Siripaccaya Art Gallery

Call Directions Contact the museum

Siripaccaya Art Gallery ရှင်သန်ချိန်မှာ သိမ်မွေ့စေတာ အနုပညာပါ

အကောင်အထည်ဖော်ဖြစ်သည်ဖြစ်စေအကောင်အထည် မဖော်ဖြစ်သည်ဖြစ်စေစိတ်ကူးတိုင်းဟာ ဟောင်းသွားစမြဲပါပဲမနေ့က စိတ်ကူးပြီး ဒီနေ့လက်တွေ့...
03/10/2026

အကောင်အထည်ဖော်ဖြစ်သည်ဖြစ်စေ
အကောင်အထည် မဖော်ဖြစ်သည်ဖြစ်စေ
စိတ်ကူးတိုင်းဟာ ဟောင်းသွားစမြဲပါပဲ

မနေ့က စိတ်ကူးပြီး ဒီနေ့လက်တွေ့လုပ်ဖြစ်တယ်ဆိုရင်တောင်မှ မနေ့ကစိတ်ကူးအဟောင်းကို ဒီနေ့လုပ်ဖြစ်သွားတဲ့သဘောမို့ စိတ်ကူးအဟောင်းကိုလက်တွေ့လုပ်မိသလိုဖြစ်ရပါတယ်။

တကယ်တော့ စိတ်ကူးတွေမှမဟုတ်ပါဘူး
အရာရာဟာ ဟောင်းသွားကြမှာပါ ....
ဘယ်အဟောင်းတွေ မနွမ်းပဲကျန်ခဲ့မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

ခြေထောက်ကျိုးလို့ ပတ်တီးစည်းတာကိုကျွန်တော်တို့တွေ့ဖူး မြင်ဖူးကြပါတယ်။ လက်ကျိုးရင် လက်မှာစည်း ၊ ခေါင်းကွဲရင် ခေါင်းမှာစည်း စသည်ဖြင့် ဒဏ်ရာအနာတရများအတွက် ပတ်တီးဟာ မိတ်ဖက်ပါပဲ .... ။ တကယ်တော့ ဒဏ်ရာကို ကုစားပေးဖို့ တစိတ်တပိုင်းအဖြစ် ပတ်တီးကတာဝန်ယူနေတာကြောင့် ပတ်တီးဆိုတာ ဝေဒနာကို ကုစားပေးတဲ့ အရာတွေထဲက တစ်ခုလို့ဆိုရင် မှားမယ်မထင်ပါ။

အခုပွဲမှာ Artist ကျော်နိုင်ဟာ ကျွန်တော်တို့ မြင်နေတွေ့နေကျ ပတ်တီးတွေကိုပဲ သူ့ပန်းချီကားတွေထဲ Collage အဖြစ်ထည့်သွင်းဖန်တီးထားတာကြောင့် Artist ရဲ့ ဝေဒနာ နဲ့ အဲ့ဒီဝေဒနာအပေါ်သူဘယ်လိုကုစားချင်နေလဲဆိုတဲ့ ခံစားမှုမျိုးတွေကိုပါ ခံစားနိုင်မှာဖြစ်ပါတယ်။ မန္တလေးမြို့မှာနေထိုင်တဲ့ ပန်းချီဆရာဟာ တချိန်က သူကြာမြင့်စွာနေထိုင်ရင်း ပန်းချီအနုပညာနဲ့မွေ့လျော်ခဲ့ရာမင်းကွန်းဒေသကိုနောက်ခံထားပြီး သူ့ခံစားမှုတွေကိုရေးချလိုက်တာကလည်း ထူးခြားတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိကာလအတောအတွင်းမှာရေးဖွဲ့ထားတဲ့ပန်းချီကားများဖြစ်တာကြောင့် ဖန်တီးသူရဲ့လက်ရှိခေတ်ကာလ ခံစားချက်များကိုပါ အမိအရဖမ်းဆုပ်နိုင်အောင် ထင်ဟပ်နေပါလိမ့်မယ်။

"ဘိုး ရာဟုလာက ကျွန်တော်တို့ပန်းချီကားတွေရောင်းရရင် တော်တော်ပျော်တာဗျ" လို့ Artist ကျော်နိုင်က ပြောပြတာကိုကျွန်တော်တို့ မှတ်သားဖူးပါတယ် ...

"သူက မော်ဒန်တွေကို ရောင်းရစေချင်တာဗျ" ... လို့လည်း သူက ဆက်ပြောပါတယ်

သဘောကတော့ ... ဆရာဟုလာ ရှိစဥ်က မင်းကွန်းမှာ မော်ဒန်ပန်းချီရေးတဲ့သူနည်းပုံရပါတယ်။ အဲ့ဒီ နည်းနည်းလေးတွေထဲက ဆရာကျော်နိုင်တို့လို ဆရာညမင်းကျော်တို့လို မော်ဒန်ပန်းချီရေးသူတွေရဲ့ ပန်းချီကားအချို့ ရောင်းရတဲ့အခါ ဆရာရာဟုလာကဝမ်းသာတတ်ပုံကို ပန်းချီကျော်နိုင်က ပြောပြလိုရင်းဖြစ်ပါတယ်။

ရောင်းရချင်း မရောင်းရချင်းတွေထက် မော်ဒန်ပန်းချီကိုလူတွေစိတ်ဝင်စားတာကိုမှ ပီတိဖြစ်တတ်တဲ့ ဆရာရာဟုလာကိုလည်း တမ်းတမိပါတယ်။

ဒီအချိန်မှာ ဆရာရာဟုလာ ရှိနေရင်
ဒီအချိန်မှာ ဆရာညမင်းကျော် ရှိနေရင် ....
သူတို့ မျက်နှာပြုံးပြုံးကြီးတွေနဲ့ ပီတိဖြစ်နေကြမှာလည်းသေချာပါတယ်။

"စိတ်ကူးအဟောင်းများ" လို့ အမည်ပေးထားပေမယ့် ပန်းချီကားတွေက အသစ်တွေဖြစ်ပါတယ်။ မန္တလေးမြို့မှာ ကိုကျော်နိုင်တစ်ခါမှမပြဖူးသေးတဲ့ Collage အများစုပါဝင်တာမို့ Artist Kyaw Naing ရဲ့ ရေးဟန်အသစ်တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။

ပြပွဲကိုမလာနိုင်သေးတဲ့ မိတ်ဆွေများအတွက် ကိုကျော်နိုင်ရဲ့ "စိတ်ကူးအဟောင်းများ" ကိုတင်ဆက်လိုက်ပါတယ် ....

ဒဏ်ရာတွေဘေးက ကင်းဝေးကြပါစေဗျာ

Artist ကျော်နိုင်ရဲ့ “စိတ်ကူးအဟောင်းများ” အတွက်ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ
02/10/2026

Artist ကျော်နိုင်ရဲ့
“စိတ်ကူးအဟောင်းများ” အတွက်
ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ

ကျွန်တော်တို့ပြခန်း စတင်ကတည်းက အရမ်းကိုပြချင်တဲ့ Artist တွေကိုအစဥ်အလိုက်စီလိုက်ရင် ပန်းချီကျော်နိုင်ဟာ ထိပ်ဆုံး ၁၀ ယောက်...
01/10/2026

ကျွန်တော်တို့ပြခန်း စတင်ကတည်းက အရမ်းကိုပြချင်တဲ့ Artist တွေကိုအစဥ်အလိုက်စီလိုက်ရင် ပန်းချီကျော်နိုင်ဟာ ထိပ်ဆုံး ၁၀ ယောက်ထဲမှာပါပါတယ်။ ပန်းချီအနုပညာနဲ့သာရပ်တည်နေပေမယ့် ပန်းချီကားရေးတာတော့တော်တော်ကျဲပါတယ်။ တစ်ကားတစ်ကားကိုလည်း အနည်းဆုံး လနဲ့ချီပါတယ်။ သဘာဝဘေးတွေကြောင့်ရန်ပုံငွေရှာတဲ့ အလကားပေးရမယ့် ပန်းချီကားမျိုးဆိုရင်သာ တစ်နေ့တည်း သုံးလေးငါးကား ရေးပေးနိုင်ပေမယ့် သူ့ဟာသူစိတ်ကူးပြီးရေးဖို့ဆိုရင် တခါတလေ အကြောင်းအရာတစ်ခုရဖို့အတွက်ကို နှစ်ချီကြာနေတတ်သူပါ။

Cubism ပိုင်းကိုအားသန်တဲ့ ပန်းချီကျော်နိုင်ဟာ သူ့ပန်းချီကားအပေါ်အရောင်အလင်းအမှောင်အသေးစိပ်တွက်ချက်ပြီးရေးလေ့ရှိတဲ့အပြင် အဲ့ဒီအသေးစိပ်ပေါ်မှာပဲ သူ့ရဲ့ ဝေဒနာကိုထင်ဟပ်အောင်တင်ပြပေးလေ့ရှိသူမို့လို့ သူ့ဆီက ပန်းချီကားတစ်ကားထွက်ဖို့ ၃−၄ လ ကြာတတ်တာလည်း မဆန်းပါဘူး။

ပေါ့ပေါ့ပါးပါးနေတတ်ပြီး လေးလေးနက်နက်ပန်းချီရေးတဲ့ ပန်းချီကျော်နိုင်ဟာ လက်ရှိသူ့အသက်အားဖြင့် ၆၀ နားကပ်လာနေပြီဖြစ်ပေမယ့် တကိုယ်တော်ပန်းချီပြပွဲ ၂ ပွဲသာပြရသေးတာကိုကြည့်ရင် ပန်းချီကားအရေး ဘယ်လောက်ကျဲသလဲဆိုတာမြင်နိုင်မှာဖြစ်ပါတယ် ....

စိတ်ကူးတွေနဲ့ ပတ်လည်ဝိုင်းနေတဲ့ ပန်းချီဆရာတစ်ယောက်
အဲ့ဒီ စိတ်ကူးတွေက ဟောင်းဟောင်းသွားလို့
အဲ့ဒီစိတ်ကူးဟောင်းတွေကိုပဲပြန်ပြန်လွမ်းနေရတဲ့
ပန်းချီဆရာတစ်ယောက်
စိတ်ကူးတွေကို လက်တွေ့ဖန်တီးဖို့အရှိန်ယူနေတုန်းမှာပဲ
အခြေအနေတွေပြောင်းပြောင်းသွားတဲ့အခါ
အနုပညာသမားပီပီ နှလုံးသားနဲ့ခံစားရင်း
စိတ်ကူးဟောင်းတွေကိုပဲ ပြန်ပြန်ထွေးပွေ့မိတဲ့ ပန်းချီဆရာတစ်ယောက် ....

အဲ့ဒီပန်းချီဆရာတစ်ယောက်ရဲ့ စိတ်ကူးအဟောင်းတွေကို
စီးရီးလိုက်ပန်းချီကားတွေအဖြစ် တင်ဆက်သွားဖို့
ကျွန်တော်တို့ စီစဥ်နိုင်ခဲ့ပါပြီ ...

ဒီပြပွဲမှာ ... ပန်းချီဆရာဟာ သူ့စိတ်ကူးဟောင်းတွေထဲက
ဒဏ်ရာတွေ ၊ ဝေဒနာတွေ၊ မျှော်လင့်ခြင်းတွေ နဲ့ လွမ်းဆွတ်ခြင်းတွေကို သူကျင်လည်ပျော်မွေ့ခဲ့ရာ မင်းကွန်းဒေသတဝိုက်နောက်ခံထားပြီး
"စိတ်ကူးအဟောင်းများ" အဖြစ် လှစ်ဟပြသထားမှာဖြစ်ပါတယ် ....

ခံစားဖို့ ထိုက်တန်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ် ...

KYAW NAING
"စိတ်ကူးအဟောင်းများ"
၂၀၂၆ အောက်တိုဘာလ ၃−၄−၅
နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း
မန္တလေးမြို့ တံခွန်တိုင်အဝိုင်းနားက Garden City Apartment ထဲက သီရိပစ္စယာအနုပညာပြခန်းမှာ မည်သူမဆိုလွတ်လပ်စွာ လာရောက်ကြည့်ရှုခံစားနိုင်ရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။


#စိတ်ကူးအဟောင်းများ

ဆရာသင့်နော် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ “လွမ်းခြင်းလွင်ပြင်” စာအုပ်ရောင်းပွဲနဲ့ ပန်းချီပြပွဲ အောင်မြင်စွာပြီးဆုံး...
30/09/2026

ဆရာသင့်နော် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ “လွမ်းခြင်းလွင်ပြင်”
စာအုပ်ရောင်းပွဲနဲ့ ပန်းချီပြပွဲ အောင်မြင်စွာပြီးဆုံးပါပြီ

စာအုပ်အရေအတွက် ၂၀၀ ခန့်ရောင်းချခဲ့ရပြီး စာအုပ်ရောင်းရငွေ ၁၄သိန်းကျော် (၁,၄၃၁,၀၀၀) ကျပ်ကို ဥတ္တရလွင်ပြင်မိသားစုထံပေးအပ်နိုင်ခဲ့ပါတယ်

ရန်ပုံငွေ ပန်းချီကားလည်း ၁၄ကား ရောင်းချခဲ့ရပါတယ် အဲ့ဒီအတွက် ဥတ္တရလွင်ပြင်ထံ ကျပ်၁၈သိန်းခန့်ထပ်မံပေးအပ်သွားဖို့ရှိပြီး စုဆောင်းသွားသောပန်းချီဆရာများလည်း ၃ပုံတစ်ပုံရရှိကြမှာဖြစ်ပါတယ်
ကျန်ငွေကို ငဝန်အနုပညာရပ်ဝန်းမှ ဆရာတော်နဲ့တိုင်ပင်ပြီး ပန်းချီဆရာများနဲ့ ဥတ္တရလွင်ပြင်ပူးပေါင်းအလှူအဖြစ် လိုအပ်သူများထံပေးအပ်ကူညီသွားပါမယ်

အားပေးကြသူ ကူညီကြသူ အားလုံး အားလုံးကို ကျွန်တော်တို့ အထူးကျေးဇူးတင်ရှိပါတယ်

လွမ်းဆွတ်ခြင်းလွင်ပြင် ဒီနေ့ ဒုတိယမြောက်နေ့ဖြစ်ပါတယ်
28/09/2026

လွမ်းဆွတ်ခြင်းလွင်ပြင် ဒီနေ့ ဒုတိယမြောက်နေ့ဖြစ်ပါတယ်

ဆရာသင့်နော်ကို ကျွန်တော်တို့ထက်ပိုချစ်သူတွေအများကြီးတွေ့လိုက်ရလို့ ကျွန်တော်တို့ စိတ်ချမ်းသာရပါတယ်လွမ်းဆွတ်ခြင်းလွင်ပြင်...
27/09/2026

ဆရာသင့်နော်ကို ကျွန်တော်တို့ထက်ပိုချစ်သူတွေအများကြီးတွေ့လိုက်ရလို့ ကျွန်တော်တို့ စိတ်ချမ်းသာရပါတယ်

လွမ်းဆွတ်ခြင်းလွင်ပြင်
ပထမနေ့ပုံရိပ်အချို့ပါ

လွမ်းဆွတ်ခြင်းလွင်ပြင်အတွက်ကျွန်တော်တို့ပြင်ဆင်ပြီးပါပြီပွဲမစခင်မှာကိုစာအုပ်လေးတွေနဲ့ ပန်းချီကားတွေ ဝယ်ယူအားပေးကြတဲ့အတွက...
26/09/2026

လွမ်းဆွတ်ခြင်းလွင်ပြင်အတွက်
ကျွန်တော်တို့ပြင်ဆင်ပြီးပါပြီ

ပွဲမစခင်မှာကိုစာအုပ်လေးတွေနဲ့ ပန်းချီကားတွေ ဝယ်ယူအားပေးကြတဲ့အတွက် ကျွန်တော်တို့ဝမ်းသာရပါတယ်

ပန်းချီဆရာ ဆရာမ အယောက်၃၀လောက်က ပူးပေါင်းပါဝင်ပေးကြတဲ့အတွက် ကျွန်တော်တို့ကျေးဇူးတင်ပါတယ်

ပြခန်းပိုင်ပန်းချီကားအချို့ကိုလည်းအလှူအဖြစ်ပူးပေါင်းပါဝင်ချိတ်ဆွဲပြသထားပါတယ်

ကိုယ်တိုင်လာရောက်သူများကိုသာ ပြသရောင်းချပေးသွားမှာမို့ စာအုပ်နဲ့ပန်းချီကားတွေလိုင်းပေါ်မတင်ပေးနိုင်တာကိုလည်းခွင်လွှတ်ပေးပါရန် တောင်းပန်အပ်ပါတယ်

စက်တင်ဘာ ၂၇ ရက်နေ့ဟာကျွန်တော်တို့ချစ်ခင်လေးစား တန်ဖိုးထားရတဲ့ အန်ကယ် ဦးသန်းဌေး (စာရေးဆရာ သင့်နော်) ကွယ်လွန်ခဲ့တဲ့နေ့ဖြစ်...
25/09/2026

စက်တင်ဘာ ၂၇ ရက်နေ့ဟာကျွန်တော်တို့ချစ်ခင်လေးစား တန်ဖိုးထားရတဲ့ အန်ကယ် ဦးသန်းဌေး (စာရေးဆရာ သင့်နော်) ကွယ်လွန်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ အခု ၂၀၂၆ စက်တင်ဘာလမှာ တစ်နှစ်ပြည့်ပြီမို့လို့ ကျွန်တော်တို့ လွမ်းဆွတ်ခြင်းအထိမ်းအမှတ်နဲ့ ပွဲလေးတစ်ပွဲပြုလုပ်သွားဖို့ရှိပါတယ် ....

"လွမ်းဆွတ်ခြင်း လွင်ပြင်" လို့ ကျွန်တော်တို့ အမည်ပေးထားပြီး
လာမယ့် ၂၇ − ၂၈ − ၂၉ သုံးရက်မှာ သီရိပစ္စယာဟာ ဆရာသင့်နော်ရဲ့ "ဥတ္တရလွင်ပြင်" စာပေအဖြစ်ရပ်တည်သွားမှာဖြစ်ပါတယ် ...

၂၇ ရက်နေ့နံနက်ပိုင်းမှာတော့ ဆရာသင့်နော်ကိုရည်စူးကာ သံဃာတော်အရှင်မြတ်သုံးပါးကို ဆွမ်းကပ်လှူဒါန်းသွားမှာဖြစ်ပြီး ဆွမ်းကိစ္စပြီးတာနဲ့ သီရိပစ္စယာဟာ ဥတ္တရလွင်ပြင်ရဲ့ လုပ်ရိုးလုပ်စဥ်အတိုင်း စာအုပ်ရောင်းမှာဖြစ်ပါတယ်။

ဘယ်စာအုပ်တွေကိုရောင်းမှာလဲ ဆိုတော့ ဆရာသင့်နော်ရဲ့ ဥတ္တရလွင်ပြင်မှာရှိတဲ့စာအုပ်တွေကို ဆရာသင့်နော်ကိုယ်စားဝိုင်းကူရောင်းချပေးမှာဖြစ်ပါတယ်။

တကယ်တော့ လူငယ်တွေအတွက် အပြုံးချိုချိုနဲ့ အမြဲတံခါးဖွင့်ထားလေ့ရှိတဲ့ဆရာသင့်နော်ဟာ သူ့စာအုပ်ဆိုင်လေးထဲဝင်လာသမျှလူငယ်တွေကို သူသိသမျှစာပေဗဟုသုတတွေနဲ့ အမြဲကူညီလေ့ရှိသူပါ။ "သူသိသမျှ" ဆိုတဲ့စကားလုံးက သေးငယ်သယောင်ထင်ရပေမယ့် သူဟာ တော်တော်လည်း သိလှပါတယ်။ တော်တော်လည်း မှတ်မိပါတယ်။ ဥပမာတစ်ခုကိုပြရရင် ကျွန်တော်တို့အားလုံးသိကြတဲ့ "အောင်ဆန်းဇာနည်" ကဗျာဟာ ဆရာကြီးတင်မိုးရေးသလိုလို ဟိုဆရာ ရေးသလိုလို ဒီဆရာရေးသလိုလိုဖြစ်နေချိန်မှာ
ဒီကဗျာကိုရေးတဲ့ကလောင်ဟာ "ရဲအောင်ခိုင်" ဖြစ်ကြောင်း
"ရှေ့ဆောင်လူငယ်ဂျာနယ်" မှာ ပုံနှိပ်ခဲ့ဖူးတာ
၁၉၆၇ − ၆၈ − ၆၉ ခုနှစ်တွေလောက်ကဖြစ်ကြောင်း
အမှတ်မမှားရင် ဂျာနယ်ရဲ့ အတွင်းဘယ်ဘက် စာမျက်နှာလောက်မှာပုံနှိပ်ထားတာဖြစ်ကြောင်း
ဆရာရဲအောင်ခိုင်ရဲ့ ကျန်ရစ်သူမျိုးဆက်ကို ပြောပြပေးဖူးပါတယ်

ဆရာဟာ သူဖတ်မှတ်ပြီးသားများပြားလှတဲ့စာပေဗဟုသုတများကိုအသုံးချပြီး စာဖတ်သူတွေလူငယ်တွေကို စာအုပ်ညွှန်းတဲ့အပိုင်းမှာ သူမတူအောင်ကျွမ်းကျင်လှပါတယ်။ စာအုပ်တစ်အုပ်ကိုရှာတဲ့လူတစ်ယောက် သူရှာတဲ့စာအုပ်ကိုမတွေ့ရင် အလားတူအကြောင်းအရာနဲ့ပတ်သက်တဲ့ စာအုပ်လေးငါးအုပ်လောက် ချက်ခြင်းဆွဲထုတ်ပြပြီး ညွှန်းဆိုနိုင်သူပါ။ ရိုးရိုးညွှန်းသလားဆိုတော့မဟုတ် ...
"မောင်ရင်ရှာနေတဲ့စာအုပ် လောလောဆယ်ကိုယ့်ဆီမရှိသေးဘူး"
"ဒါပေမယ့် သိပ်မကြာခင် ကိုယ်ရှာပေးထားမယ်"
ဒီလိုပြောပြီး ဆက်စပ်တဲ့စာအုပ်တွေဆွဲထုတ်ပြတော့တာပါပဲ ...
"အဲ့ဒီစာအုပ်ရှာနေတာဆိုရင် မောင်ရင်ဒီစာအုပ်ရော ရှိပြီးပြီလား"
"ဟောဒီစာအုပ်ရော ရှိပြီးပြီလား" စသည်ဖြင့် ကိုယ်ရှာဖွေနေတဲ့အကြောင်းအရာနဲ့ ပတ်သက်သမျှ ဆက်စပ်စာအုပ်တွေတသီကြီးထုတ်ပြတတ်တာ ဆရာသင့်နော်ပါ ...
ရှာတဲ့စာအုပ်မတွေ့မှ ညွှန်းပေးတာမဟုတ်ပဲ ကိုယ်ရှာတဲ့စာအုပ်တွေ့လို့ ဝယ်ရင်လည်း ဝယ်တဲ့စာအုပ်ကိုကြည့်ပြီး ဆက်စပ်စာအုပ်တွေကိုဒီအတိုင်းညွှန်းပေးတာပါပဲ
ရောင်းချင်လို့ပြတဲ့သဘောမဟုတ်ဘဲ ရှိသင့်တာတွေ မရှိသေးရင်မြည်းရအောင်ပြပေးတဲ့သဘောဟာလည်း ဆရာ့မျက်နှာမှာအမြဲပေါ်လွင်နေတတ်ပါတယ် ...
ဆရာထုတ်ပြသမျှတွေထဲက ကိုယ့်မှာမရှိသေးတဲ့စာအုပ်တွေကို မြည်းစမ်းရင်း ကျွန်တော်တို့အပါအဝင် မန္တလေးက စာပေမြတ်နိုးသူလူငယ်တွေ ဗဟုသုတတိုးပွားခဲ့ကြရတာလည်း ဆရာသင့်နော်ရဲ့ ကျေးဇူးတရားပါပဲ ...

ပန်းချီအနုပညာကိုမြတ်နိုးတဲ့ဆရာဟာ လက်ရေးစာလုံးရေးတာလည်းအလွန်ကောင်းပါတယ်။
အဖုံးစုတ်ပြဲနေတဲ့ စာဟောင်းပေဟောင်းတွေကို ကိုယ်တိုင်အဖုံးချုပ်ပြီး သူ့လက်ရေးနဲ့အဖုံးပြန်လုပ်လေ့ရှိတဲ့ ဆရာ့ ဥတ္တရလွင်ပြင်က စာအုပ်လေးတွေဟာ ကျွန်တော်တို့အတွက်တော့ ရတနာလေးတွေပါပဲ ....

ဆရာ့လိုကျွန်တော်တို့ ဗဟုသုတတွေမပြည့်စုံပေမယ့် ဆရာ့ကိုယ်စား စာအုပ်ရောင်းရင်း ဆရာ့အမှတ်တရပွဲလေးတစ်ခုလုပ်ဖို့တိုင်ပင်ကြချိန်မှာ ဆရာ့ကို ချစ်ခင်ရင်းစွဲရှိတဲ့ ပန်းချီဆရာများကလည်း ဆရာ့အမှတ်တရ ပန်းချီကားတွေရေးဆွဲပေးဖို့ အသီးသီးတာဝန်ယူကြပြီး ကူညီဝန်းရံကြပါတယ် ... ။ ဒါကြောင့် စာအုပ်ရောင်းပေးရင်း ပန်းချီကားတွေလည်းကျွန်တော်တို့ ချိတ်ဆွဲပြသသွားမှာဖြစ်ပါတယ်။ အမှတ်တရပန်းချီကားများကို ဝယ်ယူစုဆောင်းနိုင်မှာဖြစ်ပြီး ပန်းချီကားရောင်းရငွေကိုတော့ ဆရာ့မိသားစု၊ ရေးဆွဲသူပန်းချီဆရာ နဲ့ သဘာဝဘေး(ကူညီရေး) ရန်ပုံငွေအဖြစ် ခွဲဝေပေးအပ်သွားဖို့စီစဥ်ထားပါတယ်။

ဆရာအောင်မင်း(မုဒိတာ) ရဲ့ ဆရာသင့်နော်အမှတ်တရ မာဘယ်ကျောက်ပေါ်မှာထွင်းထုထားတဲ့ ပန်းပုလက်ရာလေးကိုလည်း ပြသသွားမှာဖြစ်ပါတယ်

စာအုပ်ရောင်းဖို့အတွက် သီရိပစ္စယာအဖွဲ့သားတွေအပြင် စာရေးဆရာ သတင်းစာဆရာနဲ့ ကဗျာဆရာအချို့ လာရောက်ဝိုင်းဝန်းကူညီကြမှာမို့ လူငယ်များအတွက် လိုအပ်တာတွေမေးမြန်းနိုင်မယ့်အခွင့်အရေးလည်း ရှိနိုင်မှာဖြစ်ပါတယ် ...

ဆရာသင့်နော်အတွက် အမှတ်တရထုတ်ဝေတဲ့ ကိုအောင်သူ(ပဥ္စဂံ) ရဲ့ စာအုပ်ကိုလည်း အခမဲ့ဝေငှပေးဖို့စီစဥ်ထားပါတယ်။

ဆရာဦးတင်ဌေးအောင်၊ ဆရာမုတ်သုန်၊ ဆရာစိုင်းမောင်မောင်၊ ဆရာနေမျိုး၊ ဆရာနေဇော်၊ဆရာဇာနည် ၊ ဆရာအောင်မင်း၊ ဆရာငြိမ်းဝေ၊ ဆရာမျိုးဆက်ပိုင်၊ ဆရာလှသန်း၊ ဆရာဝေလီလင်း၊ ဆရာစက်နေ၊ ဆရာသက်ဝေငြိမ်း စတဲ့ ပန်းချီဆရာများအပြင် အခြားဝန်းရံပေးပို့ကူညီသူ ပန်းချီဆရာများရဲ့ ပန်းချီကားတွေကြည့်ရင်း စာရေးဆရာအချို့ ၊ ကဗျာဆရာအချို့နဲ့တွေ့ဆုံရင်း စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ကြဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားစီစဥ်သွားပါ့မယ် ...

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ
မနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ
သီရိပစ္စယာမှာ "လွမ်းဆွတ်ခြင်း လွင်ပြင်" တစ်ခုရှိနေပါမယ်

Artist Nay Zaw ရဲ့ BETWEEN LIGHT AND SHADOW ပန်းချီပြပွဲ အောင်မြင်စွာပြီးဆုံးသွားပါပြီဝယ်ယူစုဆောင်းကြသူကြည့်ရှုခံစားအားပ...
19/09/2026

Artist Nay Zaw ရဲ့ BETWEEN LIGHT AND SHADOW ပန်းချီပြပွဲ အောင်မြင်စွာပြီးဆုံးသွားပါပြီ

ဝယ်ယူစုဆောင်းကြသူ
ကြည့်ရှုခံစားအားပေးကြသူ
ကူညီဝန်းရံကြသူ
အားလုံးအားလုံးကို ကျေးဇူးတင်ရှိပါတယ်

Congratulations ပါ ကိုနေဇော်

Address

No. 68-69, Tower 12, Garden City Apartment Complex, 74 Street, Next To Tagontaing Roundabout, Pyaygyidakhon Township
Mandalay
05051

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Telephone

+959445678100

Website

Alerts

Be the first to know and let us send you an email when Siripaccaya Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Siripaccaya Art Gallery:

Shortcuts

Share

Category