။
သမိုင်း၌ အနုပညာပြောင်မြောက်ခဲ့သောခေတ်၊ အနုပညာ ဆုတ်ယုတ်ခဲ့သောခေတ်ဟူ၍ ရှိစမြဲပင်၊ အနုပညာ ပြောင်မြောက်သောခေတ်၌ အနုပညာရှင်သည် ခေါင်းဆောင်နိုင်ခဲ့၏။ အနုပညာဆုတ်ယုတ်သောခေတ်၌ အနုပညာရှင်သည် နောက်လိုက်ဖြစ်ခဲ့၏။ ကျွန်တော်တို့ ခေတ်၌ အနုပညာရှင်များ ခေါင်းဆောင်နေသည်၊ နောက်လိုက်ဖြစ်နေသည် ဆိုသည်မှာ သမိုင်းက မှတ်တမ်းတင်ပေလိမ့်မည်။

ထမင်းတစ်လုတ်အတွက် အလုပ်လုပ်နေ၍ အနုပညာခေါင်းဆောင်မှုအတွက် မစွမ်းဆောင်နိုင်ပါဆိုသည့် အနုပညာရှင်များ ယခုအခါ အများပင်။ ထမင်းတစ်လုတ်မစားရ၍ သေရမည်ကို ကြောက်သော အနုပညာရှင်များသည် အနုပညာဘွဲ့ကို မခံယူသင့်ပေ။

ပီမိုးနင်းလို အနုပညာရှင်များ ဘယ်ရောက်ကုန်ပါ
လိမ့်။ ပီမိုးနင်းသည် အများကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့သည်မှာ ဘယ်သူမှ မငြင်းနိုင်ပေ။ အနုပညာရှင်သည် အများကောင်းကျိုးကို လိုလားသော လူတစ်ယောက်ဖြစ်သင့်သည်။

"ဘဝသည် တန်ဖိုးရှိလှ၏။
ဘဝတစ်ခု တစ်နည်းအားဖြင့် အနုပညာ ထွန်းကားပြောင်မြောက်လာမည်ဆိုလျှင် အနုပညာရှင်သည် အသက်စွန့်ခံရဲရမည်။ ပြောင်မြောက်သော အနုပညာရပ်များ ကျွန်တော်တို့ နိုင်ငံ၌ ရှိသင့်ပေသည်။"

မြန်မာ့အနုပညာ ထွန်းကားပြောင်မြောက်ရေးအတွက် ဤဆောင်းပါးကို ကျွန်တော်ရေး၏။
ပြောင်မြောက်သော အနုပညာလုပ်ရပ်များသည်
ကမ္ဘာ့အနုပညာ ရေစီကြောင်းကို လွှမ်းမိုးစမြဲပင်။ တစ်ပါးသူများကို လွှမ်းမိုးနိုင်အောင် လုပ်စရာမလို။ မိမိဘာသာ ထွန်းပြောင်ရန်သာ လုပ်စရာလိုပေမည်။

ထို့ကြောင့် ကျွန်တော်တို့၏ အနုပညာများ
မထွန်းကားမပြောင်မြောက်သည်မှာ
အနုပညာသတ္တိရှိသူများ ရှားပါးနေပြီလားဟု ကျွန်တော်တွေးမိသည်။

Kin Maung Yin

🌿

ဆရာ့ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါတယ်ဆရာ။စိတ်ရင်းစေတနာကောင်းမွန်သောပညာဒါနသင်တန်းများ မျှဝေခဲ့သောArtist ဆရာ ဦးလှထွန်း ဆုံ...
22/11/2025

ဆရာ့ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါတယ်ဆရာ။

စိတ်ရင်းစေတနာကောင်းမွန်သော
ပညာဒါနသင်တန်းများ မျှဝေခဲ့သော
Artist ဆရာ ဦးလှထွန်း
ဆုံးပါးကြောင်း ကြားသိရလို့
စိတ်မကောင်းဖြစ်ရပါတယ်ရှင် 😞

ဖြောင့်မတ်သူသည် လောကရေးရာမှာ ရှုံးနိမ့်တတ်သည်။ သို့သော် တသက်လုံးကား လိပ်ပြာလုံလေတော့သည်။ ဒါသာ အမြတ်ဖြစ်၏။   ▪️ကြည်အေး   ...
21/11/2025

ဖြောင့်မတ်သူသည် လောကရေးရာမှာ ရှုံးနိမ့်တတ်သည်။ သို့သော် တသက်လုံးကား လိပ်ပြာလုံလေတော့သည်။ ဒါသာ အမြတ်ဖြစ်၏။

▪️ကြည်အေး
(ကိုယ့်အချစ်ဦး/တာရာမဂ္ဂဇင်း)

၁၉ရာစုနှောင်းပိုင်းမြန်မာ့ပန်းချီပြခန်းဆိုတာ....!!!ယနေ့ခေတ်လို..ပန်းချီပြခန်းတွေ၊ဝမ်းမင်းရှိုး၊ဂရုရှိုးတွေမပေါ်ခင်...မြန...
21/11/2025

၁၉ရာစုနှောင်းပိုင်းမြန်မာ့ပန်းချီပြခန်းဆိုတာ....!!!

ယနေ့ခေတ်လို..ပန်းချီပြခန်းတွေ၊ဝမ်းမင်းရှိုး၊
ဂရုရှိုးတွေမပေါ်ခင်...မြန်မာစပ်ပန်းချီဆရာကြီးများရေးဆွဲသောနိပါတ်၊ဇာတက၅၅၀၊ဇာတ်ကြီးဆယ်ဘွဲ့နှင့်နန်းမူနန်းဟန်စသည်ဖြင့်ပန်းချီကားများအား
ဘုန်းကြီးပျံပွဲ၊မယ်တော်ပျံ၊ဘတော်ပျံပွဲများရှိမှသာ...
ပန်းချီဆရာများမှခင်းကျင်းပြသသည်၊
ဝါသနာရှင်များကကြည့်ရှုရသည်။ ။
#𝙲rd:Ph𝚘t𝚘
ပုံ ၁ မူရင်း
ပုံ ၂ AI ဖြင့်ဆေးရောင်သွင်း

🖌 VOICES of FACES (Nyi Nyi Htun) 👉 ကြည့်ရခဲတဲ့ ပြပွဲတစ်ခုပါ၊ ဘာဖြစ်လို့လဲဆိုရင်🎯 Sculptural SOLO Show မလို့ပါ.......။ Ar...
06/11/2025

🖌 VOICES of FACES (Nyi Nyi Htun)
👉 ကြည့်ရခဲတဲ့ ပြပွဲတစ်ခုပါ၊ ဘာဖြစ်လို့လဲဆိုရင်
🎯 Sculptural SOLO Show မလို့ပါ.......။

Artist Nyi Nyi Htun ရဲ့ ပွင့်အန်ချက်တွေက.....

".... ကြမ်းတမ်းတဲ့ မျက်နှာပြင်ပေါ်က ....... မျှော်လင့်မှု စိတ်ရဲ့ ..... သက်သေ ၊ မှတ်ဉာဏ် ၊ ခံစာမှု...... "

📌 ဗိုလ်အောင်ကျော်လမ်း (အလယ်) ... Collector Art Gallery မှာ ပြသမှာ ဖြစ်တယ်။

🔴 နေ့ရက်.... .... ( ၈. ၁၁. ၂၀၂၅ မှ ၁၁. ၁၁. ၂၀၂၅ နေ့ထိ)

⏲ အချိန်........... ( မနက် ၁၀ နာရီ မှ ညနေ ၅ နာရီ)
..သွားရောက် ခံစား နားထောင်ကြည့်စေချင်...🍎

ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ပြပွဲလေးရှိတယ်ပေါ့……ဖိတ်ပါတယ်ခင်ဗျအောက်တိုဘာ ၂၃ ရက် Kalasa Art space မှာဆုံကြမယ်ခင်ဗျ ❤️🖤C...
20/10/2025

ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ပြပွဲလေးရှိတယ်ပေါ့……

ဖိတ်ပါတယ်ခင်ဗျ

အောက်တိုဘာ ၂၃ ရက် Kalasa Art space မှာဆုံကြမယ်ခင်ဗျ ❤️🖤

Curator Note
Whispers in Red and Black
Duet Exhibition by Artist Kyi Aung Pi & Artist Min Thu Rein
Whisper In Red & Black အမည်ရပြပွဲသည် အနုပညာ အတွေးအမြင်နဲ့ အာရုံစူးစိုက်မှု တွေမှာ အမြဲဆက်နွယ်မှုရှိနေတတ်တဲ့ Artist Kyi Aung Pi နှင့် Artist Min Thu Rein တို့ တွဲဖက်ပြသထားသော Duet Show ဖြစ်ပါသည် ။

သူတို့နှစ်ဦးရဲ့ စိတ်ခံစားချက်တွေ အတွေး (Concept ) တွေကို သူတို့ရဲ့ ဖန်တီးမှု အဖြစ် အသွင်ပြောင်းလဲထား တဲ့ လက်ရာတွေပါ။(Red ) အနီရောင် ဆိုသည်မှာ စူးစူးနစ်နစ်ခံစားလုပ်ဆောင်မှု ၊ နွေးထွေးမှု ၊ စိတ်အားသတ္တိစသည့် စိတ်ခံစားချက်တွေကိုပေးသည့် အရောင်ဖြစ်သလို
(Black )အနက်ဆိုသည်ကား ဆိတ်ငြိမ်ခြင်း ရဲ့ ရောင်ပြန်ထင်ဟပ်မှု ၊ ပြန်လည်သုံးသပ်ခြင်း၏ အတိမ်အနက် လို့ ဖော်ညွှန်းကြပါတယ်။

သူတို့ပန်းချီကားထဲက အနီနဲ့အနက်က ရော ဘယ်လိုအဓိပ္ပါယ်မျိုး ခံစားမှုမျိုးကို ဖော်ထုတ်နေကြပါလဲ။

ဤအရောင်နှစ်ခု ကို အဓိကဗဟိုပြု ဖန်တီးထားသည့် Artist Kyi Aung Piနှင့် Artist Min Thu Rein တို့၏ ပန်းချီကားများသည် သူတို့၏ အတွင်း အဇ္ဈတ္တမှ လာသည့် တီးတိုးရွတ်ဆိုသံ ၊ နူးညံခြင်း ၊ မာကြောခြင်း အစရှိတဲ့ ဆန့်ကျင်ဖက် စိတ်ခံစားချက်များစွာကို ရိုးသားစွာ ဖော်ထုတ်ပြသခြင်း ဖြစ်ပြီး မသေချာမရေရာသော အချိန်ကာလမှာ အနုပညာကြားခံဖြင့် ကူးလူးဆက်သွယ်ထားခြင်းလို့လည်း ဆိုလိုနိုင်ပါတယ်။

သူတို့နှစ်ဦးရဲ့ စုတ်ချက်တွေ ၊ အရောင်တွေ ဟာ သူတို့အချင်းချင်း တီးတိုးပြောဆိုသံများလား ?
သူတို့ကတဆင့်အခြားကြည့်ရှုသူတွေကို တီးတိုးပြောဆိုဖို့ကြိုးစားနေမျိုးခြင်းလား?

ဆိတ်ငြိမ်တဲဲ့အနုပညာပြခန်းမှာ သူတို့နှစ်ဦးဆီက အနုပညာကြားခံပြု တီးတိုးပြောဆိုမှုလေးတွေကို ကြည့်မြင်ခံစား နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ ။

❤️🖤❤️🖤❤️🖤

In Whispers in Red and Black, artists Kyi Aung Pai and Min Thu Rein explore the profound emotional resonance of two elemental colors - red and black. Through abstraction, they transform these hues into voices of feeling and thought.

For the artists, red is the pulse of emotion - passion, warmth, and courage while black becomes the depth of silence and reflection. Within this limited palette, contrasts collide and harmonies emerge, revealing the invisible dialogue that flows between them.

These paintings are more than visual expressions; they are emotional whispers - tender, fierce, and honest, shared between two souls during uncertain times. Through the rhythm of brushstrokes and the tension of color, what the artists whisper to each other quietly reaches the audience.
In the stillness of the gallery, these whispers invite viewers to listen with their hearts to sense the unspoken emotions hidden within the layers of red and black.

ဆရာဝေကောင်းရာသုဂတိ လားပါစေ🙏🙏🙏တေးရေးဆရာသော်ဒီဝေပန်းချီဆရာ ဝေချစ်ကို(၁၉၅၄ - ၂၀၂၅)
16/10/2025

ဆရာဝေကောင်းရာသုဂတိ လားပါစေ
🙏🙏🙏

တေးရေးဆရာသော်ဒီဝေ
ပန်းချီဆရာ ဝေချစ်ကို
(၁၉၅၄ - ၂၀၂၅)

🖌🖌🖌 THREE Challenges (art exhibition) ကျနော်နဲ့  သူငယ်ချင်း Collector နှစ်ယောက်ရဲ့ စုပေါင်း ပွဲလေးပါ။ ဒီစနေနေ့ကစပြီး ၅ ရ...
10/10/2025

🖌🖌🖌 THREE Challenges (art exhibition)

ကျနော်နဲ့ သူငယ်ချင်း Collector နှစ်ယောက်ရဲ့ စုပေါင်း ပွဲလေးပါ။ ဒီစနေနေ့ကစပြီး ၅ ရက်ပြပါမယ်။ ပါဝင်တဲ့ ပန်းချီကားတွေရဲ့ Artist တွေက အောက်က ပုံထဲမှာဖေါ်ပြထားပါတယ်။ ကျနော်တို့ အချိန်အတော်ကြာ စုဆောင်းထားတဲ့ ကားတချို့ကို ပြသရောင်းချတာပါ။ ပွဲနာမည် Three Challenges က ဆရာကြီးဦးဝင်းဖေရဲ့ ပန်းချီကားနာမည်ကိုကြိုက်လို့ပေးဖြစ်တာပါ။

"စိန်ခေါ်မှုတွေက ဘယ်တော့မှ ကိုယ်ထင်ထားသလိုလာတာ မဟုတ်ဘူးဗျ။ ဒါကိုရေးထားတာပါ"

လို့ ဆရာကြီးက ဒီပန်းချီကားနဲ့ပတ်သတ်ပြီးပြောပြပါတယ်။ ဒီပန်းချီကားကိုကြိုက်တာရော ပွဲနဲ့လိုက်တယ်ထင်တာရောကြောင့် ဒီနာမည်ကိုပေးဖြစ်တာပါ။
အချိန်ရရင် လာခဲ့ကြပါဦး။ ဖွင့်ပွဲနေ့ (11.10.2025) ထွေထွေထူးထူး မလုပ်ဖြစ်ပေမယ့် ကော်ဖီနဲ့ မုန့်ကျွေးပါမယ်ခမျာ။ အပေါင်းအသင်း အားလုံးဖိတ်ပါတယ်။ ဒီ Post ကိုလည်း Share ပေးကြပါဦး။
ကျေးဇူးတင်ပါတယ်။

Three Challenges
11 to 15 Oct 2025
10am to 5pm
Artistic Space Art Gallery
အမှတ် (G-06) (မြေညီ)၊ ဗိုလ်မြတ်ထွန်းတာဝါ၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

Address

Kamayut

Telephone

+959767635733

Website

Alerts

Be the first to know and let us send you an email when Neutral Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Neutral Art Gallery:

Share

Category