04/05/2026
Still alive Yangon ပန်းချီပြပွဲကို ကျနော်တို့
"Yati Contemporary gallery "ရတီ ခေတ်ပြိုင်ပန်းချီပြခန်း မှာ 15-5-2026 ကနေ 18-5-2026 ထိ ပြသထားမှာဖြစ်ပါတယ်။
ဒီပြပွဲကို Cat Studio,Izanza art gallery နဲ့ ကျနော်တို့" Yati Contemporary gallery "တို့ကနေ ပူပေါင်းတင်ဆက် ပြသကြခြင်းဖြစ်ပါတယ်။
ခုပြသမယ့် ပြပွဲနဲ့ပါတ်သက်ပြီး ပန်းချီမင်းသူရိန်
အကြောင်းကို ကဗျာဆရာ ၊စာရေးဆရာ ပန်းချီလည်းရေးတဲ့ ဆရာသစ္စာနီ က နေ ဒီလို မှတ်ချက်ပြုထားပါတယ်။
လမ်းလျှောက်ဖော်တစ်ယောက်ရဲ့ပွဲ
သူက လင်းသဏ်ညီအမည်နဲ့ကဗျာရေးသည်။ ပန်းချီရေးတော့မင်းသူရိန်၊ သူ့ပန်းချီကားတွေ အများကြီး ကျွန်တော်ကြည့်ခဲ့သည်။ သူကခံစားမှုအားကောင်းသည်။ တစ်ခါတစ်ရံ ပြင်းလွန်းသည်ဟုပင်ကျွန်တော်ထင်သည်။ ဖန်တီးမှုအားကောင်းသည်။ ဆိုလိုတာက သူရေးသော ပန်းချီအကြောင်း သူကောင်းကောင်းသိသည်။ သူတစ်ကိုယ်တော်ပြပွဲတွေ အခါခါလုပ်ခဲ့သည်။ ဈေးကွက်ကို မငဲ့။ သူခံစားမိရာ၊သူယုံကြည်ရာ၊ သူဖန်တီးချင်တာကို တစိုက်မတ်မတ်ရေးလေ့ရှိသဖြင့် (အမှန်တိုင်းပြောရလျှင် ထင်သလောက် ခရီးမပေါက်ချင်)။ ဒါကပဲ အနုပညာသမား၏ မာကျောဟုဆိုရမည်ပင်။ သူအခု ပွဲတစ်ပွဲ စီစဉ်ပြန်သည်။ သူ့ဘဝ တစ်ခုလုံး ဖြတ်သန်းခဲ့သောရန်ကုန်ကို ရင်ခွဲကြည့်တဲ့ပွဲ။ ထူးခြားတာက ဒီပွဲတွင် ... သူ့ရဲ့လူသိများသော ဘီယာကလပ်၊ ဘတ်စ်ကားစီးသူများ၊ မြင်းရိုင်းများ၊ အောက်ဆိုဒ်ဒါလို ပန်းချီကားတွေအပြင် ကဗျာ စကားပြေအတိုနဲ့ အက်ဆေး တစ်ချို့ပါ ပူးတွဲပြသမည့် အစီအစဉ်ဖြစ်သည်။ သူက " ရန်ကုန်ဟာ ကျွန်တော်တို့လူငယ်တွေရဲ့လမ်းမ" ဟုဆိုသည်။ သေချာတာကတော့ အဲဒီလမ်းမပေါ်မှာ ကျွန်တော်တို့လည်း လျှောက်ခဲ့ကြခြင်းပင်ဖြစ်ပေသည်။
ချစ်ခင်လျက်
၂၀၁၆ မေ ၁
ပြီးတော့ စာရေးဆရာ ပန်းချီဆရာ ကဲဆုသာ ကလည်း ပန်းချီမင်းသူရိန်နဲ့ပါတ်သက်ပြီး မှတ်ချက်ပြုထားပါသးတယ်။
Distorted Souls (Social Life as Artwork)
(1)
Should an artist turn his eyes away from the daily struggles of ordinary people?
Should he live apart from them, untouched by their silent suffering?
Our artist cannot. He seems destined to observe the harsh truths unfolding around him. The wounded reality of his environment never escapes his attention; it clings to his sight like an unavoidable shadow.
(2)
He is one of those people. He belongs to the same world of burden, exhaustion, and unspoken pain. Therefore, he cannot pretend not to see what people endure each day.
There is another reason. The faces of these people pursue him endlessly. Wherever he goes, they follow. When he rests, when he paints, when he takes his meals, and even when he falls into deep sleep, they continue to haunt him. They drift into his mind like restless dream-images, refusing silence, refusing disappearance.
(3)
And so he has no choice but to release them.
They emerge through his hand as distorted figures, as fractured bodies, as colors broken under invisible pressure. What now stands before your eyes is not merely paint upon surface, but the wounded echo of many lives—souls bent by reality, each carrying its own untold story.
ပြပွဲတစ်ခုလုံးဖြစ်မြောက်ဖို့ အစအဆုံး ကမကထ လုပ်စီစဉ်ပေးတဲ့ Cat Studio က ကိုကျော်ဖြိုးပိုင် ကတော့ ပြပွဲ စီစဉ်ဖြစ်ရတဲ့အကြာင်း
"ကျွန်တော်တို့ Cat Studio ရဲ့ ဒုတိယမြောက် ပြပွဲကို ဟိုးအရင်ကတည်းက ရည်ရွယ်ထားတဲ့အတိုင်း ကိုမင်းသူရိန် (ကိုညီ) နဲ့ ပြသဖို့ ဖြစ်လာခဲ့ပါပြီ။
ကိုသူရိန်နဲ့ "အဇ္ဇန" ပန်းချီပြခန်းမှာ စတင်တွေ့ဆုံကတည်းက သူ့ဆီက အကြည်ဓာတ်တစ်မျိုးကို စတင်ခံစားမိခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ သက်တူရွယ်တူတွေ ဖြစ်ကြသလို ပုံစံချင်းတော့ မတူညီပေမဲ့ ခေတ်တစ်ခုတည်းကို အတူဖြတ်သန်းခဲ့ကြသူတွေ ဖြစ်တာကြောင့် သူပေးချင်တဲ့ အနုပညာရသကို ပိုပြီး ခံစားမိတာလည်း ပါပါတယ်။
ပန်းချီအနုပညာလက်ရာတစ်ခုကို နည်းစနစ်ပိုင်းနဲ့ ချဉ်းကပ်ဖို့ ဝမ်းစာနည်းလွန်းလှတဲ့ ကျွန်တော်ဟာ စကားလုံးတွေ၊ အထိအတွေ့တွေကတစ်ဆင့်ပဲ ကိုသူရိန်ရဲ့ လက်ရာတွေကို ချဉ်းကပ်ကြည့်မိပါတယ်။
ကိုသူရိန်ဟာ ခေတ်၊ စနစ်နဲ့ လောကဓံရဲ့ ဒဏ်တွေကို ဖယ်ရှားရုန်းကန်ရင်း သူ့ရဲ့ မူလအမြုတေကို ကြိုးစားကာကွယ် တည်ဆောက်နေသူလို့ မြင်မိပါတယ်။
တစ်ခါတစ်ရံမှာတော့ လွင့်မျောသွားရင်းနဲ့ပေါ့။ သူ့ရဲ့ အလွင့်အမျောတွေကို ရန်ကုန်ရဲ့ လမ်းများ၊ ဘုံဆိုင်များ၊ စည်းအပြင်က လူများနဲ့ ကျီးကန်းများကနေတစ်ဆင့် ခံစားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒါကြောင့်လည်း ဒီပွဲလေးကို စီစဉ်ဖြစ်ခဲ့ရခြင်း ဖြစ်ပါတယ်။"
ကျော်ဖြိုးပိုင်
Cat Studio
ခုလို ပြောထားပြန်ပါတယ်။
ပန်းချီဆရာရဲ့လက်ရာကိုတာ့ ပြပွရက်အတွင်း ကျနော်တို့ပြခန်းမှာ လာရောက်ကြည့်ရှုခံစားနိုင်ပါတယ်ခင်ဗျာ။ ပြပွဲအတွင်းထူးခြားအစီအစဉ်ရှိရင်လည်း ထပ်ပြီး အသိပေးတင်ဆက်အကြောင်းကြားပေးသွားပါ့မယ်။