05/05/2024
💥💥💥ယခုတပတ် Artist Gallery Cafè ပန်းချီပြခန်းမှာ အွန်လိုင်းအရောင်းပန်းချီကား တင်ဆက်ပေးလိုက်ပါတယ်ရှင် 💥💥💥
Artist နာမည်က Kyaw Min Htoo ပါ
သူဟာ မွေးရာပါ စကားမပြောတတ်တဲ့သူဖြစ်ပါတယ်
ဒါပေမယ့် ပန်းချီမှာ အလွန်ကို အစွမ်းအစ ထက်မြက်သူတစ်ယောက်ဖြစ်တယ်ဆိုတာကို
သူ့ရဲ့ artwork တွေကို မြင်လိုက်ရချိန်မှာ
သူ့ရဲ့ အနုပညာယုံကြည်နက်ရှိုင်းစိတ်ကို ကျမ မလေးစားပဲ မနေနိုင်တော့ပါဘူး
သူ့ကို စကားပြောချင်တဲ့အခါ စာရေးပြီး ပြောပြရတယ်
သူကလဲ စာရေးပြီး ပြန်ပြောတယ်
စကားပြောတဲ့အခါ ကျမတို့စကားသံကို သူ အများကြီးလိတ်ပတ်လည်အောင် နားမလည်ပါဘူး
အမူအရာတွေ ဟန်ပန်တွေနဲ့ပဲ သူနားလည်အောင် ပြောပြရပါတယ်
ဒါပေမယ့်လည်း ပန်းချီဆိုတာကို ခံစားဖို့က စကားတွေအများကြီး မလိုဘူးမဟုတ်လား
ရုပ်ပုံတစ်ခုကို မြင်လိုက်တာနဲ့ သူဘာတွေပြောပြနေတယ်ဆိုတာကို မြင်တွေ့ခံစားနိုင်တယ်လေ
အသံတိတ်အနုပညာရှင်ရဲ့ အရောင်တွေကနေ သူပြောပြချင်တဲ့ အသံတွေကို ကျမတို့ ခံစားကြည့်ကြဖို့
သူ့ရဲ့ ဖန်တီးထားတဲ့ အနုပညာတွေကို
လာမယ့်အပတ်မှာ Artist Gallery Cafè ပန်းချီပြခန်းမှ တင်ဆက်ပေးလိုက်ပါတယ်
ပန်းချီကားတွေကို ပြခန်းမှာလဲ လာရောက်ကြည့်ရှုလို့ရပါတယ်ရှင်
ဖုန်းလေးတော့ ကြိုဆက်ပေးဖို့ လိုပါတယ်နော်
🥰🥰အများကြီး နွေးထွေးစွာ ကြိုဆိုအားပေးကြဖို့ မျှော်လင့်ပါတယ် 🥰🥰
မသန်ပေမယ့် စွမ်းသော အနုပညာရှင် တစ်ဦးရဲ့ အနုပညာတွေကို
Artist Gallery Cafè ပန်းချီပြခန်းမှာ လာရောက်ခံစားကြည့်လှည့်ပါနော် 🥰🥰
10:00 AM to 5:00 PM
💒💒💒Artist Gallery Cafe'💒💒💒
No.99, Ground floor, Lamai Condo
Myay Nu Street, Sanchaung Tsp, Yangon
📞📞09778388841, 09795692033📞📞
➡️➡️➡️➡️ပြခန်းကိုရှာရလွယ်စေရန်
Google map link လေး
ထည့်ပေးထားပါတယ်ရှင်
https://maps.app.goo.gl/zvnnRF2SMMrbXrFb6