Blossom Art Gallery

Blossom Art Gallery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Blossom Art Gallery, Art Gallery, Corner of 67th Street and 31stA st, Mandalay.

စိတ်မကောင်းစွာနဲ့ အသိပေးနှုတ်ဆက်ပါရစေခင်ဗျာ။ ကျနော်တို့ Blossom Art Gallery ကို အခု ၂၀၂၅ ဖေဖော်ဝါရီလက စပြီး ခေတ္တခန ရပ်န...
02/02/2025

စိတ်မကောင်းစွာနဲ့ အသိပေးနှုတ်ဆက်ပါရစေခင်ဗျာ။

ကျနော်တို့ Blossom Art Gallery ကို အခု ၂၀၂၅ ဖေဖော်ဝါရီလက စပြီး ခေတ္တခန ရပ်နားပါအုံးမယ်လို့ စိတ်မကောင်းစွာနဲ့ အသိပေးနှုတ်ဆက်ပါတယ်။

ပြခန်းစဖွင့်ချိန်ကနေ အခုပိတ်သိမ်းချိန် အချိန်အတိုလေး အတွင်းမှာ ကျနော်တို့ ပြခန်းကို အသိအမှတ်ပြု၊ စိတ်ကျေနပ်မှုရှိကြပြီး ဝိုင်းဝန်း ဝန်းရံပေးကြတဲ့အတွက် ကျနော်တို့ပြခန်းက အထူးဝမ်းမြောက်၊ ဂုဏ်ယူကျေနပ်မိပါတယ်ခင်ဗျာ။

ပြခန်းဖွင့်ခဲ့တဲ့ ၁၅လတာ ကာလအတွင်းမှာ ပန်းချီပြပွဲပေါင်း ၂၆ပွဲ စီစဉ် ပြသနိုင်ခဲ့ပြီး၊ ပန်းချီရေးဆွဲသူ၊ ပန်းချီဆရာများ ၁၀၀ ကျော် ပြသခဲ့ပါတယ်။ မန္တလေး၊ ရန်ကုန်နဲ့ အခြားမြို့များမှ ပန်းချီဆရာများ ပြသခဲ့ပြီး၊ ပန်းချီတခုတည်းနှင့်ရပ်တည်နေသော အချိန်ပြည့်ပန်းချီဆရာများ၊ အခြားအလုပ်အကိုင်များ လုပ်ကိုင်ရင်း အားလပ်ချိန်များမှာ ပန်းချီရေးဆွဲနေကြသော ပန်းချီဆရာများနဲ့ ပန်ချီသင်တန်းနှင့် ပန်းချီကျောင်းများမှာ ပန်းချီသင်ကြားနေသူများပါ ကျနော်တို့ ပြခန်းက ပန်းချီပြပွဲများမှာ ဝင်ရောက်ပြသခဲ့ကြတဲ့အတွက် အားလုံးကို ကျနော်တို့ Blossom Art Gallery က ကျေးဇူးမှတ်တမ်းတင်ထားပါတယ်ဗျာ။

အခုတော့ ကျနော်တို့ Blossom Art Gallery ပန်းချီပြခန်းကို အကြောင်းအမျိုးမျိုးကြောင့် ခေတ္တခန ပိတ်သိမ်း၊ ရပ်နားပါအုံးမယ်ဗျ။ Online နဲ့ Social mediaမှာတော့ ကျနော်တို့ Blossom Art Gallery ဆက်ရှိနေမှာဖြစ်ပြီး ပန်းချီလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားပါမယ်။

အခွင့်သင့်တဲ့အချိန်မှာတော့ ကျနော်တို့ Blossom Art Gallery ပန်းချီပြခန်းဟာ အခုထက်ပိုမိုကောင်းမွန်တဲ့ ပြင်ဆင်မှုများ၊ အခုထက်ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများနဲ့ ပြန်လာပါမယ်ခင်ဗျ။

အခုအချိန်ထိ ဝိုင်းဝန်းကူညီပေးကြတဲ့ ပန်းချီဆရာများ၊ ပန်းချီပြပွဲစီစဥ်ကြသူများ၊ ပန်းချီကားဝယ်ယူစုဆောင်းကြသူများ၊ ပန်းချီအဝန်းအဝိုင်းမှသူများနဲ့ ပန်းချီချစ်မြတ်နိုးသူများ အားလုံး အားလုံးကို မမေ့မလျော့ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

Blossom Art Gallery
Contact no. - +95 9 450780800
Contact e-mail - [email protected]

----------------------------------------------




Artist ကျန်ကျောင်းနဲ့ Artist ဇေယျာသန်းတို့ နှစ်ဦးပူးပေါင်းပြသတဲ့ Kinetic ပန်းချီပြပွဲကို ဇန်နဝါရီ ၂၉ရက်မှ ၃၁ရက်နေ့အထိ အေ...
01/02/2025

Artist ကျန်ကျောင်းနဲ့ Artist ဇေယျာသန်းတို့ နှစ်ဦးပူးပေါင်းပြသတဲ့ Kinetic ပန်းချီပြပွဲကို ဇန်နဝါရီ ၂၉ရက်မှ ၃၁ရက်နေ့အထိ အောင်မြင်စွာပြသပြီးပါပြီခင်ဗျ။

ပြပွဲကို လာရောက်ကြည့်ရှုအားပေးကြသော၊ Onlineမှတဆင့် ကြည့်ရှုအားပေးကြသော ပန်းချီချစ်မြတ်နိုးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုပြပွဲကို ကျနော်တို့ Blossom Art Gallery မှာ စီစဉ်ပြသတဲ့ Artist ကျန်ကျောင်းနဲ့ Artist ဇေယျာသန်းတို့ နှစ်ဦးကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________






မျဉ်းကြောင်းတွေအရောင်တွေနဲ့ လှုပ်ရှားရုန်းကန်နေတဲ့ အကမင်းသမီးတွေကို ဖန်တီးရေးဆွဲထားတဲ Artist ဇေယျာသန်းရဲ့ ပန်းချီကားများ...
30/01/2025

မျဉ်းကြောင်းတွေအရောင်တွေနဲ့ လှုပ်ရှားရုန်းကန်နေတဲ့ အကမင်းသမီးတွေကို ဖန်တီးရေးဆွဲထားတဲ Artist ဇေယျာသန်းရဲ့ ပန်းချီကားများကို တင်ဆက်ပေးလိုက်ပါတယ်။ Kinetic ပြပွဲမှာ ပြသထားတဲ့ပန်းချီကားများ ဖြစ်ပါတယ်ဗျ။

ပန်းချီကားများကို အပြင်မှာလာရောက်ကြည့်ရှုချင်ရင်တော့ ဇန်နဝါရီ ၃၁ရက်နေ့အထိ ကျနော်တို့ Blossom Art Gallery မှာပြသမှာမို့ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။



Kinetic
ကျန်ကျောင်း၊ ဇေယျာသန်း
၂၉၊ ၃၀၊ ၃၁ ဇန်နဝါရီ ၂၀၂၅

Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________






Kinetic ပြပွဲမှာ ပြသထားတဲ့ Artist ကျန်ကျောင်းရဲ့ ပန်းချီကားများကို တင်ဆက်ပေးလိုက်ပါတယ်။ပန်းချီကားများထဲက မျဉ်းတွေ၊ အရောင...
30/01/2025

Kinetic ပြပွဲမှာ ပြသထားတဲ့ Artist ကျန်ကျောင်းရဲ့ ပန်းချီကားများကို တင်ဆက်ပေးလိုက်ပါတယ်။

ပန်းချီကားများထဲက မျဉ်းတွေ၊ အရောင်တွေရဲ့ လှုပ်ရှားရုန်းကန်နေတဲ့ အရသာကို အပြည့်အဝကြည့်ရှုခံစားချင်ရင်တော့ ကျနော်တို့ Blossom Art Gallery ဇန်နဝါရီ ၃၁ရက်နေ့အထိ ပြသမှာမို့ လာရောက်ကြည့်ရှုခံစားကြည့်ပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Kinetic
ကျန်ကျောင်း၊ ဇေယျာသန်း
၂၉၊ ၃၀၊ ၃၁ ဇန်နဝါရီ ၂၀၂၅

Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________






Kinetic ပန်းချီပြပွဲ ကျနော်တို့ Blossom Art Gallery မှာ ဒီနေ့ စပြနေပါပြီဗျ။ ဆရာသမား မိတ်ဆွေဘော်ဒါအပေါင်းကို ထပ်မံဖိတ်ခေါ...
29/01/2025

Kinetic ပန်းချီပြပွဲ ကျနော်တို့ Blossom Art Gallery မှာ ဒီနေ့ စပြနေပါပြီဗျ။

ဆရာသမား မိတ်ဆွေဘော်ဒါအပေါင်းကို ထပ်မံဖိတ်ခေါ်ပါတယ်။

ဇန်နဝါရီ ၃၁ရက်နေ့အထိ ရှိနေပါမယ်ခင်ဗျာ။

Kinetic
ကျန်ကျောင်း၊ ဇေယျာသန်း
၂၉၊ ၃၀၊ ၃၁ ဇန်နဝါရီ ၂၀၂၅

Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________






Artist ကျန်ကျောင်း နဲ့ Artist ဇေယျာသန်းတို့ နှစ်ဦးရဲ့ Kinetic ပန်းချီပြပွဲအတွက် ပန်းချီကားများချိတ်ဆွဲပြင်ဆင်ပြီးပါပြီဗျ...
28/01/2025

Artist ကျန်ကျောင်း နဲ့ Artist ဇေယျာသန်းတို့ နှစ်ဦးရဲ့ Kinetic ပန်းချီပြပွဲအတွက် ပန်းချီကားများချိတ်ဆွဲပြင်ဆင်ပြီးပါပြီဗျာ။

ပန်းချီကားများကို အပြင်မှာ လာရောက်ကြည့်ရှုခံစားစေချင်တဲ့ ဆန္ဒကြောင့် ကျနော်တို့ Blossom Art Gallery မှာ ‌လာရောက်ကြည့်ရှုဖို့ အားလုံးကိုလေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

ပြပွဲကို လာရောက်မကြည့်ရှုနိုင်တဲ့ သူများအတွက် ပန်းချီကားများကိုလည်း အသေအချာ တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။

Kinetic
ကျန်ကျောင်း၊ ဇေယျာသန်း
၂၉၊ ၃၀၊ ၃၁ ဇန်နဝါရီ ၂၀၂၅

Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________






လာမယ့် ဇန်နဝါရီ ၂၉ ရက်ကနေ ၃၁ရက်နေ့အထိ ကျနော်တို့ Blossom Art Galleryမှာ ပြသမယ့် ပန်းချီပြပွဲတခု စီစဉ်ထားပါတယ်ဗျ။ ဆရာကျန်...
26/01/2025

လာမယ့် ဇန်နဝါရီ ၂၉ ရက်ကနေ ၃၁ရက်နေ့အထိ ကျနော်တို့ Blossom Art Galleryမှာ ပြသမယ့် ပန်းချီပြပွဲတခု စီစဉ်ထားပါတယ်ဗျ။

ဆရာကျန်ကျောင်းနဲ့ ဆရာဇေယျာသန်းတို့နှစ်ဦး ပူးပေါင်းပြသတဲ့ Kineticလို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲဖြစ်ပါတယ်။

ပြပွဲနာမည်ဖြစ်တဲ့ Kinetic ဆိုတဲ့နာမည်အတိုင်း လှုပ်ရှားရုံးကန်နေတဲ့ မျဉ်းကြောင်းတွေ၊ လှုပ်ရှားရုန်းကန်နေတဲ့ အရောင်တွေနဲ့ ဖွဲ့စည်း ရေးဖွဲ့ထားတဲ့ ပန်းချီကားများကို ကြည့်ရှုခံစားရမယ့် ပန်းချီပြပွဲပဲ ဖြစ်ပါတယ်ဗျာ။

ပြသမယ့် ဆရာနှစ်ဦးရဲ့ ပန်းချီကားတွေကို ကြိုတင်ကြည့်ရှုခံစားနိုင်အောင် ပန်းချီကားအနည်းငယ် တင်ဆက်ပေးလိုက်ပါတယ်။ အခု မိတ်ဆက်တင်ပြလိုက်တဲ့ ပန်းချီကားများကို မိတ်ဆွေတို့ သဘောကြတယ်၊ ကြိုက်နှစ်သက်တယ်ဆိုရင်ဖြင့် ဒီထက်ပိုပြီး ကြည့်ရှုခံစားနိုင်ဖို့ ပြပွဲကိုလာရောက်ကြည့်ရှုကြပါရန် ဖိတ်‌ခေါ်ပါတယ်ခင်ဗျာ။

တကယ်တော့လည်း ပန်းချီကားများဟာ အပြင်မှာ ကြည့်ရှုခံစားရတာ ပိုမိုကောင်းမွန်တာမို့ အခုပြပွဲကို လာရောက်ကြည့်ရှုခံစားကြည့်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Kinetic
ကျန်ကျောင်း၊ ဇေယျာသန်း
၂၉၊ ၃၀၊ ၃၁ ဇန်နဝါရီ ၂၀၂၅

Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________






Inheritance ပန်းချီပြပွဲကို ဇန်နဝါရီ ၁၃ရက်ကနေ ၁၅ရက်နေ့အထိ အောင်မြင်စွာ ပြသပြီးပါပြီ။အခုပြပွဲကို ကျနော်တို့ Blossom Art G...
17/01/2025

Inheritance ပန်းချီပြပွဲကို ဇန်နဝါရီ ၁၃ရက်ကနေ ၁၅ရက်နေ့အထိ အောင်မြင်စွာ ပြသပြီးပါပြီ။

အခုပြပွဲကို ကျနော်တို့ Blossom Art Gallery မှာ လာရောက်ပြသတဲ့အတွက် ပြပွဲစီစဉ်သူများနဲ့ ပန်းချီဆရာများကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ပြပွဲကို လာရောက်ကြည့်ရှုကြသူများ၊ online မှတဆင့် ကြည့်ရှုအားပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________





Inheritance ပြပွဲမှာ ပြသထားတဲ့ ဆရာ ဦးကံညွန့်နဲ့ဆရာ ဦးတင်မောင်မြင့် (မိုးပုလဲ)တို့ရဲ့ ပန်းချီကားများကို တင်ဆက်ပေးလိုက်ပါတ...
15/01/2025

Inheritance ပြပွဲမှာ ပြသထားတဲ့ ဆရာ ဦးကံညွန့်နဲ့ဆရာ ဦးတင်မောင်မြင့် (မိုးပုလဲ)တို့ရဲ့ ပန်းချီကားများကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။

ပန်းချီကားများကို အပြင်မှာ ကြည့်ရှုခံစားလိုရင်ဖြင့် ကျနော်တို့ Blossom Art Gallery မှာ ဒီနေ့ ဇန်နဝါရီ ၁၅ရက်၊ ညနေ ၅နာရီအထိ လာရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________





Inheritance ပြပွဲမှာ ပြသထားတဲ့ နဒီမင်းစံရဲ့လက်ရာ ပန်းချီကားများကို တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။ပန်းချီကားတွေရဲ့ အရသာကို အ...
14/01/2025

Inheritance ပြပွဲမှာ ပြသထားတဲ့ နဒီမင်းစံရဲ့လက်ရာ ပန်းချီကားများကို တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

ပန်းချီကားတွေရဲ့ အရသာကို အပြည့်အဝခံစားရစေဖို့ ပြပွဲကို လာရောက်ကြည့်ရှုခံစားလည့်ပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Inheritance
U Kan Nyunt
U Tin Maung Myint (Moe Palae)
Nadi Min San
13, 14, 15 January 2025


Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________





Inheritance ပြပွဲစတင်နေပါပြီဗျို့။Inheritance U Kan NyuntU Tin Maung Myint (Moe Palae)Nadi Min San13, 14, 15 January 202...
13/01/2025

Inheritance ပြပွဲစတင်နေပါပြီဗျို့။

Inheritance
U Kan Nyunt
U Tin Maung Myint (Moe Palae)
Nadi Min San
13, 14, 15 January 2025


Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________




Inheritance ပန်းချီပြပွဲအတွက် ပန်းချီကားများ ချိတ်ဆွဲပြင်ဆင်ပြီးပါပြီခင်ဗျ။ပန်းချီကားများကို အပြင်မှာ ကြည့်ရှုခံစားနိုင်...
12/01/2025

Inheritance ပန်းချီပြပွဲအတွက် ပန်းချီကားများ ချိတ်ဆွဲပြင်ဆင်ပြီးပါပြီခင်ဗျ။

ပန်းချီကားများကို အပြင်မှာ ကြည့်ရှုခံစားနိုင်ဖို့အတွက် ဇန်နဝါရီ ၁၃ရက်နေ့ကနေ ၁၅ရက်နေ့အထိ ကျနော်တို့ Blossom Art Galleryမှာ ပြသမယ့် အခုပြပွဲကို အရောက်လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Blossom Art Gallery
၆၇လမ်းနှင့် ၃၁A ထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေး။
Ph - +95 9 450780800
Email - [email protected]
_______________________________




Address

Corner Of 67th Street And 31stA St
Mandalay

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Telephone

+959450780800

Website

Alerts

Be the first to know and let us send you an email when Blossom Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Blossom Art Gallery:

Share

Category