Artist  Mok Gyi ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Artist Mok Gyi, Art Gallery, Bangkok.

ကျွန်တော့်ရဲ့ဒီ WC/190x270mm ကားလေးကိုIG ကနေတွေ့ပြီး USD $100 နဲ့ California ကနေဝယ်ယူစုဆောင်းသွားပါတယ်🫶🏻 #နည်းတာများတာထက...
13/05/2025

ကျွန်တော့်ရဲ့ဒီ WC/190x270mm ကားလေးကို
IG ကနေတွေ့ပြီး USD $100 နဲ့
California ကနေဝယ်ယူစုဆောင်းသွားပါတယ်🫶🏻

#နည်းတာများတာထက်အတိုင်းမသိဝမ်းသာမိ🥰

ဒီနေ့ရဲ့ artwork ☄️Medium-W/C
13/05/2025

ဒီနေ့ရဲ့ artwork ☄️

Medium-W/C

27/04/2025

Colorful ဆွဲဖြစ်တာလေး 🔥

Village scene တွေဆွဲရတာပျော်စရာကြီး😁Medium-Watercolor Size -11”x15”Artists-mok Gyi
26/01/2025

Village scene တွေဆွဲရတာပျော်စရာကြီး😁
Medium-Watercolor
Size -11”x15”
Artists-mok Gyi

ကျွန်တော် တစ်နေ့က အပြင်ကိုလမ်းလျှောက်ထွက်တော့ တိုက်အောက်မှာပဲ မျက်နှာချင်းဆိုင်တိုက်က ဝါရင့်ပန်းချီဆရာကြီးတစ်ယောက်က outd...
23/01/2025

ကျွန်တော် တစ်နေ့က အပြင်ကိုလမ်းလျှောက်ထွက်တော့
တိုက်အောက်မှာပဲ မျက်နှာချင်းဆိုင်တိုက်က
ဝါရင့်ပန်းချီဆရာကြီးတစ်ယောက်က outdoor ထွက်ရေးနေတယ်၊
ဝါရင့်လို့ဆိုရတာကလဲ သူပန်းချီဆွဲတာကျွန်တော့်တစ်သက်ပါပဲ။

စကားထပ်ပြီးဆက်ရမယ်ဆို ဆရာကြီးပန်းချီဆွဲနေတာကို
ကျွန်တော်အနားသွားပြီး ကြည့်လိုက်တော့
သူရေးနေတဲ့ကားက ရှုခင်း landscape ပန်းချီကားပါ၊
ကျွန်တော်လဲ landscape ဆွဲတဲ့သူဆိုတော့
စိတ်ဝင်စားလို့ ကြည့်နေရင်း သူကပန်းချီရေးလားမေးတော့
ကျွန်တော်ကလဲရေးပါတယ်ပေါ့
ဘယ်မှာနေလဲဆို ဒီမျက်နှာချင်းဆိုင်တိုက်မှာနေပါတယ်ပေါ့။

ပွဲတွေပြဖြစ်လား ရေးတာကြာပြီလားထပ်မေးတော့၊
အဲ့တာတွေကအခုလက်ရှိမှာအချိန်မရလို့မလုပ်ဖြစ်ပေမယ့်
ကျွန်တော်အခုလောလောဆယ် Myanmar Audience တွက်
FB page နဲ့ Yt channel တစ်ခုစီမှာ run နေပါတယ်ပြောတော့
မင်းအခုလုပ်နေတာ ခရီးအရမ်းမရောက်ခင်၊
အဲ့ကနေ international wayကိုပြောင်းလိုက်တော့တဲ့
သူကလဲ internet ခေတ်ကိုကောင်း”သိနေပုံပါပဲ။

ကျွန်တော့်မှာကလဲ international channel ကတစ်ခုရှိထားတော့ Myanmar Audience နဲ့ IT audience ကြားက
ကွာခြားမှုကို ပြောစရာမလိုအောင်သိနေပြီးသားပါ ၊
ဆရာကြီးကိုဘာလို့လဲမေးလိုက်တော့
မင်းတို့ artist တွေရဲ့ artwork တွေကို
နေ့စဉ် xင်ပေါ် ရင်ပေါ် ဟိုအချစ်ရေး ဒီအချစ်ရေးတွေလောက်
ဘယ်စိတ်ဝင်စားမလဲလို့ရယ်ပြီးပြန်ဖြေပါတယ်။

ကျွန်တော်ကိုယ်တိုင်လဲ Creation မပါရင်
ဘာမှ ချပြချင်တဲ့သူမဟုတ်တာရယ်၊
သူများCreate လုပ်ထားတဲ့ အရာတွေကို
Copy ပြန်မလုပ်ချင်တာရယ်၊ဝါသနာကလဲ ပန်းချီပဲဆွဲချင်တာဆိုတော့
မလုပ်ခင်ကျွန်တော် စစချင်း Myanmar Audience ကို
Artist အနေနဲ့ knowledge ပေးလို့အဆင်ပြေမပြေ
အရင်းဆုံးစဉ်းစားပြီးမှ ဒီidea ကိုထုတ်ခဲ့တာပါ၊
နောက်ပြီး international channel တစ်ခုကိုလဲ
ဒီ Myanmar Audience ကိုမရည်ရွယ်ခင်လုပ်ထားပြီးသား။

ဆရာကြီးပြောတဲ့စကားကိုလဲသေချာ တွေးဖြစ်ပါတယ်၊
တော်တော်လေးလဲ စိတ်မကောင်းဖြစ်ရပါတယ်
ကျွန်တော်တို့လူမျိုးစုကြီးရဲ့ အားလပ်ချိန်တွေဟာ
ဖုန်းတစ်လုံးထက် တစ်ခြားကိုယ်ဝါသနာပါတဲ့အရာတွေပေါ်
အချိန်ကုန်ဆုံးစေချင်မိတာတော့ ကျွန်တော့်စိတ်ထဲကပါ။

ဘာပဲဖြစ်ဖြစ် ဒီလိုလူတွေအများကြီးထဲမှာမှ
ကျွန်တော်တို့ artwork တွေကိုစိတ်ဝင်စားတဲ့သူ
တစ်ယောက်ပဲရှိရှိ နှစ်ယောက်ပဲရှိရှိ ကျွန်တော်ကတော့
ရှိတဲ့လူတစ်ယောက် နှစ်ယောက်ကိုပဲ ဦးတည်ပြီး
လောဘမကြီးပဲ ဒီ Artist အလုပ်လေးနဲ့
freelancer တစ်ယောက်ဖြစ်ဖို့ မျှော်လင့်နေတုန်းပါပဲ….😇

#စာအရေးအသားထဲမှားတာရှိရင်ဝန္တာမိပါဗျ 🙏

21/01/2025

အတိုအထွာလေးတွေဆို ကြည့်ဖြစ်မှာပါ 😁
#ပန်းချီ

Basic Color Theory 🔥အခြေခံအရောင်များ 🔥-မူလအရောင်( Primary Color) 🫶🏻အရောင်လို့စပြောတာနဲ့မူလအရောင် (Primary Color)လို့ခေါ်...
19/01/2025

Basic Color Theory 🔥
အခြေခံအရောင်များ 🔥

-မူလအရောင်( Primary Color) 🫶🏻

အရောင်လို့စပြောတာနဲ့မူလအရောင် (Primary Color)လို့ခေါ်တဲ့
အနီ အဝါ အပြာ အဖြူ အမဲ ဆိုတဲ့မူလအရောင် ၅ရောင်ကို သိထားရပါမယ်။
(အနီ အဝါ အပြာ ၃ရောင်ကိုပဲ မူလအရောင်လို့ ခေါ်လို့ရပါတယ်)

-ဒုတိယအရောင်(Secondary Color)🫶🏻

အနီ အဝါ အပြာ မူလအရောင် ၃ရောင်ကို ပေါင်းစပ်ခြင်းဖြင့်
ဒုတိယအရောင် (Secondary Color) ၃ ရောင်ကိုထပ်ရပါတယ်၊
အဲ့ဒါတွေကတော့ အနီနဲ့အဝါကို ပေါင်းစပ်ရင် လိမ္မော် ရပါမယ်၊
အနီနဲ့ အပြာကို ပေါင်းစပ်ရင် ခရမ်းရောင်ရပါမယ်၊
အဝါနဲ့အပြာကို ပေါင်းစပ်ရင် အစိမ်းရောင်ဆိုပြီး
လိမ္မော်ရောင် ခရမ်းရောင် အစိမ်းရောင် လို့ခေါ်တဲ့
ဒုတိယအရောင် (secondary color ) ၃ ရောင်ကိုရရှိမှာပါ။

-တတိယအရောင်(Tertiary Color)🫶🏻

ဒုတိယအရောင် (secondary color) တို့ကိုပေါင်းခြင်းဖြင့်
တတိယအရောင်(Tertiary Color) ၆ ရောင်ကိုထပ်ရပါတယ်၊
ဒီ၆ရောင်ကတော့ နီလိမ္မော် နီခရမ်း ဝါလိမ္မော် ဝါစိမ်း ပြာစိမ်း ပြာခရမ်း ဆိုပြီး တတိယအရောင် ၆ ရောင်ထပ်ရပါမယ်။
🔥ဒါကြောင့် Color Wheel မှာအရောင် ၁၂ ရောင်ပါဝင်တာပဲဖြစ်ပါတယ် 🔥

ထပ်ပြီးခွဲခြားပြရင်အရောင်တစ်ရောင်တိုင်းမှာ အရည်အသွေး (၃) မျိုးရှိပါတယ်။

(1)Warm Color (အနွေးရောင်) /Cool Color (အအေးရောင်)

အရောင်တစ်ရောင်မှာ လက္ခဏာတွေကိုသိဖို့ အရောင်တွေကို
အမည်အနေဖြင့်အနွေးရောင် နဲ့ အပူရောင်ဆိုပြီးသတ်မှတ်ထားပါတယ်
အရောင်စက်ဝိုင်းက အရောင်၁၂ရောင်ကို အနွေးရောင်နဲ့ အအေးရောင်ဆိုပြီး ခွဲခြားနိုင်ပါသေးတယ်၊
အဝါ၊ဝါလိမ္မော်၊အနီ၊နီခရမ်း၊လိမ္မော်၊နီလိမ္မော် တို့ဟာ အနွေးရောင် ၆ရောင်ပဲဖြစ်ပါတယ်၊
(အဝါ၊အနီ၊လိမ္မော် ၃မျိုးကိုအဓိကအနွေးရောင်လို့သိထားရင်ရပါတယ်)
အစိမ်း၊ပြာစိမ်း၊အပြာ၊ပြာခရမ်း၊ခရမ်း၊နီခရမ်း တို့ဟာ အအေးရောင် ၆ရောင်ပဲဖြစ်ပါတယ်၊
(အစိမ်း၊အပြာ၊ခရမ်း ၃မျိုးကိုအဓိကအအေးရောင်လို့သိထားရင်ရပါတယ်)

(2)Value or Tone (အလင်းအမှောင် ဒါမှမဟုတ် အနုအရင့်)

အရောင်တစ်ရောင်မှာ အနုအရင့် ဆိုတဲ့ အလင်းအမှောင်အရည်အ​သွေးတွေရှိကြပါတယ်
ဥပမာ-"အနီရင့်" လို့ပြောရင် အနီ ဟာအရောင်ရဲ့နာမည်ဖြစ်ပြီး
ရင့် ဟာ အရောင်ရဲ့အနုအရင့်ကို ပြောခြင်းဖြစ်ပါတယ်၊
နောက်တစ်ခုအနေနဲ့ အဝါရောင်ရဲ့ ပြင်းအားအများဆုံး အခြေအနေမှာရှိတဲ့
အနုအရင့်အဆင့်ကို အဝါရောင်ရဲ့မူလရှိပြီးသားအနုအရင့်အဆင့်လို့ခေါ်ပါတယ်။
တစ်ရောင်နဲ့တစ်ရောင်ဟာ မူလရှိပြီးသားအနုအရင့်အဆင့်တွေဟာ မတူညီကြပါဘူး။
နောက်ဥပမာအနေနဲ့ အဝါရောင်စစ်စစ်သည် နုသောအရောင်ဖြစ်ပြီး၊
အပြာရောင်စစ်စစ်သည် ရင့်သောအရောင် ဖြစ်ပါတယ်။

(3)Intensity (ပြင်းအား)

အရောင်တစ်ရောင်မှာ ပြင်အား လို့ခေါ်တဲ့ အရည်အသွေးပါပါတယ်၊
အရောင်တစ်ရောင်ရဲ့ သန့်စင်မှု(အရောင်စစ်စစ်)ပေါ်မူတည်ပြီး
ပြင်းအား အနည်းအများ ဟူ၍ ဖြစ်ပေါ်နိုင်ပါတယ်၊
အရောင်မှိုင်းများသည် သန့်စင်မှု(အရောင်စစ်စစ်)နည်းတဲ့
ပြင်းအားနည်းအရောင်များဖြစ်ပါတယ်၊အပြာမှိုင်း အဝါမှိုင်းတို့နဲ့ဖော်ပြထားပါတယ်။
ဥပမာ-အဝါရောင်ကို သူ့ရဲ့ဆန့်ကျင့်ဘက်အရောင် ဖြစ်တဲ့
ခရမ်းရောင်နည်းနည်း ပေါင်းလိုက်မယ်ဆိုရင်
အဝါရောင်ရဲ့ပြင်အားတော်တော်များများ လျော့သွားမှာပဲဖြစ်ပါတယ်
နောက်ဆုံးမှာ အဝါရောင်လဲမဟုတ် ခရမ်းရောင်လဲ မဟုတ်တဲ့
ကြားအရောင် ကိုကျော်ပြီး ခရမ်းရောင်အမှိုင်းကိုရရှိပါတယ်ခင်ဗျာ။

တစ်ပုံချင်းစီအောက်မှာလဲ စာလေးတွေနဲ့သေချာရှင်းပြပေးထားပါတယ်ဗျ 😁

အစအဆုံးဖတ်ပြီးတဲ့သူတိုင်း စီမှာ အရောင်ရဲ့သဘောတရား
အများကြီး နားလည်သွားမယ်လို့ထင်ပါတယ်ခင်ဗျာ ။🫶🏻❤️

ကျွန်တော်ရဲ့ YouTube channel လေးမှာလဲ
အခုအရောင်ရဲ့အကြောင်းနဲ့
ရေဆေးပန်းချီနဲ့ပတ်သတ်တဲ့အကြောင်းအရာအတွေ
ပန်းချီဆွဲပုံဆွဲနည်းလေးတွေကိုလဲ တင်ပေးသွားမှာဖြစ်လို့
Subscribe မလုပ်ရသေးရင် လုပ်ပေးထားကြပါအုံးခင်ဗျာ🤟🏽🔥
ကျွန်တော့်ရဲ့ YouTube Channel လေးပါ
https://www.youtube.com/%E1%80%99%E1%80%AF%E1%80%90%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8

#မုတ်ကြီး

#ပန်းချီ

Watercolor painting artwork 🫶🏻Medium-Watercolor Size- 7.5”x10.5”Paper-cold press (300 gsm)Original ပုံလေးကိုမန့်မှာကြည့်...
19/01/2025

Watercolor painting artwork 🫶🏻

Medium-Watercolor
Size- 7.5”x10.5”
Paper-cold press (300 gsm)
Original ပုံလေးကိုမန့်မှာကြည့်ပေးပါနော် 🔥
#မုတ်ကြီး

17/01/2025

ဘတ် 700 နဲ့ တန်ခဲ့တဲ့ Unboxing လေးပါ❤️🔥

မြန်မာနိုင်ငံက budget creators အတွက်အသုံးဝင်မယ့် ပစ္စည်းလေးတစ်ခုနဲ့ တစ်ခြားဟာလေးတွေunboxing video လေးလုပ်ပြီး ဒီညတင်ပေးပ...
17/01/2025

မြန်မာနိုင်ငံက budget creators အတွက်
အသုံးဝင်မယ့် ပစ္စည်းလေးတစ်ခုနဲ့ တစ်ခြားဟာလေးတွေ
unboxing video လေးလုပ်ပြီး ဒီညတင်ပေးပါ့မယ်🔥🤟🏽

စုတ်တံလေးတွေရေစွတ် 😁😁Medium-Watercolor Size-10.5”x7.5”Paper-cold press(300 gsm) #မုတ်ကြီး
16/01/2025

စုတ်တံလေးတွေရေစွတ် 😁😁

Medium-Watercolor
Size-10.5”x7.5”
Paper-cold press(300 gsm)

#မုတ်ကြီး

ที่อยู่

Bangkok
1235800

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Artist Mok Gyiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท