19/06/2026
⛴️The Secretariat Yangon (managed by the private group The Secretariat Conservation Group) ရဲ့ အဝန်းအဝိုင်းအတွင်းမှာ ပထမဦးဆုံးတည်ဆောက်ခဲ့တဲ့ အဆောင်ကတော့ မဟာဗန္ဓုလလမ်းဘက်ခြမ်းက တောင်ဘက်ခြမ်းအဆောင် (South Wing) ဖြစ်ပါတယ်။
ဒီ တောင်ဘက်ခြမ်းအဆောင် ( South Wing ) ကို ၁၈၈၉ ခုနှစ် မှ ၁၈၉၃ ခုနှစ်အထိ တည်ဆောက်ချိန် (၄) နှစ်ကြာမြင့်ခဲ့ပြီး စတင်တည်ဆောက်တဲ့အချိန်ဟာ မိုးသည်းထန်စွာ ရွာသွန်းပြီး စိုထိုင်းသောမြေသား ပေါ်မှာ တည်ဆောက်ခဲ့ရတဲ့အတွက် ကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ရပါတယ်။
ဝိတိုရိယဗိသုကာလက်ရာတွေ အများဆုံးပါဝင်တဲ့ အဆောင်ဖြစ်တာကြောင့် ဝန်အားခံနိုင်ဖို့ နှင့် အောက်ရှိ မြေဆီလွှာ တည်ငြိမ်စေရန်အတွက် ပျဉ်းကတိုး သစ်လုံးကြီးများကို မြေကြီးအောက်သို့ ထည့်သွင်း တည်ဆောက်ပေးခဲ့ရပါတယ်။ ဒီလို တည်ဆောက်ပြီးစီးသွားတဲ့ အချိန်ကလည်း မိုးရာသီ ဖြစ်နေပြန်တဲ့အတွက် ရေစီးရေလာစနစ်တွေကို စနစ်ကျအောင် မပြုလုပ်နိုင်ခဲ့သေးတဲ့အတွက်ကြောင့် တောင်ဘက်ခြမ်းအဆောင် ( South Wing ) ဘက်ခြမ်းမှာ ဗွက်အိုင်ကြီးများ ဖြစ်ပေါ်နေခဲ့ပြီး အဆောက်အဦးကြီးရဲ့ နေရာတချို့မှာ အနည်းငယ် မညီမညာဖြစ်ခဲ့ရပါတယ် ခင်ဗျာ။
သမိုင်းကြောင်းများစွာဖြင့် တည်ရှိနေသည့် အဆောက်အဦးကြီးများ၏ ဖြတ်သန်းခဲ့ရသည့် အစဉ်အလာများ၊ တည်ရှိခဲ့ပုံ တို့ကို The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) အဆောက်အဦးကြီများကို လာရောက်လေ့လာသူများအနေဖြင့် စုံလင်စွာ တိတိကျကျ သိရှိလေ့လာချင်သူများအတွက် The Secretariat Yangon (by the private organization management named The Secretariat Conservation Group) ၏ Asia Tours Myanmar မှ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လိုက်လံ ရှင်းပြပေးနေပါပြီခင်ဗျာ….
📍 Secretariat Yangon
>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬