Symphony art gallery

Symphony art gallery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Symphony art gallery, Art Gallery, Than Lwin Street, Maymyo.

မနက်ဖြန် ဆင်ဖိုနီ ဆိုင်လေးပြန်ဖွင့်ထားပါပြီနော်မနက်ပိုင်း ရှမ်းခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ ကော်ဖီ၊ နွားနို့ သုံးဆောင်နိုင်ပ...
31/05/2025

မနက်ဖြန် ဆင်ဖိုနီ ဆိုင်လေးပြန်ဖွင့်ထားပါပြီနော်

မနက်ပိုင်း ရှမ်းခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ ကော်ဖီ၊ နွားနို့ သုံးဆောင်နိုင်ပါပြီ....

နေ့လည်ပိုင်းလည်း ထမင်းကြော်၊ ထမင်းဆီစမ်း အစာပြေ မာလာရှမ်းကော၊ မာလာဟင်း ၊ကော်ပြန့် ဖက်ထုပ်ကြော်တို့ သုံးဆောင်နိုင်ပါမယ်

ဂီတာလေးတီး သီချင်းလေးတွေညဥ်းဆိုမလား
စာလေးဖတ်မလား ၊ အင်တာနက်လေးသုံးရင်း အေးဆေး
နားမလား၊ နားအေးပါးအေး ပန်းချီကားလေးတွေခံစားရင်း ပန်းချီလေးဆွဲရင်း နားနေဖို့ လှမ်းခဲ့လို့ရပြီနော်....

ဆင်ဖိုနီ ဂယ်လာရီကဖေး
သံလွင်လမ်း၊ ရေချမ်းအိုး၊ ပြင်ဦးလွင်။
09402529666

Symphony Gallery Cafe လာမယ့် (14-6-2025) စနေနေ့ မှာ ပြင်ဦးလွင်မှ ပန်းချီဆရာများ စုပေါင်း၍ ပန်းချီပြပွဲလေးတစ်ခု ကျင်းပဖိ...
31/05/2025

Symphony Gallery Cafe လာမယ့် (14-6-2025) စနေနေ့ မှာ ပြင်ဦးလွင်မှ ပန်းချီဆရာများ စုပေါင်း၍ ပန်းချီပြပွဲလေးတစ်ခု ကျင်းပဖို့ရှိပါတယ်ခင်ဗျာ။

ထိုပန်းချီပြပွဲလေးကို "မိုးကိုကြိုလို့ပြန်လာမည်" လို့နာမည်လေးပေးထားပြီး မေမြို့မှာ ခေတ္တလာရောက်နေထိုင်နေကြတဲ့ နာမည်ကျော် ပန်းချီအနုပညာရှင်များရော၊ လက်ရှိမေမြို့မှာပဲ နေထိုင်နေကြတဲ့ မေမြို့ကပန်းချီအနုပညာရှင်များပါ ပူးပေါင်းပြသမယ့် ရသစုံလင်စွာကြည့်ရှုအားပေးရမယ့် ပန်းချီပြပွဲလေးဖြစ်ပါလိမ့်မယ်။

"မိုးကိုကြိုလို့ပြန်လာမည်" ပွဲလေးစတင်မယ့် ဖွင့်ပွဲနေ့လေးကို မနက် ၁၀ နာရီမှစတင်ပြီး ပန်းချီအနုပညာရှင်များရဲ့ ပန်းချီသရုပ်ဖေါ်ရေးဆွဲပြသမယ့် အစီအစဥ်များနဲ့ သရုပ်ဖေါ်ရေးဆွဲပြသသော ရေဆေးပန်းချီကားများကို လာရောက်ကြည့်ရှု့သူ ဧည့်ပရိတ်သတ်များအတွက် အမှတ်တရ ကံစမ်းမဲဖေါက်ပေးမယ့်အစီအစဥ်လေးပါ ထည့်သွင်းထားတာမလို့ ပြပွဲကပန်းချီကားများကိုလည်းကြည့်ရင်း ဆရာတို့ရဲ့ Live Performance အစီအစဥ်များခံစားရင်း ပန်းချီကားလက်ဆောင်ကံစမ်းမဲပါ ပါဝင်
ကံစမ်းနိုင်မှာမလို့ လက်မလွှတ်ပဲလာရောက်ကြည့်ရှုသင့်တဲ့ပွဲလေး တစ်ခုဖြစ်မှာ အသေအချာပါပဲ။

အေးမြတဲ့ရာသီဥတုလေးနဲ့ မေမြို့ရဲ့ မိုးအငွေ့အသက်လေးတွေကိုခံစားရင်း "မိုးကိုကြိုလို့ပြန်လာမည်" ပွဲလေးကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေ.....

လာရောက်ကြည့်ရှု့သူများ အဆင်ပြေစေဖို့ Symphony Gallery Cafe မှာလည်း နေ့စဥ်ပိတ်ရက်မရှိ ကော်ဖီဆိုင်လေးပါပြန်လည်ဖွင့်လှစ်ထားပြီမလို့ ပန်းချီပြပွဲရက်များနဲ့ ပြပွဲမရှိသောရက်များမှာပါ အစားအသောက်များလည်း မှာယူသုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

ကျွန်တော်တို့ မိုး ကိုကြိုရင်း ပြန်ဆုံကြရအောင်.....

Symphony Gallery Cafe
သံလွင်လမ်း၊ ရေချမ်းအိုး၊ ပြင်ဦးလွင်။
09402529666

👉👉👉 လာရှိုးလမ်းမကြီးအတိုင်း မန္တလေးဖက်မှလာလျှင် BlackGold ဆီပန့်ဆိုင်အကျော် ညာဖက်အခြမ်းမှာ သံလွင်လမ်း လမ်းသွယ်လေးအတွင်းသို့ ဝင်လာရမှာဖြစ်ပါတယ်။

Google Map ; https://maps.app.goo.gl/ajJdFUZJPr1ipJ4r9

Artist : Maung MaungAcrylic on CanvasSize : 24”x36”Price : 1,200,000 mmkAvailable for Collection 🟢🟢ဆရာမောင်မောင်ရဲ့ Acry...
20/10/2024

Artist : Maung Maung
Acrylic on Canvas
Size : 24”x36”
Price : 1,200,000 mmk
Available for Collection 🟢🟢

ဆရာမောင်မောင်ရဲ့ Acrylic ကားကောင်းလေးကို
ဒီမနက်ခံစားကြည့်ရှုရအောင် တင်ဆက်ပေးလိုက်ပါတယ်။

ပန်းချီကားလေးများ ဝယ်ယူစုဆောင်းလို၍ဖြစ်စေ၊
ကြည့်ရှုခံစားလို၍ဖြစ်စေ Symphony Gallery Cafe လေးကို မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပုံမှန်ဖွင့် လှစ်ထားပါတယ်ခင်ဗျာ။

ဆိုင်ဖွင့်ချိန်အတွင်း ပုံမှန်ရရှိနိုင်တဲ့
ဆင်ဖိုနီ နှပ်ကော်ဖီ
နွားနို့
ဒိန်ချဉ်
လက်ဖက်သုပ်
ထမင်းကြော်
ထမင်းဆီစမ်း
ဆိတ်သားခြောက်မီးကင်
အာလူးချောင်းကြော်
မာလာဟင်း
မာလာရှမ်းကော တို့ကိုလည်း မှာယူသုံးဆောင် နိုင်ပြီဖြစ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်
Symphony Gallery Cafe
သံလွင်လမ်း၊ ရေချမ်းအိုးမြောက်ရွာ၊ ပြင်ဦးလွင်။
09402529666

မင်္ဂလာပါ…..ဒီနေ့တင်ဆက်ပေးမယ့် ပန်းချီကားလေးကတော့ ဆရာ မွန်းဇော်ရဲ့ ကန်တော်လေး နဲ့ ပြင်ဦးလွင် ရထားလုံးလေးကိုသရုပ်ဖေါ်ထားတ...
18/10/2024

မင်္ဂလာပါ…..

ဒီနေ့တင်ဆက်ပေးမယ့် ပန်းချီကားလေးကတော့

ဆရာ မွန်းဇော်ရဲ့ ကန်တော်လေး နဲ့ ပြင်ဦးလွင် ရထားလုံးလေးကိုသရုပ်ဖေါ်ထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဝယ်ယူစုဆောင်းလိုပါက ဆင်ဖိုနီ ဂယ်လာရီမှာ လာရောက်ကြည့်ရှုပြီးပဲ ဖြစ်ဖြစ် အွန်းလိုင်း page messenger မှဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Title : ကန်တော်လေး
Artist : Mun Zaw
Medium: A/C
Size : 18”x24” with frame
Price : 700,000 mmk

Available for Collection 🟢🟢

Symphony Gallery Cafe
သံလွင်လမ်း၊ ရေချမ်းအိုးမြောက်ရွာ၊ ပြင်ဦးလွင်။
09402529666

🟢🟢မင်္ဂလာပါ မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ကြပါစေ ✨🌟⭐️🎇🩵🩷💙အခုလိုနေ့ထူးနေ့မြတ်လေးမှာ ဆင်ဖိုနီဂယ်လာရီကတင်ဆက်ပေး...
17/10/2024

🟢🟢

မင်္ဂလာပါ

မင်္ဂလာရှိသော သီတင်းကျွတ်လပြည့်နေ့လေး
ဖြစ်ကြပါစေ ✨🌟⭐️🎇🩵🩷💙

အခုလိုနေ့ထူးနေ့မြတ်လေးမှာ ဆင်ဖိုနီဂယ်လာရီက
တင်ဆက်ပေးချင်တဲ့ ပန်းချီကားလေးကတော့
Artist : Hnin Darli Aung ရဲ့ ရှားရှားပါးပါး
Abstract ကားလေးဖြစ်ပါတယ်။

ဆယ်လ်မွန်ငါးတို့အပြန်…. ဆိုတဲ့ ဒီပန်းချီကားလေးထဲမှာ
ဆရာမနှင်းဒါလီအောင်ရဲ့ စိတ်ခံစားချက်လေးတွေပါ
ပါဝင်စီးမျောနေပါတယ်။

သုံးထားတဲ့ acrylic ဆေးနဲ့ ရေးဟန်တွေကလည်း
အရင်က ဆရာမ ရေးနေကြ ရေးဟန်တွေမဟုတ်ပဲ
တမူကွဲလွဲပြီး ဒီကားလေးဟာ အမြင်တမျိုးဆန်းနေတာ
ဖြစ်ပါတယ်။

ဒီပန်းချီကားလေးကို မြတ်နိုးလို့ ဝယ်ယူစုဆောင်းချင်တယ်ဆိုရင် ကျွန်တော်တို့ ဆင်ဖိုနီဂယ်လာရီကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Title : ဆယ်လ်မွန်ငါးတို့အပြန်…..
Artist : Hnin Darli Aung
Medium: A/C
Size : 24”x36”
Price : 2,500,000 mmk

Available for Collection 🟢🟢

Thanks 🩶🩶🩶
Symphony Art Gallery
သံလွင်လမ်း၊ ရေချမ်းအိုးမြောက်ရွာ၊
ပြင်ဦးလွင်။
09402529666

မင်္ဂလာပါ ဒီနေ့မနက်မှာတော့ ဆရာတေဇာအောင်ရဲ့ရွှေရန်ပြေကျောင်း ဆိုတဲ့ ပန်းချီကားလေး တင်ဆက်ပေးပါရစေ…..Gouache on Paper နဲ့ရေ...
16/10/2024

မင်္ဂလာပါ

ဒီနေ့မနက်မှာတော့ ဆရာတေဇာအောင်ရဲ့
ရွှေရန်ပြေကျောင်း ဆိုတဲ့ ပန်းချီကားလေး တင်ဆက်ပေးပါရစေ…..

Gouache on Paper နဲ့ရေးဆွဲထားတာဖြစ်ပြီး
ဒီပန်းချီကားလေးဟာ ရှေးယခင် ရွှေရန်ပြေကျောင်းကြီးရဲ့ပုံရိပ်ကို ထင်ဟပ်စေတာဖြစ်ပါတယ်။

ဝယ်ယူစုဆောင်းလိုပါက Symphony Gallery Cafe မှာ
စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဒီလက်ရာနဲ့ ဒီလို
ရွက်ပြည့်ဆိုဒ်ဘောင်ပါသွင်းထားပြီးသားကို ဒီလိုစျေးနဲ့ ရောင်းချပေးတာဟာ ဝယ်ယူစုဆောင်းသူအဖို့ ထိုက်တန်လွန်းလှပါတယ်ခင်ဗျာ။

ပန်းချီကားလေးတွေ ဝယ်ယူစုဆောင်းလို၍ပဲဖြစ်ဖြစ်
မဝယ်ဖြစ်သေးပဲ ပန်းချီကားလေးတွေ ကြည့်ရှုခံစားလို၍ ပဲဖြစ်ဖြစ် သီတင်းကျွတ်လပြည့်ညလေးမှာလည်း ဆင်ဖိုနီဂယ်လာရီက ပိတ်ရက်မရှိပဲ ဖွင့်လှစ်ကြိုဆိုလျှက်ပါခင်ဗျာ။

လူရှုပ်ရှုပ် ရှုပ်ရှုပ် နေရာတွေ မလည်ပါတ်ချင်ပဲ
ပန်းချီလေးတွေခံစားရင်း အေးဆေးလေး Chill ချင်ရင်တော့ Symphony Gallery မှကြိုဆိုလျှက်ပါခင်ဗျ။

ကျေးဇူးတင်စွာဖြင့်
Symphony Gallery Cafe
သံလွင်လမ်း၊ ရေချမ်းအိုးမြောက်ရွာ၊ ပြင်ဦးလွင်။
09402529666

ရွှေရန်ပြေကျောင်း
Artist : TzA
Medium : Gouache on paper
Size : 22”x30”
Price : 650,000 mmk

မင်္ဂလာမနက်ခင်းပါ 💛💛💛Symphony Gallery Cafe လေးကိုမနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိပုံမှန်ပြန်လည်ဖွင့်လှစ်ထားပါပြီ။ရရ...
15/10/2024

မင်္ဂလာမနက်ခင်းပါ 💛💛💛

Symphony Gallery Cafe လေးကို
မနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ
ပုံမှန်ပြန်လည်ဖွင့်လှစ်ထားပါပြီ။

ရရှိနိုင်တဲ့ မီနူးများကတော့
ပန်းချီကားလေးတွေလာကြည့်ရင်း သုံးဆောင်နိုင်တဲ့

ဆင်ဖိုနီနှပ်ကော်ဖီပူပူ
နွားနို့
နို့အေး
ကော်ဖီအေး
Espresso Coffee

ပဲပြုတ်ထမင်းကြော်
ထမင်းဆီစမ်း
လက်ဖက်သုပ်
ပဲကြာဇံသုပ်
ဆေးဘဲဥသုပ်
မာလာဟင်း
မာလာရှမ်းကော
ဆိတ်သားခြောက်မီးကင်

ပေါင်မုန့်နို့စမ်း
ပေါင်မုန့်ကြက်ဥကြော်
အသားညှပ်ပေါင်မုန့်
အာလူးချောင်းကြော်

အစရှိတဲ့ မီနူးလေးများ ရရှိသုံးဆောင်နိုင်ပါတယ်။

အောက်မှာဖေါ်ပြထားတဲ့ ပန်းချီကားလေးတွေကတော့
ဆရာမွန်းဇော်နဲ့ ဆရာအေးစိုးတို့ရဲ့ ပန်းချီကားလေးတွေ ဖြစ်ပါတယ်။

ပန်းချီကားလေးတွေရဲ့ ဆိုဒ်နဲ့ စျေးနှုံးလေးတွေကို
ပုံလေးတွေအောက်မှာ ဖေါ်ပြထားပါတယ်ခင်ဗျာ။

Symphony Gallery Cafe
သံလွင်လမ်း၊ ရေချမ်းအိုးမြောက်ရွာ၊ ပြင်ဦးလွင်။
09402529666

ဆင်ဖိုနီကဖေးလေး အရင်လိုပဲပြန်ဖွင့်ထားပါပြီစဖွင့်ဖွင့်ချင်း လာအားပေးကြတဲ့ ဘော်ဒါတွေလည်းကျေးဇူးအများကြီးတင်ပါတယ် 🤎🤎🤎Sympho...
14/10/2024

ဆင်ဖိုနီကဖေးလေး အရင်လိုပဲပြန်ဖွင့်ထားပါပြီ

စဖွင့်ဖွင့်ချင်း လာအားပေးကြတဲ့ ဘော်ဒါတွေလည်း

ကျေးဇူးအများကြီးတင်ပါတယ် 🤎🤎🤎

Symphony Gallery Cafe
သံလွင်လမ်း၊ ရေချမ်းအိုး၊ ပြင်ဦးလွင်။
09402529666

(14-10-2024) Gallery Cafe လေး ပြန်ဖွင့်ပါပြီခင်ဗျာမိတ်ဟောင်း၊ မိတ်သစ်များအားလုံးကို ဖိတ်ကြားပါတယ်။အသစ် အသစ်တွေ အများကြီး...
13/10/2024

(14-10-2024) Gallery Cafe လေး ပြန်ဖွင့်ပါပြီခင်ဗျာ

မိတ်ဟောင်း၊ မိတ်သစ်များအားလုံးကို ဖိတ်ကြားပါတယ်။

အသစ် အသစ်တွေ အများကြီး မပြောင်းလဲထားဘဲ

အရင်တုန်းက အတိုင်းလေးပဲ Gallery Vibe လေး

အပြည့်ရအောင်ကြိုးစားထားဆဲပဲမို့

အရင်တုန်းက Symphony Gallery Cafe လေးကို

သတိရရင်ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

Symphony Gallery Cafe
သံလွင်လမ်း၊ ရေချမ်းအိုးမြောက်ရွာ၊
ပြင်ဦးလွင်။

09402529666

2024 October 14 ရက် (တနင်္လာနေ့) Symphony Gallery Cafe လေးကိုမနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ...
12/10/2024

2024 October 14 ရက် (တနင်္လာနေ့)

Symphony Gallery Cafe လေးကို

မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ ပုံမှန်အတိုင်း

ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်ခင်ဗျာ 🤎🤎🤎

ကော်ဖီလေးသောက်ရင်း၊ ပန်းချီကားလေးတွေကြည့်ရင်း

အေးဆေးလာ Chill လို့ရပါပြီ။

အရင်လိုပါပဲ စာလေးပဲ ဖတ်ဖတ် ….
ဂစ်တာလေးပဲ တီးတီး …..
နွားနို့ပူပူလေးတစ်ခွက်နဲ့ပဲ အေးဆေးထိုင်ထိုင် ….
ပန်းချီလေးတွေပဲလာရေးမလား …..
စာလေး ကဗျာလေးတွေ ထိုင်ရေးမလား …..

အနုပညာရပ်ဝန်းလေး တစ်ခုအဖြစ်
ကျွန်တော်တို့ ပြန်ဆုံတွေ့ကြပါမယ်ခင်ဗျာ 🥰

အရက်၊ ဘီယာ သောက်တတ်သူများလည်း
အေးဆေးလေးထိုင်သောက်မယ်ဆို ဝယ်လာပြီးသောက်
သုံးနိုင်ပါတယ်။

#ဆူညံအော်ဟစ်ခြင်းမျိုးကိုတော့ခွင့်မပြုပါခင်ဗျာ

အေးချမ်းစွာ နားနေရင်း အနုပညာရသ တစ်ခုခုရမယ့်
ဂစ်တာ သို့မဟုတ် တူရိယာ တစ်ခုခုဖျော်ဖြေတီးခတ်တာ
မျိုးကိုတော့ ဆင်ဖိုနီက ကြိုဆိုပါတယ်။

အားပေးမျှော်လင့်နေကြသူများကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ 😘😘😘

ရရှိနိုင်သော များကတော့

Hot Coffee
Espresso Coffee
Black Coffee
Hot and Cold Milk
Yogurt
Fried Rice
Fried Potato Stick
Tea Leaf Salad
Fried Egg
Sandwich (Chicken)
Fried Bread with egg
မာလာဟင်း၊ မာလာရှမ်းကော

တို့ကိုသုံးဆောင်နိုင်ပါမယ်ခင်ဗျာ။

တစ်ပါတ်ကို တစ်ရက်
#တနင်္ဂနွေနေ့တိုင်းမှာလည်း

#မုန့်ဟင်းခါးနဲ့မန္တလေးမြီးရှည်

တို့ကို Today Specials Menu အဖြစ်နဲ့ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

Symphony Gallery Cafe
သံလွင်လမ်း၊ ရေချမ်းအိုးမြောက်ရွာ၊
ပြင်ဦးလွင်။

09402529666

ဆင်ဖနီ ဂယ်လာရီကဖေးလေးလည်း ပြန်ဖွင့်တော့မှာ မလို့ နေ့စဉ် ပန်းချီကားပို့စ်လေးတွေလည်း အဆက်မပြတ်ပြန်တင်ပေးသွားပါမယ်ခင်ဗျာ။ယန...
10/10/2024

ဆင်ဖနီ ဂယ်လာရီကဖေးလေးလည်း ပြန်ဖွင့်တော့မှာ
မလို့ နေ့စဉ် ပန်းချီကားပို့စ်လေးတွေလည်း အဆက်မပြတ်ပြန်တင်ပေးသွားပါမယ်ခင်ဗျာ။

ယနေ့ည ပထမဆုံးတင်ဆက်ပေးမယ့် ပန်းချီလေးက
Artist : Thit Wint Htan ရဲ့ အသစ်ရေးဆွဲထားတဲ့
Acrylic ကားလေးတစ်ကားပဲဖြစ်ပါတယ်။

ဆရာ့ရဲ့ရေးဟန်တွေအတိုင်းပဲ အရောင်ကာလာ၊
Subject သဘောတရားတွေကို ဆရာသစ်ဝင့်ထန်ရဲ့
ကားများနှစ်သက်သူတချို့ သိကြမှာပါ။

အခုလည်း Gallery လေးမကြာခင်ပြန်လည် ဖွင့်လှစ်မှာ
မလို့ ဆရာသစ်ဝင့်ထန်ရဲ့ လက်ရာထဲက အသစ်ဆွဲထားတဲ့ 24”x30” အရွယ်အစားရှိတဲ့ လက်ရာအသစ်လေးနဲ့
စတင်မိတ်ဆက်ပေးပါရစေ။

Artist : Thit Wint Htan
Medium : Acrylic on Canvas
Size : 24”x30”
Price : 1,500,000 mmk
Available for Collection 🟢🟢

ကျေးဇူးတင်ပါတယ်ခင်ဗျာ

Symphony Gallery Cafe
Pyin Oo Lwin
09402529666.

Address

Than Lwin Street
Maymyo

Telephone

+959402529666

Website

Alerts

Be the first to know and let us send you an email when Symphony art gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Museum

Send a message to Symphony art gallery:

Share

Category