15/04/2025
🔷 မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှ တာဝန်ရှိသူများသိနိုင်ရန် လေးစားစွာတင်ပြအပ်ပါသည်
🔹ကျွန်မအဖိုး ဦးစိန်တင်ဟန်၏နေအိမ်ကို ဆက်ခံနေထိုင်သူမှာ ကျွန်မအဖေ ဦးနေမျိုးမိသားစုဖြစ်ပါသည်။
🔹ယခုမန္တလေးငလျှင်ကြီးလှုပ်ခတ်မှုတွင် အဖိုးဦးစိန်တင်ဟန်၏ နေအိမ်အပေါ်ထပ် ထိခိုက်ပျက်စီးမှုရှိခဲ့ပါသည်။
🔹ထိုသို့ ငလျှင်ကြောင့် ထိခိုက်ပျက်ဆီးမှုအတွက် ထောက်ပံ့ငွေကို မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုမှ ပေးအပ်ရာတွင် ဦးနေမျိုး၏အစ်ကို ဦးနေဝင်းက ရယူထားပါသည်။
🔹ဦးစိန်တင်ဟန်နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်သည်ဆိုလျှင် လက်ရှိပိုင်ဆိုင်နေထိုင်သော ဦးနေမျိုးမိသားစုက ရရှိသင့်ပါသည်။
🔹နေအိမ်ပျက်စီးမှုအတွက် ထောက်ပံ့ခြင်းမဟုတ်ဘဲ ဦးနေဝင်းကိုသာ ထောက်ပံ့ပေးအပ်သည်ဆိုလျှင် ဦးနေဝင်းက လက်ခံရရှိခြင်းကို ကျွန်မအနေနှင့် ဝင်ရောက်စွက်ဖက်ရန်မရှိပါ။
🔹ဦးနေမျိုးမိသားစုနေထိုင်သောအိမ်ကို ဦးနေဝင်းက အကြောင်းပြ၍ ငလျှင်ထောက်ပံ့ငွေများ ဆက်လက်ရယူနေမည်ဆိုလျှင် မသင့်လျှော်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုမှ တာဝန်ရှိပုဂ္ဂိုလ်များကို အသိပေးအကြောင်းကြားအပ်ပါသည်ရှင်။
မေသန္တာမျိုး
https://www.facebook.com/share/p/1ANSaBTTKF/