13/12/2021
ကာကာ တို့ရော ဘယ်လို ခံစားချက်တွေနဲ့ သောက်နေကြလဲ ပြောပြသွားပါအုန်း 😅
ဆေးလိပ်သောက်တတ်သူတိုင်းမှာ ဒီဆေးလိပ်ကို စွဲလမ်းသွားစေနိုင်လောက်တဲ့ အကြောင်းတရားတွေရှိခဲ့တယ်...
ဒါကြောင့် "ဆေးလိပ်သောက်ရင် ကျန်းမာရေးထိခိုက်မယ်"လို့ သွားမပြောခင်မှာ ခင်ဗျားသိထားသင့်တာက သူတို့ဟာ ရင်ထဲကတစ်စုံတစ်ရာကြောင့် ကျန်းမာရေးထိခိုက်နှင့်ပြီးသားဖြစ်တယ်ဆိုတာပါပဲ...
အေးစက်စက်လက်ချောင်းတွေရယ်၊ မီးညှိထားတဲ့စီးကရက်တစ်လိပ်ရယ်၊ မသိမသာတုန်ယင်နေတတ်တဲ့နှုတ်ခမ်းတွေရယ် အချိုးညီညီထိခတ်သွားခြင်းဟာ တချို့သောအခြေအနေတွေအတွက် အကောင်းဆုံးထွက်ပေါက်တစ်ခုပဲဖြစ်ကြောင်း ခင်ဗျားနားလည်လိမ့်မယ်မထင်ဘူး...။
မှုတ်ထုတ်လိုက်တဲ့မီးခိုးငွေ့တွေကို အဓိပ္ပါယ်မဲ့လိုက်ငေးရင်းနဲ့ စိတ်သက်သာရာရအောင်ကြိုးစားနေရတဲ့ဘဝတွေအကြောင်း ခင်ဗျားနားလည်လိမ့်မယ်မထင်ဘူး...။
တချို့တွေဆေးလိပ်သောက်တယ်ဆိုတာ ဆေးလိပ်ကအသက်တိုစေကြောင်း မသိလို့မဟုတ်ဘဲ ဒီလောကကြီးထဲကြာကြာနေချင်စိတ်ကိုမရှိလို့ဖြစ်ကြောင်း ခင်ဗျားနားလည်လိမ့်မယ်မထင်ဘူး...။
ဆေးလိပ်သောက်တတ်သူအများစုကတော့ မကောင်းမှန်းသိပေမယ့် သောက်နေကြတာပဲ၊
ပျော်ပျော်ရွှင်ရွှင်ပါပဲ...
သူတို့က များသောအားဖြင့် အထီးကျန်ကြတယ်လေ...
အဲဒါကြောင့်ပါ...။
ဆေးလိပ်သောက်တတ်သူတိုင်းမှာ ဒီဆေးလိပ်ကို စွဲလမ်းသွားစေနိုင်လောက်တဲ့ အကြောင်းတရားတွေရှိခဲ့တယ်...
ဒါကြောင့် "ဆေးလိပ်တွေကြပ်ကြပ်သောက်၊ ကင်ဆာဖြစ်ပြီးသေမယ်"လို့ သွားမပြောခင်မှာ ခင်ဗျားသိထားသင့်တာက သူတို့ဟာ ရင်ထဲမှာ သေဆုံးနှင့်ပြီးဖြစ်တဲ့တစ်စုံတစ်ရာကို ပြန်အသက်သွင်းဖို့ကြိုးစားနေကြတာလည်းဖြစ်နိုင်တယ်ဆိုတာပါပဲ...။
# မိုးနေ့ | အပိုင်းအစများ
Artist _ Win Maung
Medium _ acrylic
Size _ 4" x 4"
Price _ 12000 ks
(စားပွဲတင်ဒေါက်ပါပြီး)
Reference _ google