Narma Daw Art Gallery

Narma Daw Art Gallery နာမတော် ပန်းချီပြခန်း

ဝန်ခံချက်
- Narma Daw Art Gallery ရှိ ပန်းချီကားများသည် ခရစ်ယာန် ပန်းချီဆရာများ ကိုယ်တိုင်ရေးဆွဲထားသော ပန်းချီကား ဖြစ်ပါသည်။
- ပန်းချီကားရောင်းရငွေတန်ဖိုး၏‌ ဆယ်ပုံတပုံအား ပျောက်ဆုံးဝိညာဉ်ရှာရန်အတွက် ပေးလှူသွားပါမည်။
- ခရစ်ယာန် ပန်းချီဆရာများအား သက်ဆိုင်ရာ Institution တိုင်းတွင် နေရာပေးရန်အတွက် Christian Art Revolution လုပ်ရပ်တရပ်လည်း ဖြစ်ပါသည်။
- ပန်းချီ၊ စာပေ၊ အနုပညာဖန်တီးမှုပုံစံများအား အသုံးပြု

၍ ခရစ်တော်၏ သာသနာ လုပ်ငန်းအား တိုးချဲ့နိုင်စေရန် ဖြစ်သည်။
- မြန်မာ ခရစ်ယာန် ပန်းချီဆရာများ ဆက်သွယ်ချိတ်ဆက်နိုင်ပါသည်။

ဆောင်ပုဒ် (Motto)
ဖန်ဆင်းခြင်း အနုပညာ (ကမ္ဘာဦးကျမ်း ၁)

ရူပါရုံ (Vision)
- စုတ်ချက်ဖြင့် ဖန်ဆင်းခြင်းအကြောင်းအရာများအား စီခြယ်နိုင်ရေး
- ခရစ်ယာန်ရေးရာနှင့် သက်ဆိုင်သည့် Art Exhibition များ ကျင်းပနိုင်ရေး
- ခရစ်ယာန်ရေးရာနှင့် သက်ဆိုင်သည့် Performance Art များ ပြသနိုင်ရေး

ရည်ရွယ်ချက် (Mission)
- မြန်မာပြည်၌ ခရစ်ယာန် အနုပညာရှင်များ စဉ်ဆက်မပြတ် ပေါ်ထွန်းရေး
- မြန်မာပြည်ရှိ ခရစ်ယာန်သာသနာ၌ အနုပညာဖန်တီးမှုဖြင့် အစေခံကြသည့် အမှုထမ်းကောင်းများ ပေါ်ထွန်းစေရေး
- ခရစ်ယာန်ရေးရာနှင့် သက်ဆိုင်သည့် Institution တိုင်း၌ အနုပညာလုပ်ငန်းအား အသိအမှတ်ပြု နေရာပေးလာရေး

ပန်းတိုင် (Goal)
ခရစ်တော်၏ သာသနာတော်နှင့် သက်ဆိုင်သည့်ကိစ္စတိုင်း၌ အနုပညာပုံဖော်မှုဖြင့် အစေခံသူများ ပေါ်ထွန်းလာစေရန်

တန်ဖိုး (Value)
၁။ ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် သူ၏ အကြံအစည်တော်များအား အနုပညာဖြင့် အသုံးတော်ခံသူများ ပေါ်ထွန်းရေး
၂။ ခရစ်ယာန် အနုပညာဝါဒရေးရာ ကျွမ်းကျင်သူများ ပေါကြွယ်ရေး
၃။ ခရစ်ယာန် အနုပညာလုပ်ငန်း တိုးတက်ပြန့်ပွားရေး
၄။ ခရစ်ယာန် အနုပညာရှင်များ စဉ်ဆက်မပြတ်ပေါ်ထွန်းရေး

Narma Daw Art Gallery

27/08/2025

အောင်မြင်သော ပန်းချီပြပွဲဖြစ်ရန် လမ်းညွှန် (၁၀)ချက်

၁။ ကြိုတင် စီမံခြင်း (Advance Planning)
ပြပွဲပြုလုပ်ရန် ၃လ မှ ၆လအတွင်း ကြိုတင်စီစဉ်သင့်ပါသည်။
အချိန်ပိုယူထားခြင်းသည် ပြပွဲပြုလုပ်ရမည့်နေရာ၊
ပြပွဲရက်၊ ဖိတ်ကြားရမည့် ပန်းချီဆရာများ၊ ဘတ်ဂျက် စသည်များကို ပိုမိုကောင်းမွန်စွာ စီမံနိုင်မည်ဖြစ်သည်။
ပြပွဲရက်များအဖြစ် လူအများ လွတ်လပ်ပေါ့ပါးစွာ အချိန်ပေးနိုင်မည့် စနေ၊ တနင်္ဂနွေနှင့် ပြည်သူ့ ရုံးပိတ်ရက်များကို ရွေးချယ်နိုင်ပြီး ဖွင့်ပွဲအခမ်းအနားကိုမူ စိတ်လက်ပေါ့ပါးသည့် ညနေခင်းအချိန်ကို ရွေးချယ်သင့်သည်။

၂။ ပြပွဲအကြောင်းအရာ (Theme/Concept)
ပြပွဲတခုလုံးကို ချိတ်ဆက်ပေးမည့် အဓိကအကြောင်းအရာ (Theme) နှင့် ကျူရေတာ ရှုထောင့် (Curatorial Concept) တခု သတ်မှတ်ရမည်။
အဆိုပါ သတ်မှတ်ချက်သည် ပြသမည့် ပန်းချီလက်ရာများကို ရွေးချယ်ရာတွင် လွယ်ကူစေနိုင်သည်သာမက အနုပညာ၏ အတိအနက်နှင့် နက်ရှိုင်းမှုကို ခံစားသက်ဝင်နိုင်စေရန် လမ်းညွှန်မှု ပေးနိုင်ရမည်။
"ဇာတ်တော်"၊ "မြို့ပြ" စသဖြင့်။

၃။ ဘတ်ဂျက်ပလန် (Budget Plan)
ပြပွဲတွင်း ကုန်ကျစရိတ်အားလုံးကို တင်ကြိုတွက်ချက်နိုင်ရန် ဘတ်ဂျက်ဇယား ပြုလုပ်ထားရမည်။
- နေရာငှားရမ်းခ၊ ပန်းချီကား သယ်ယူပို့ဆောင်ခ၊ ဖိတ်စာနှင့် ဗီနိုင်းပိုစတာ၊ မုန့်ပဲသရေစာ။
- ပန်းချီကားရောင်းရခြင်းမှ ရရှိမည့် ကော်မရှင်ရာခိုင်နှုန်း၊ အခွန်ကုန်ကျစရိတ်။
- သယ်ယူ ပို့ဆောင်ရေး၊ ပန်းချီကားဘောင်

၄။ ပြပွဲကျင်းပရမည့် နေရာ (Venue Selection)
ပြပွဲကျင်းပရမည့် နေရာရွေးချယ်တတ်ခြင်းသည် ပန်းချီပြပွဲ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း၏ အဆုံးအဖြတ်ဖြစ်သည်။
ပရိသတ်များ အလွယ်တကူ ရောက်ရှိနိုင်သော အချက်အချာကျသည့်နေရာကို ရွေးချယ်တတ်ရမည်။
ပြသမည့် လက်ရာများ အားလုံးအတွက် လုံလောက်သော နေရာရှိခြင်းနှင့် ပြပွဲလာသူများ လွတ်လပ်စွာ လှည့်ပတ်ကြည့်ရှုနိုင်သည့် နေရာဖြစ်ရမည်။
ပန်းချီကားများကို လုံခြုံစိတ်ချစွာ ပြသနိုင်၍ သဘာဝနှင့် သဘာဝမဟုတ်သော အလင်းရောင် အသုံးပြုခြင်းကို မှန်ကန်စွာ အသုံးချနိုင်သည့် နေရာဖြစ်ရမည်။

၅။ စျေးကွက် (Marketing & Promotion)
ပန်းချီကားများကို ဝယ်ယူစုဆောင်းသူ (Collector)နှင့် ပြန်လည်ရောင်းချသူ (Dealer) ထံသို့ ရောက်ရှိနိုင်ရန် အားထုတ်ရမည်။
ဆိုရှယ်မီဒီယာများ (Facebook, Instagram, Website, Youtube) တွင် ပန်းချီလက်ရာများကို Post တင်ကာ ပြပွဲသတင်းနှင့် ပန်းချီလက်ရာများကို မိတ်ဆက်ထားရမည်။
ပန်းချီ ချစ်မြတ်နိုးသူ၊ စုဆောင်းသူနှင့် သတင်းမီဒီယာများထံသို့ ဖိတ်စာ ပေးပို့ရမည်။
သတင်းစာ၊ မဂ္ဂဇင်း၊ အနုပညာနှင့် ပတ်သက်သောမီဒီယာများနှင့် ဆက်သွယ်ကာ ပြပွဲသတင်းကို ကြိုတင်ထုတ်ပြန်ထားရမည်။

၆။ ဖိတ်ကြားခြင်း (Artist Invitation)
ပန်းချီပြပွဲတွင် ပြသလိုသည့် (တဦးချင်း၊ အုပ်စုလိုက်)ပန်းချီဆရာများအား ပြပွဲမတိုင်မီ အနည်းဆုံး ၃လကြိုတင်၍ ပြပွဲ အကြောင်းအရာ (Art Exhibition Theme)၊ ပြပွဲရက် (Date)၊ ပြခန်း (Avenue)၊ ပါဝင်ရန် လိုအပ်ချက် (Artwork requirement)နှင့် ကော်မရှင်နှုန်းထား (Commission)များကို ရှင်းလင်းစွာ ဖော်ပြထားသည့် Proposal Letter နှင့် ပူးတွဲပေးပို့ထားရမည်။

၇။ ရွေးချယ်ပြသခြင်း (Curation)
ဖိတ်ကြားထားသော ပန်းချီဆရာများ၏ လက်ရာများထဲမှ ပြပွဲ၏ အကြောင်းအရာနှင့် ကိုက်ညီသော အရည်အသွေးမီ လက်ရာများကို ရွေးချယ်ခြင်း (Curate) ပြုလုပ်ရပါမည်။
Curation ပြုလုပ်ခြင်းသည် ပြပွဲ၏ အရည်အသွေးကို သတ်မှတ်ပေးခြင်းဖြစ်သည်။

၈။ ပန်းချီဆရာများနှင့် ဆက်သွယ်ခြင်း (Artist Communication)
ပန်းချီပြပွဲတွင် ပါဝင်မည့် ပန်းချီဆရာများကို ပြခန်းတွင် ပန်းချီကား ပို့ဆောင်ရမည့်နေ့ရက်၊ ပန်းချီကား ချိတ်ဆွဲရမည့်အချိန်၊ ပန်းချီကား ပြန်လည် ဖြုတ်ချမည့်အချိန်၊
ဖွင့်ပွဲသို့ တက်ရောက်ရန် လိုအပ်ချက်များ စသည်ဖြင့် အသေးစိတ်ဆန်သည့် အစီအစဉ်များကို အချိန်နှင့်တပြေးညီ အသိပေးရမည်။
ပန်းချီဆရာများ၏ လိုအပ်ချက်နှင့် တောင်းဆိုချက်များကို နားစွင့်ရမည်။

၉။ ပန်းချီကားအရွယ်အစားအလိုက် နေရာချထားမှု (Layout & Display)
လက်ရာတခုချင်းစီကို မည်သည့်ပုံစံ၊ မည်သည့်နည်းလမ်းဖြင့် ပြသမည်ကို ကြိုတင်စီစဉ်ထားရှိရမည်။
ပန်းချီကား လားရာ၊ အရွယ်အစား၊ အရောင်၊ မီီဒယံများပေါ် မူတည်၍ နေရာချထား (Layout Plan) ရမည်။
သီးသန့် နေရာလွတ်ပေးရသည့် ပန်းချီလက်ရာမျိုးလည်း ရှိတတ်သည်။

၁၀။ ပန်းချီကားရောင်းချခြင်း (Sales Management)
ပန်းချီဆရာနှင့် တိုင်ပင်ကာ ပန်းချီလက်ရာ ရောင်းဈေး သတ်မှတ်ရမည်။
ပြပွဲတင်သော ပန်းချီကားတခုချင်းဆီ၏ ရောင်းဈေး(Price List) ကို ပြုစုရမည်။
ငွေချေခြင်း၊ တံဆိပ်တုံးထုခြင်း၊ Certificate ပေးခြင်း၊ ဘောင်ချာ (Voucher, Receipt) ထုတ်ပေးခြင်းစသည့် ကိစ္စရပ်များအတွက် ကောင်တာတခု ထားရှိရမည်။
ရောင်းရငွေ၏ ကော်မရှင်နှုန်းထားနှင့် အခွန်ကို ကြိုတင်တွက်ချက်ထားရမည်။
ပြပွဲချိန်တွင်း ပန်းချီလက်ရာများ ဖြုတ်ချခြင်းမျိုး မပြုလုပ်ရန်နှင့် ပြပွဲပြီးဆုံးချိန်တွင် ပန်းချီလက်ရာများကို လုံခြုံစွာ ပြန်လည်ထုပ်ပိုးပေးပို့နိုင်ရန် စီမံထားရမည်။


#နာမတော်_ပန်းချီပြခန်း
#အောင်မြင်သော_ပန်းချီပြပွဲဖြစ်ရန်_လမ်းညွှန်_(၁၀)ချက်

ပန်းချီကားရောင်းရငွေအားလုံးကိုမြန်မာပြည်ရှိ ငလျင်ဒဏ်သင့် ဒေသအတွက် အသုံးပြုမည်ဖြစ်သည်။Khual Pi Art (Artwork)ဆက်သွယ်ရန်+95...
01/04/2025

ပန်းချီကားရောင်းရငွေအားလုံးကို
မြန်မာပြည်ရှိ ငလျင်ဒဏ်သင့် ဒေသအတွက် အသုံးပြုမည်ဖြစ်သည်။

Khual Pi Art (Artwork)
ဆက်သွယ်ရန်
+95-9-799-934-787 (တိုက်ရိုက်ဆက်သွယ်ရန်)

ပန်းချီကားအရောင်းတင်လိုသူများလည်း
Narma Daw Art Gallery မှာ Message ပို့၍ အရောင်းတင်နိုင်ပါသည်


19/03/2024

Artist Zo Zam
အနုပညာနှင့် သူဘဝ
သူ့ဘဝနှင့် အနုပညာ

In the Beginning: Artistic Explorations
Feb 21-25, 2024
10AM-7PM

Organized by Narma Daw Art Gallery
Presented by Color Soprano Art Space

Video - Selah O
Video Editing - Salai Lung



Project Proposal Writing Training မှာသင်ကြားသူ၊ သင်ယူသူ၊ ဖြန့်ဝေသူ၊ ပေါင်းကူးသူ တွေ့ဆုံမှုသင်ကြားသူ - Tr.May (Research D...
18/03/2024

Project Proposal Writing Training မှာ
သင်ကြားသူ၊ သင်ယူသူ၊ ဖြန့်ဝေသူ၊ ပေါင်းကူးသူ တွေ့ဆုံမှု

သင်ကြားသူ - Tr.May (Research Design and Methodology - RDM)
ဖြန့်ဝေသူ - Selah O (Narma Daw Art Gallery)

NGO, INGO, Independent,Art Field, CSO အစရှိဖြင့်
field အဖုံဖုံမှာ Proposal ကောင်းရေးတတ်သူတွေ ဖြစ်ကြပါစေ

Training ကို တက်ရောက်လာကြတဲ့
အနုပညာ၊ စာပေ၊ ဂီတ နယ်စုံပယ်စုံက မိတ်ဆွေတွေလည်း
Narma Daw Art Gallery နဲ့ Partnership ပြုလုပ်ပြီးတော့
လက်တွဲလုပ်ဆောင်ချင်ပါတယ်

Partnership ပြုလုပ်ချင်တယ်ဆိုရင်တော့
Selah O (+95-9-256-116-162)
[email protected]
Narma Daw Art Gallery chat box ကို
ကြွမြန်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ

Project Proposal မရေးတတ်ဘူးဆိုရင်တော့
Narma Daw Art Gallery ကို သတိရလိုက်ပါ

မှတ်ချက်
Certificate, ppt, video recording တွေကို
email ကနေတဆင့် ပို့ပေးပါပြီ



Project Proposal Writing အတွက်သက်ဆိုင်ရာ Acc နဲ့ Email တွေမှာZoom Link ပို့ပြီးဖြစ်ပါတယ်စာရင်းသွင်းရဲ့သားနဲ့ Zoom Link မ...
17/03/2024

Project Proposal Writing အတွက်
သက်ဆိုင်ရာ Acc နဲ့ Email တွေမှာ
Zoom Link ပို့ပြီးဖြစ်ပါတယ်

စာရင်းသွင်းရဲ့သားနဲ့ Zoom Link မရတာမျိုးရှိရင်
Narma Daw Art Gallery ရဲ့ Chat box မှာ
လာရောက် အသိပေးနိုင်ပါတယ်

Project Proposal Writing ကို
Narma Daw Art Gallery နဲ့ Research Design and Methodology-RDM
Collabration ပြုလုပ်ထားပါတယ်

သင်ကြားမယ့်သူဟာ Tr.May ဖြစ်ပါတယ်
Facilitator ကတော့ Selah O ဖြစ်ပါတယ်


Proposal ဘယ်လိုရေးရလဲ တိုင်ပတ်နေတဲ့သူတွေအတွက်မတ်လ (၁၇)ရက်နေ့မှာ ပြုလုပ်မယ့် Project Proposal Training နဲ့ မိတ်ဆက်ပေးချင်...
16/03/2024

Proposal ဘယ်လိုရေးရလဲ တိုင်ပတ်နေတဲ့သူတွေအတွက်
မတ်လ (၁၇)ရက်နေ့မှာ ပြုလုပ်မယ့် Project Proposal Training နဲ့ မိတ်ဆက်ပေးချင်ပါတယ်
အနုပညာနဲ့ ပတ်သက်တဲ့ Proposal Report ဘယ်လိုရေးရမလဲ မသိသူတွေအတွက်တော့
အင်မတန် အကျိုးများမယ့် Training တခုဖြစ်ပါတယ်

Project Proposal ရေးတတ်သွားပြီဆိုရင်
Grant လျှောက်တဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိသွားမှာဖြစ်ပါတယ်
Art Project အတွက် Proposal ဘယ်လိုရေးရလဲဆိုတာ သိရမယ်
အနုပညာဆိုတဲ့ ရပ်ဝန်းမှာ အထိ၊ အတွေ့၊ အမြင်၊ အဖတ်၊ အကြား၊ အာရုံ ဆိုပြီးတော့
အများကြီးရှိပါတယ်
Performance Art, Installation Art ဆိုပြီးလည်း အများကြီးရှိပါသေးတယ်
အရေးကြီးတဲ့ Concept တခုကတော့ Proposal ရေးသားခြင်းပါပဲ

Proposal Tip လေးတွေ သိချင်တယ်
NGO Grant လည်းရချင်တယ်
Private Project လည်း လုပ်ချင်တယ်ဆိုရင်တော့
Narma Daw Art Gallery ကနေပြုလုပ်တဲ့
Project Proposal Training ကို တက်ရောက်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်

Research Design and Methodology-RDM ရဲ့
Principal Tr.May သင်ကြားပို့ချပေးမှာဖြစ်ပါတယ်
လက်ရှိ Myanmar Survey Research မှာ
သုတေသနပညာရှင်တဦးအနေနဲ့ လုပ်ကိုင်နေသူ ဖြစ်ပြီး
သုတေသနနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေကို
သင်ကြားပို့ချပေးနေသူတဦးလည်း ဖြစ်ပါတယ်

Narma Daw Art Gallery နဲ့ RDM collaborate ပြုလုပ်တဲ့
ပညာဒါန အစီအစဉ်တခုဖြစ်ပါတယ်
သင်တန်းကြေးအနေနဲ့ ၅ထောင်ပါ
Certificate လိုချင်တယ်ဆိုရင်တော့ နောက်ထပ် ၁သောင်း ထပ်ဆောင်းပေးရပါမယ်
(စုစုပေါင်း ၁၅၀၀၀ ကျပ်)
ည ၇နာရီကနေ ၉နာရီအထိ ZOOM ကနေ သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်

Hau Thawn Kim
09-256-116-162 (KBZpay)
မှာ သင်တန်းကြေးပေးသွင်းနိုင်ပါတယ်

Propose ကောင်းကောင်းရေးတတ်ရင် အချစ်ကောင်းကောင်းရမယ်
Proposal ကောင်းကောင်းရေးတတ်ရင် Project ကောင်းကောင်းရမယ်

Register Link
https://forms.gle/ChdvdkJWqbHyYrsz9




Artist John D MarCaricature, PortraitInk Pen, Water ColorCommercial Art Work တွေ လက်ခံဆွဲပေးနေပါကြောင်းဆက်သွယ်ရန်Narma D...
12/03/2024

Artist John D Mar
Caricature, Portrait
Ink Pen, Water Color

Commercial Art Work တွေ လက်ခံဆွဲပေးနေပါကြောင်း

ဆက်သွယ်ရန်
Narma Daw Art Gallery
09-256-116-162 (KBZpay)



မတ်လ (၁၇) ရက်ကို ပြန်ပြောင်းထားပါတယ်အမျိုးတို့ရေရက်ပြောင်းလိုက်တာကို နားလည်ပေးကြပါခင်ဗျာ
11/03/2024

မတ်လ (၁၇) ရက်ကို ပြန်ပြောင်းထားပါတယ်အမျိုးတို့ရေ
ရက်ပြောင်းလိုက်တာကို နားလည်ပေးကြပါခင်ဗျာ

Proposal ဘယ်လိုရေးရလဲ တိုင်ပတ်နေတဲ့သူတွေအတွက်
မတ်လ (၁၇)ရက်နေ့မှာ ပြုလုပ်မယ့် Project Proposal Training နဲ့ မိတ်ဆက်ပေးချင်ပါတယ်
အနုပညာနဲ့ ပတ်သက်တဲ့ Proposal Report ဘယ်လိုရေးရမလဲ မသိသူတွေအတွက်တော့
အင်မတန် အကျိုးများမယ့် Training တခုဖြစ်ပါတယ်

Project Proposal ရေးတတ်သွားပြီဆိုရင်
Grant လျှောက်တဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိသွားမှာဖြစ်ပါတယ်
Art Project အတွက် Proposal ဘယ်လိုရေးရလဲဆိုတာ သိရမယ်
အနုပညာဆိုတဲ့ ရပ်ဝန်းမှာ အထိ၊ အတွေ့၊ အမြင်၊ အဖတ်၊ အကြား၊ အာရုံ ဆိုပြီးတော့
အများကြီးရှိပါတယ်
Performance Art, Installation Art ဆိုပြီးလည်း အများကြီးရှိပါသေးတယ်
အရေးကြီးတဲ့ Concept တခုကတော့ Proposal ရေးသားခြင်းပါပဲ

Proposal Tip လေးတွေ သိချင်တယ်
NGO Grant လည်းရချင်တယ်
Private Project လည်း လုပ်ချင်တယ်ဆိုရင်တော့
Narma Daw Art Gallery ကနေပြုလုပ်တဲ့
Project Proposal Training ကို တက်ရောက်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်

Research Design and Methodology-RDM ရဲ့
Principal Tr.May သင်ကြားပို့ချပေးမှာဖြစ်ပါတယ်
လက်ရှိ Myanmar Survey Research မှာ
သုတေသနပညာရှင်တဦးအနေနဲ့ လုပ်ကိုင်နေသူ ဖြစ်ပြီး
သုတေသနနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေကို
သင်ကြားပို့ချပေးနေသူတဦးလည်း ဖြစ်ပါတယ်

Narma Daw Art Gallery နဲ့ RDM collaborate ပြုလုပ်တဲ့
ပညာဒါန အစီအစဉ်တခုဖြစ်ပါတယ်
သင်တန်းကြေးအနေနဲ့ ၅ထောင်ပါ
Certificate လိုချင်တယ်ဆိုရင်တော့ နောက်ထပ် ၁သောင်း ထပ်ဆောင်းပေးရပါမယ်
(စုစုပေါင်း ၁၅၀၀၀ ကျပ်)
ည ၇နာရီကနေ ၉နာရီအထိ ZOOM ကနေ သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်

Hau Thawn Kim
09-256-116-162 (KBZpay)
မှာ သင်တန်းကြေးပေးသွင်းနိုင်ပါတယ်

Propose ကောင်းကောင်းရေးတတ်ရင် အချစ်ကောင်းကောင်းရမယ်
Proposal ကောင်းကောင်းရေးတတ်ရင် Project ကောင်းကောင်းရမယ်

Register Link
https://forms.gle/ChdvdkJWqbHyYrsz9


၁၇ရက်နေ့ကို ပြောင်းထားတယ်နော်




Proposal ဘယ်လိုရေးရလဲ တိုင်ပတ်နေတဲ့သူတွေအတွက်မတ်လ (၁၇)ရက်နေ့မှာ ပြုလုပ်မယ့် Project Proposal Training နဲ့ မိတ်ဆက်ပေးချင်...
10/03/2024

Proposal ဘယ်လိုရေးရလဲ တိုင်ပတ်နေတဲ့သူတွေအတွက်
မတ်လ (၁၇)ရက်နေ့မှာ ပြုလုပ်မယ့် Project Proposal Training နဲ့ မိတ်ဆက်ပေးချင်ပါတယ်
အနုပညာနဲ့ ပတ်သက်တဲ့ Proposal Report ဘယ်လိုရေးရမလဲ မသိသူတွေအတွက်တော့
အင်မတန် အကျိုးများမယ့် Training တခုဖြစ်ပါတယ်

Project Proposal ရေးတတ်သွားပြီဆိုရင်
Grant လျှောက်တဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို သိရှိသွားမှာဖြစ်ပါတယ်
Art Project အတွက် Proposal ဘယ်လိုရေးရလဲဆိုတာ သိရမယ်
အနုပညာဆိုတဲ့ ရပ်ဝန်းမှာ အထိ၊ အတွေ့၊ အမြင်၊ အဖတ်၊ အကြား၊ အာရုံ ဆိုပြီးတော့
အများကြီးရှိပါတယ်
Performance Art, Installation Art ဆိုပြီးလည်း အများကြီးရှိပါသေးတယ်
အရေးကြီးတဲ့ Concept တခုကတော့ Proposal ရေးသားခြင်းပါပဲ

Proposal Tip လေးတွေ သိချင်တယ်
NGO Grant လည်းရချင်တယ်
Private Project လည်း လုပ်ချင်တယ်ဆိုရင်တော့
Narma Daw Art Gallery ကနေပြုလုပ်တဲ့
Project Proposal Training ကို တက်ရောက်ပါလို့ ဖိတ်ခေါ်လိုက်ပါတယ်

Research Design and Methodology-RDM ရဲ့
Principal Tr.May သင်ကြားပို့ချပေးမှာဖြစ်ပါတယ်
လက်ရှိ Myanmar Survey Research မှာ
သုတေသနပညာရှင်တဦးအနေနဲ့ လုပ်ကိုင်နေသူ ဖြစ်ပြီး
သုတေသနနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေကို
သင်ကြားပို့ချပေးနေသူတဦးလည်း ဖြစ်ပါတယ်

Narma Daw Art Gallery နဲ့ RDM collaborate ပြုလုပ်တဲ့
ပညာဒါန အစီအစဉ်တခုဖြစ်ပါတယ်
သင်တန်းကြေးအနေနဲ့ ၅ထောင်ပါ
Certificate လိုချင်တယ်ဆိုရင်တော့ နောက်ထပ် ၁သောင်း ထပ်ဆောင်းပေးရပါမယ်
(စုစုပေါင်း ၁၅၀၀၀ ကျပ်)
ည ၇နာရီကနေ ၉နာရီအထိ ZOOM ကနေ သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်

Hau Thawn Kim
09-256-116-162 (KBZpay)
မှာ သင်တန်းကြေးပေးသွင်းနိုင်ပါတယ်

Propose ကောင်းကောင်းရေးတတ်ရင် အချစ်ကောင်းကောင်းရမယ်
Proposal ကောင်းကောင်းရေးတတ်ရင် Project ကောင်းကောင်းရမယ်

Register Link
https://forms.gle/ChdvdkJWqbHyYrsz9


၁၇ရက်နေ့ကို ပြောင်းထားတယ်နော်




၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ရက်၊ ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ပန်းချီပြပွဲကိုNarma Daw Art Gallery ကနေ ဦးစီးကျင်းပခွင့်ရတဲ...
01/03/2024

၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ရက်၊ ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ပန်းချီပြပွဲကို
Narma Daw Art Gallery ကနေ ဦးစီးကျင်းပခွင့်ရတဲ့အတွက်
ဘုရားရှင်ရဲ့ ကျေးဇူးတော် ချီးမွမ်းပါတယ်

ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ပန်းချီပြပွဲပြုလုပ်နိုင်ဖို့
နေရာထိုင်ခင်း စီစဥ်ပေးတဲ့ HUIVA INN ကိုလည်း ကျေးဇူးတင်ပါတယ်

နောက်များမှာလည်း ရက်ထူးနေ့မြတ် အထိမ်းအမှတ်နဲ့ ပတ်သက်တဲ့
ဂုဏ်ပြုပန်းချီပြပွဲမျိုးကို Narma Daw Art Gallery ကနေ
ဦးစီးကျင်းပဖြစ်မယ်ဆိုရင်လည်း HUIVA INN owner Grace Sian အနေနဲ့
ထပ်မံပြီးတော့ နေရာထိုင်ခင်း စီစဥ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်


ဆရာ မိုးယဥ်သဲရာ လာရောက်ချီးမြှင့်ခဲ့ပါတယ်ဖေဖော်ဝါရီ ၂၆ရက်နေ့ ပန်းချီကားသိမ်းချိန်မှာပေါ့မိဿဟာရပြုဖြစ်ကြပါတယ်ခရစ်ယာန် ပန်...
01/03/2024

ဆရာ မိုးယဥ်သဲရာ လာရောက်ချီးမြှင့်ခဲ့ပါတယ်
ဖေဖော်ဝါရီ ၂၆ရက်နေ့ ပန်းချီကားသိမ်းချိန်မှာပေါ့
မိဿဟာရပြုဖြစ်ကြပါတယ်
ခရစ်ယာန် ပန်းချီလောကမှာ
1st Generation လို့ကို ပြောလို့ရသူရဲ့ ချီးမြှင့်ခြင်းခံရတော့ အတိုင်းထက်အလွန်ပေါ့

In The Beginning အရွေ့လေးဟာ လှပလို့
ပြပွဲ Theme အတိုင်းပါပဲ
In the Beginning ဖြစ်တည်လို့

ပူးဇိုဇမ်လည်း ရှိနေတယ်
ပြခန်းပိုင်ရှင်လည်း ရှိနေတယ်
ပန်းချီချစ်သူ G Latt လည်း ရှိနေတယ်
စီစဥ်သူ ကျနော် Selah O လည်း မိဿဟာရပြုခွင့်ရလိုက်ပါရဲ့

ကင်မရာ - Artist Zo Zam

👉👉 မှတ်တမ်းပုံတင်ဖို့ ကျန်ခဲ့တာမို့ ပြန်တင်ရခြင်း ဖြစ်ပါတယ်

Address

Kamayut

Alerts

Be the first to know and let us send you an email when Narma Daw Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category